News

News

Monday
May, 6

SSA တည်ထောင်ခြင်း နှစ် (၆၀) ပြည့် အခမ်းအနားကို SSPP/SSA ဌာနချုပ်၌ ကျင်းပပြုလုပ်

ရှမ်းပြည်တပ်မတော် (SSA) တည်ထောင်ခဲ့ခြင်း နှစ် (၆၀) ပြည့်အခမ်းအနားကို ယနေ့ ဧပြီလ ၂၄ ရက်နေ့ တွင် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဗဟို ဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့သည်။အခမ်းအနားကို ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ ဉက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပန်ဖ ဦးဆောင်သည့် ဗဟိုကော်မတီဝင်များ ၊ တပ်ဘက် ၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာဌာနများ ၊ အထူး မဟာမိတ် ဖြစ် သည့် ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) မှ ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် အပါအဝင် ဒေသခံ ပြည်သူ စုစုပေါင်း (၄၅၀၀) ခန့် တက်ရောက်ခဲ့ကြသည်။အခမ်းအနား မစတင်မှီ ရှမ်းပြည်တပ်မတော် (SSA) ကို စတင်ထူထောင်ခဲ့သည့် စဝ်နန်းဟိန်းခမ်း၏ ပုံတူရုပ်ထု ဖွင့်ပွဲကို ကျင်းပခဲ့သည်။

ယင်းနောက် (SSPP/SSA) ၏ နာယက ဗိုလ်ချုပ်ကြီး စေထင်မှ အ ခမ်းအနား အဖွင့်အမှာစကားကို ပြောကြားခဲ့ပြီး ရှမ်းပြည်တပ်မတော် (SSA) ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း နှင့် ပါတ်သက်၍ ဗိုလ်မှူး စိုင်းဖုန်းဟန်က ရှင်းလင်း ပြောကြားခဲ့သည်။ဗိုလ်ချုပ်ကြီး ဆေထင်မှ အဖွင့်အမှာစကားကောက် နုတ်ချက်အရ “ စစ်ကောင်စီတပ်က ပင်လုံကတိကဝတ်ကို ပျက်ကွက်ခဲ့တဲ့အတွက်ကြောင့် ရှမ်းပြည်တော်လှန်ရေး နှင့် ရှမ်းပြည်တပ်မတော်ပေါ်ပေါက်လာတာဖြစ် ပါ တယ်။

ရှမ်းပြည်တပ်မတော်ဆိုတာ ရှမ်းလူထုတစ်မျိုးတည်းအတွက်သာမဟုတ်ပဲ ရှမ်းပြည်တွင်းအတူ နေ ထိုင်လျက်ရှိသော တိုင်းရင်းသားလူမျိုးများအားလုံးကို အ ကာအကွယ်ပေးဖို့တာဝန်ရှိတယ်” လို့ဆိုသည်။အဆိုပါ အခမ်းအနားတွင် (SSPP/SSA) ဉက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပန်ဖအား ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) မှ ဂုဏ်ထူးဆောင်ရွှေတံဆိပ် ချီးမြှင့်ခဲ့ပြီး ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ၏ ကိုယ်စား ဒုစစ်ဦးစီးချုပ် ဒေါက် တာညိုထွန်းအောင်က ပေးအပ်ခဲ့ပြီးနောက် (SSPP/SSA) ဉက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပန်ဖမှလဲ ဒုစစ် ဦးစီး ချုပ် ဒေါက် တာညိုထွန်းအောင်ကို ဂုဏ်ပြုမှတ်တမ်းလွာ ပြန်လည်ချီးမြှင့်ခဲ့သည်။

ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ဒေါက်တာညိုထွန်းအောင်မှ (SSPP/SSA) ဉက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပန်ဖကို ဂုဏ် ထူးဆောင်ရွှေတံဆိပ် ချီးမြှင့်ပြီးနောက်ပြောကြားခဲ့သည် မှာ – “ဗိုလ်ချုပ်ကြီးပန်ဖကို ချီးမြှင့်ပေးအပ်ခဲ့တဲ့ ဂုဏ်ထူး ဆောင်ရွှေတံဆိပ်ဟာ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) မှ ငါးဦးအတွက်သာပြုလုပ်ထားပြီး အ ကြောင်းအမျိုးမျိုးကြောင့် ယခုလို နောက်ကျပြီးပေးအပ်ရပေမယ့် ဘာပဲဖြစ်ဖြစ် အစစအရာရာ ကူညီပံ့ပိုးခဲ့ သော ဗိုလ် ချုပ်ကြီးပန်ဖကိုအထူးကျေးဇူး တင်ရှိပါတယ်။

အစက လူကြီးမင်းတို့ ပြောကြားခဲ့တဲ့ စကားထဲက ရှမ်း တပ်မ တော်ဟာ ရှမ်းပြည်သူလူထုတစ်မျိုးတည်းကာကွယ်ဖို့အတွက်မဟုတ်ပဲ ရှမ်းပြည်တွင်းနေထိုင် သည့် တိုင်းရင်း သားများအားလုံးကို အကာအကွယ်ပေးဖို့တာဝန်ရှိတယ်ဆိုတဲ့အတိုင်း ကျွန်တော်တို့ ရခိုင် မှာလဲ ထိုနည်းတူ ရခိုင် ပြည်နယ်အတွင်းနေထိုင်သည့် တိုင်းရင်းသားလူမျိုးများကိုအကာအကွယ်ပေးဖို့ တာ ဝန်ရှိပါတယ်” လို့ဆိုသည်။ ရှမ်းပြည်တပ်မတော် နှစ်(၆၀)ပြည့်အထိန်းအမှတ် အ ဖြစ် စစ်ရေးပြသည့် အခန်းအနားများလည်း ပြုလုပ်ခဲ့ ပါသည်။

