News

News

Monday
May, 6

ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ဒုစစ်ဦးစီးချုပ် နှင့် SSPP/SSA အရာရှိသင်တန်းကျောင်း အလုပ် အမူဆောင်တို့တွေ့ဆုံ

ဧပြီလ ၂၄ ရက် နေ့မှာ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA အရာရှိသင်တန်းကျောင်း အလုပ် အမူဆောင်ကော်မတီဝင်များ သင်တန်းသူ/သားများတို့ တွေ့ဆုံပြီး ဒေါက်တာညိုထွန်းအောင်မှ အ ရာရှိ သင်တန်းကျောင်း ကိစ္စနှင့်ပါတ်သက်ပြီး အရည်အချင်းပြည့်မှီသော ခေါင်းဆောင်ကောင်းဖြစ်လာဖို့ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA အနေဖြင့် တက်ရောက်ခဲ့ဖူးသည့် အရာရှိသင်တန်းကျောင်းများ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။

တွေ့ဆုံသည့်နေရာမှာ နှစ်ဖက် တာဝန်ရှိသူများ အပြန်အလှန်မိတ်ဆက်ခြင်း ၊ လက်ရှိဖွင့်လှစ်ထားသည့် OTS အရာရှိသင်တန်းကျောင်း ဖြစ်ပေါ်လာပုံများ ၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများ အဆင့်ဆင့် နှင့် သင်ကြားရေး ဘာသာရပ်များ အကြောင်းကို SSPP/SSA အရာရှိသင်တန်းကျောင်း အလုပ်အမူဆောင်တို့မှ ပြန်လည်ရှင်းလင်းတင်ပြခဲ့သည်။

“အရာရှိသင်တန်းကျောင်းကို ရခိုင်အမျိုးသားအဖွဲ့ချုပ် အနေနဲ့ ယခင်တုန်းက ကချင်ပြည်နယ်မှာ လူလွတ်ပြီး အများနဲ့ပူးတွဲ တက်ရောက်သင်ကြားခဲ့တာရှိသလို ကိုယ့်ဟာကို ဦးဆောင်ဖွင့်လှစ်ခဲ့တာ လဲရှိပါတယ်။ အရာရှိသင်တန်းကျောင်းက ဘယ်လောက်ထိအရေးကြီးသလဲဆိုတာ အခုချိန်မှာ စစ်ဉီးဆောင်သူကိုလိုမယ့်ချိန်မှ ပိုပြီးသိလိမ့်မယ်။

ဒီသင်တန်းကျောင်းဟာ အရည်အချင်းပြည့်မှီတဲ့ ခေါင်းဆောင်ကောင်း ဖြစ်လာဖို့ အခြေခံသင်တန်းတစ်ခုဖြစ်ပါတယ်။ ပြန်ကြည့်ရရင် အရာရှိသင် တန်းကျောင်းဟာ ခေါင်းဆောင်ကောင်း မွေးထုတ်လာနိုင်ဖို့ တက်လာမယ့်လူငယ်တွေအတွက် အရမ်းအရေးပါတဲ့ အတွက်ကြောင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တိုင်းလိုလို ဖွင့်လှစ်ထားတာလဲ တွေ့ရပါ တယ်” လို့ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ဒုဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က တွေ့ဆုံ သည့်အချိန်မှာ ပြောကြားခဲ့ပါသည်။

တွေ့ဆုံခြင်းအစီစဉ်များပြီးသည့်နောက် နှစ်ဖက်အပြန်အလှန် အမှတ်တရလက်ဆောင်များပေးအပ် ခြင်း ၊ ဒေါက်တာညိုထွန်းအောင်မှ အရာရှိသင်တန်းကျောင်း အတွင်းရှိ စဝ်ဆေဝိုင် စာကြည့်တိုက်နေရာများအား လှည့်လည် ကြည့်ရှူ့ခဲ့သည်။

#shanstateprogressparty

#shanstatearmy#SSPPInfo

#OTS.SSA

#ႁူင်းႁဵၼ်းၽူႈမီးၸၼ်ႉ

#ဗိုလ်လောင်းသင်တန်းကျောင်း#

Find us on

Latest articles

- Advertisement - spot_img

Related articles

နိုင်ငံရေး နည်းလမ်းနဲ့ အဖြေရှာမရရင် စစ်ရေးနည်းလမ်းဖြင့် အဖြေရှာရလိမ့်မည်ဟု SSPP/SSA ဒုဗိုလ်ချုပ်ကြီးဆို

