News

News

ကြာသပတေး
မေ, 9

RCSS တပ်ဖွဲ့၏ပြစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ပြင်းထန်စွာဒဏ်ရာရရှိ

Featured in:

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ဟူးကွတ်ကျေးရွာသူကြီး၏ကားအား ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏ပစ်ခတ်မှုကြောင့် ပြင်းထန်စွာဒဏ်ရာခဲ့ကြောင်းသိ ရှိရသည်။

ယမန်နေ့ 16 ၊ September 2021 ညနေပိုင်း 4:30 အချိန်ခန့်က ဟူးဆွန်ကျေးရွာအုပ်စု၊ ဟူးကွတ်ကျေးရွာ၊ ရွာသူကြီး ဦးစိုင်းကျော်ရင်ဆိုသူနှင့် စိုင်းသိန်းဇော် တို့နှစ်ဦးသည် ကားဖြင့်ကျောက်မဲဆေးရုံသို့ ထိခိုက်လူနာပို့ဆောင်ပြီး အိမ်အပြန်လမ်း ရွာထိပ်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏ စောင့်ပစ်ခြင်းကိုခံခဲ့ရသောကြောင့် ဦးစိုင်းကျော်ရင်ဆိုသူကို ယခုလတ်တလောတွင် ကျောက်မဲဆေးရုံသို့ ပို့ဆောင်ထားသည်။ ဦးစိုင်းကျော်ရင်သည် အသက် (47) ရှိပြီး၊ အဆိုပါနှစ်ဦးသည် ရွာ၏အကျိုးဆောင် ပရဟိတအသင်းတွင် ဦးဆောင်လုပ်ရှားနေသူလည်းဖြစ်သည်။

‘’ ဟုတ်ပါတယ်၊ ဦးကျော်ရင်နဲ့ စိုင်းသိန်းကျော် တို့နှစ်ဦးက ဟူးကွတ်ရွာသားတွေဖြစ်တယ်၊ သူတို့နှစ်ဦးက ရွာပတ်လည်မှာ RCSS တွေထောင်ထားတဲ့ မိုင်းနှင်းမိသူနှစ်ဦးကို ကျောက်မဲဆေးသို့ပို့ပြီး အိမ်အပြန်လမ်း ရွာမရောက်ခင် သင်္ချိုင်းကုန်းမှာ စောင့်ပစ်ခံရတယ်’’ လို့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောဆိုခဲ့သည်။

သူ၏ဆွေမျိုးသားချင်းတွေကလည်း “ သူတို့မိုင်းမိတဲ့လူနာတွေကိုသွားပို့ပြီး ပြန်လာမယ်ဆိုဒါကိုလည်း RCSS ရဲ့ တာဝန်ရှိသူကိုလည်းသတင်းပို့ပြီးသွားတယ်၊ သတင်းလည်းပို့ရဲ့သားနဲ့ အဲ့နေရာရောက်တော့ပစ်ခံ ရတာပဲ၊ မသိတာလည်းမဟုတ်ပဲနဲ့ ပြန်လာမယ်ဆိုတာကို” ဟုပြောဆိုခဲ့သည်။

ဟူးဆွန်ကျေးရွာအုပ်စု ဟူးကွတ်ရွာနှင့် ဟူးဆွန်ရွာတွင် လွန်ခဲ့သော သြဂုတ်လတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဖက်က ထိုရွာများတွင်အစည်းဝေးပြုလုပ်ကာ ရွားသာများကို ရွာတွင်း၊ ရွာပြင်ဝင်ထွက်သွားလာခြင်းကိုတားဆီးထားပြီး ဂိတ်များထားကာ ရွာအဝင်အထွက်ကို စစ်ဆေးမှုများပြုလုပ်လျှက်ရှိခဲ့သည်။ ထိုသို့သွားလာခြင်းကို ကန့်သတ်ထားသောကြောင့် ဒေသခံများ အတွက် စီးပွားရေး၊ စားဝတ်နေရေးတို့ အခတ်အခဲများစွာကို ရင်ဆိုင်နေရကြောင်း သိရှိရသည်။

ကျောက်မဲမြို့နယ်၊ ဟူးဆွန်ကျေးရွာအုပ်စု ၊ ဟူးကွတ်ကျေးရွာတဝိုက်တွင် ရှမ်းပြည် ပြန်လည်တည်ထောင်ရေးကောင်စီ RCSS တစ်ဖွဲ့တည်းသာ လှုပ်ရှားနေသောဒေသလည်းဖြစ်သည်။

Find us on

Latest articles

- Advertisement - spot_img

Related articles

Keypad ဖုန်းဝယ်ယူသူအား အမည်၊ နေရပ်လိပ်စာနှင့် ဖုန်းနံပါတ် စာရင်းကောက်ထားရန် အာဏာသိမ်းစစ်တပ်က ပြောကြား

SSPP/SSA 21.09.2021 ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲမြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ ဖုန်းတိုင်(Mytel) ဖောက်ခွဲခံရပြီး နောက်ပိုင်း ဖုန်းဆိုင်များအား Keypad ဖုန်းလာရောက်ဝယ်ယူသူများ၏ အမည်၊ နေရပ်လိပ်စာ နှင့် ဖုန်းနံပါတ်ကို စာရင်းကောက်ထားရန် စစ်ကောင်စီဘက်မှ...