ရှမ်းပြည်တပ်မတော် နှစ်(၆၀) ပြည့်အခမ်းအနားကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၊ ပ အိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA တို့မှ ဂုဏ်ပြုသဝဏ်လွှာများ ဖတ်ကြားပေးခဲ့ပါ သည်။

ညောင်ရွှေ စော်ဘွား စဝ်ရွှေသိုက်၏ မဟာဒေဝီ ဖြစ်သူ စဝ်နန်းဟိန်းခမ်းသည် ရှမ်းပြည်တွင် ပြန့်ကျဲနေသော ရှမ်းပြည်လွတ်မြောက်ရေး တပ်ဖွဲ့ (SSIA) ၊ ရှမ်းအမျိုးသား စည်းလုံးညီညွတ်ရေး တပ်ဖွဲ့ (SNUF) ၊ စဝ်လတ် (ၸဝ်ႈလႅတ်ႇ) ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့များကို ဖျက်သိမ်း စု စည်းခဲ့ပြီး ၁၉၆၄ ခုနှစ် ၊ ဧပြီလ ၊ ၂၄ ရက်၌ ရှမ်းပြည်တပ်မတော် (SSA) ကို စတင် ထူထောင်ခဲ့သည်။

#shanstateprogressparty

#shanstatearmy

#SSPPInfo

#ရှမ်းပြည်တပ်မတော်နေ့

#SSA

Find us on

Latest articles

- Advertisement - spot_img

Related articles

နိုင်ငံရေး နည်းလမ်းနဲ့ အဖြေရှာမရရင် စစ်ရေးနည်းလမ်းဖြင့် အဖြေရှာရလိမ့်မည်ဟု SSPP/SSA ဒုဗိုလ်ချုပ်ကြီးဆို

စစ်မှန်သော ပြည်ထောင်စု ဒီမိုကရေစီ ရရှိရန် နိုင်ငံရေး စားပွဲဝိုင်းတွင် အဖြေရှာသည့် နည်းလမ်း မရှိတော့ ခြင်းကြောင့် တိုက်ပွဲ ဖြစ်ရတော့မည် ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA မှ...

SSPP/SSA အုပ်ချုပ်ရေးခရိုင်အမှတ်(၉) ရွှေလီဒေသ ကွပ်ကဲရေး ဌာန တပ်မ(၉၈၉) မှ သတိပေးကြေညာ ချက်။

ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA မှ မူဆယ်မြို့နယ်အတွင်း ပြန်ပေးဆွဲခြင်း ၊ လူသတ်လုယှက်မူ ၊ ခိုးဆိုးလုနိုက်ဓါးပြတိုက်မူ စသည့်မကောင်းမူဒုစရိုက်လုပ်ငန်း လုပ်ကိုင်နေသူများမရှိစေရန် အုပ် ချုပ်ရေးနယ်မြေ ခရိုင်အမှတ်(၉) နှင့် ရွှေလီဒေသကွပ်ကဲရေး...

掸邦进步党(SSPP / SSA)通告文件

SSPPInfo 30/04/2024 #shanstateprogressparty #shanstatearmy #SSPPInfo #SSPP #SSA

SSPP/SSA ၸတ်းႁဵတ်း ပၢင်ၵႅဝ်ႈၵိုတ်းလိုဝ်ႈ ပၢင်သွၼ် ၽိူမ်ႉထႅမ်ၼမ်ႉၵတ်ႉၽူႈမီးၸၼ်ႉဢွၼ်ႇ NCOC ၸုပ်ႈထီႉ(1)

ငဝ်ႈငုၼ်း ပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး တပ်ႉသိုၵ်းၸိုင်ႈတႆး SSPP/SSA ၸတ်းႁဵတ်း ပၢင်ၵႅဝ်ႈ ၵိုတ်းလိုဝ်ႈ ပၢင် သွၼ် ၽိူမ်ႉထႅမ်ၼမ်ႉၵတ်ႉၽူႈမီးၸၼ်ႉဢွၼ်ႇ (Non-Commissioned Officer Course) NCOC ၸုပ်ႈထီႉ(1) ဢွင်ႈတီႈ...

SSPP/SSA ပိုၼ်ၽၢဝ်ႇ ပၼ်ၾၢင်ႉထိုင် ၽူႈၵေႃႇၵၢၼ်ႁၢႆႉ ၼႂ်းၸေႈဝဵင်းမူႇၸေႈ

ယူႇတီႈ ၼႃႈလိၼ်သိုၵ်း တပ်ႉငဝ်ႈသိုၵ်း (989) ၼႃႈတီႈဢုပ်ႉပိူင်ႇ ၸေႈတွၼ်ႈမၢႆ(9) သေ မီးၶေႃႈပိုၼ်ၽၢဝ်ႇ ပၼ်ၾၢင်ႉထိုင် ၵူၼ်းၸိူဝ်းဢၼ် ယူႇသဝ်းဝႆႉတီႈဝဵင်းမူႇၸေႈ လႄႈ ႁဵတ်းၵိၼ်ၵူၼ်းႁၢႆႉ ၊ ၵူၼ်းလၵ်ႉ ၊...

ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ဒုစစ်ဦးစီးချုပ် နှင့် SSPP/SSA အရာရှိသင်တန်းကျောင်း အလုပ် အမူဆောင်တို့တွေ့ဆုံ

ဧပြီလ ၂၄ ရက် နေ့မှာ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA အရာရှိသင်တန်းကျောင်း အလုပ် အမူဆောင်ကော်မတီဝင်များ သင်တန်းသူ/သားများတို့ တွေ့ဆုံပြီး...