စစ်မှန်သော ပြည်ထောင်စု ဒီမိုကရေစီ ရရှိရန် နိုင်ငံရေး စားပွဲဝိုင်းတွင် အဖြေရှာသည့် နည်းလမ်း မရှိတော့ ခြင်းကြောင့် တိုက်ပွဲ ဖြစ်ရတော့မည် ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA မှ...

SSPP/SSA ၸတ်းႁဵတ်း ပၢင်ၵႅဝ်ႈၵိုတ်းလိုဝ်ႈ ပၢင်သွၼ် ၽိူမ်ႉထႅမ်ၼမ်ႉၵတ်ႉၽူႈမီးၸၼ်ႉဢွၼ်ႇ NCOC ၸုပ်ႈထီႉ(1)

ငဝ်ႈငုၼ်း ပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး တပ်ႉသိုၵ်းၸိုင်ႈတႆး SSPP/SSA ၸတ်းႁဵတ်း ပၢင်ၵႅဝ်ႈ ၵိုတ်းလိုဝ်ႈ ပၢင် သွၼ် ၽိူမ်ႉထႅမ်ၼမ်ႉၵတ်ႉၽူႈမီးၸၼ်ႉဢွၼ်ႇ (Non-Commissioned Officer Course) NCOC ၸုပ်ႈထီႉ(1) ဢွင်ႈတီႈ...

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ( SNLD) ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) နှင့် တအာင်းတပ်မတော် PSLF/TNLA တို့မှ...

https://ssppssa.org/2024/04/%e1%80%95%e1%80%a1%e1%80%ad%e1%80%af%e1%80%9d%e1%80%ba%e1%80%b8%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%9c%e1%80%bd%e1%80%90%e1%80%ba%e1%80%99%e1%80%bc-3/ #shanstatearmy #SSPPinfo #ရှမ်းပြည်တပ်မတေည်နေ့

SSA တည်ထောင်ခြင်း နှစ် (၆၀) ပြည့် အခမ်းအနားကို SSPP/SSA ဌာနချုပ်၌ ကျင်းပပြုလုပ်

ရှမ်းပြည်တပ်မတော် (SSA) တည်ထောင်ခဲ့ခြင်း နှစ် (၆၀) ပြည့်အခမ်းအနားကို ယနေ့ ဧပြီလ ၂၄ ရက်နေ့ တွင် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဗဟို ဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့သည်။အခမ်းအနားကို...

ပၢင်ၵႅဝ်ႈဝၼ်း​​ၵေႃႇတင်ႈ တပ်ႉသိုၵ်းၸိုင်ႈတႆး SSA ၶွပ်ႈတဵမ် (60) ပီႊ

24-04-1964-24-04-2024ယူႇတီႈငဝ်ႈငုၼ်းSSPP/SSA ဢွၼ်ႁူဝ်ၸတ်းႁဵတ်းဝၼ်းမၢႆတွင်း​​သေ မီးၽူႈယႂ်ႇၵူၼ်းလူင် ၵူၼ်းသိုၵ်းဢိၵ်ႇၵူၼ်းမိူင်း ၶိုၼ်ႈႁွတ်ႈ (4000) ပၢႆလႄႈ မီးပႃးပၢင်ၼႄ ၾၢင်ႁၢင်ႈသိုၵ်း ဢိၵ်ႇပႃးပိုတ်ႇၽုၺ်ႇ ႁူၼ်ႁၢင်ႈ ၸဝ်ႈၼၢင်းႁိူၼ်းၶမ်း ၼႂ်းဝၼ်းပၢင်ၵႅဝ်ႈယူႇယဝ်ႉ။ #shanstateprogressparty #shanstatearmy #SSPPInfo #ဝၼ်း​​ၵေႃႇတင်ႈတပ်ႉသိုၵ်းၸိုင်ႈတႆးၶွပ်ႈတဵမ်(60)ပီႊ