News

News

ကြာသပတေး
မေ, 9

ဟူးကွတ် ကျေးရွာရှိ နေအိမ်တစ်ချို့ အင်ဂျင်ဝိုင် (Engine oil )သုတ်ပြီး မီးရှို့ ဖျက်ဆီးခံရ

Featured in:

SSPP/SSA 28.09. 2021

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ဟူးကွတ်ကျေးရွာတွင် 25.09.2021 က SSPP/SSA + TNLA နှင့် RCSS တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ ပြီးနောက် နေအိမ်တစ်ချို့ အင်ဂျင်ဝိုင်(Engine oil ) သုတ်လိမ်း၍ မီးရှို့ ဖျက်ဆီးခံခဲ့ရ ကြောင်းသိရသည်။

အဆိုပါ အင်ဂျင်ဝိုင် သုတ်လိမ်းပြီးမီးရှို့ဖျက်ဆီးခံရသည့် နေအိမ် ၃ အိမ် အနက် ၂ အိမ်မှာ မီးလောင်ပြာကျ သွား၍ ကျန် ၁ အိမ်တော့ ရွာသူရွာသားများ အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့သော်လည်း ဆုံးရှံးမှု တချိူ့ရှိခဲ့သည်။အင်ဂျင်ဝိုင် သုတ်လိမ်းပြီး မီးရှို့ဖျက်ဆီးခံခဲ့ရသည်နှင့် ပက်သက်၍ မည်သူမည်ဝါ လုပ်ဆောင်ခဲ့ကြောင်းကို မသိရှိရသေးပါ။

ဟူးကွတ်ကျေးရွာမှ စစ်ရှောင်လာသူ တစ်ဦးက -‘’ ဟုတ်ပါတယ်၊ အိမ်တွေကို တမင်သက်သက် မီးရှို့ သွားခဲ့တာ၊ မီးရှို့ခံရတာတော့၃ အိမ်၊ ၂အိမ်က  ဆိုင်ကယ် ၂ စီးနဲ့ဘာမှမကျန်အောင်ကို အကုန်လုံးမီးလောင်ပြာကျ သွားတာ၊ ကျန် ၁ အိမ်တော့ ရွာသူရွာသားနဲ့ အိမ်ပိုင်ရှင်ပေါင်းပြီး ငြိမ်းသတ်နိုင်ခဲ့တယ် ၊ လောင်သွားတယ့် အိမ် နဲ့ ကျန် ၁ အိမ်တို့က  လက်နက်ကြီးကြောင့်လောင်တာ မဟုတ်ပဲ အင်ဝိုင်သုတ်ပြီး တမင်ရှို့သွားခဲ့တာ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်လည်းတော့မသိရသေးဘူး “ ဟု ပြောဆိုခဲ့သည်။

ဘုန်းကြီးကျောင်းနှင့် နေအိမ်များတွင် လက်နက်ကြီး ၊ ကျည်ရာများ ထိမှန်ထားသော်လည်း မီးလောင်ထားခြင်းမရှိ ၊ ထိုလောင်သွားတယ့် အိမ်၂အိမ်မှာဦးစိုင်းအောင်ပွင့်+ဒေါ်နန်းပျန်း(၂ထပ်အိမ် )၊ ဦးစိုင်းကျော်+ဒေါ်နန်းဖြူ(၁ထပ်အိမ်) တို့ဖြစ်ပြီး  ထိုအိမ်များကိုတမင်သက်သက် အင်ဂျင်ဝိုင်သုတ်လိမ်းပြီးရှို့ သွားခဲ့သည်ဟု ထိုသူကဆက်လျက် ပြောဆိုထားသည်။

မြောက်ပိုင်းမဟာမိတ်တပ် နှင့် RCSS တို့ 25.09.2021 တွင် တိုက်ပွဲဖြစ်သည်နှင့် ပက်သက်၍ နေအိမ်တချို့မီးရှို့ဖျက်ခံရပြီး ၊ ဘုန်းကြီးကျောင်းလည်း ပျက်စီးယိုယွင်းလျက်ရှိသည်။ ဟူးကွတ်ကျေးရွာတွင် ယခင်က RCSS  တို့တပ်စွဲထား၍ရွာအဝင်အထွက်လမ်းများ ပိတ်ဆို့ခြင်းကိုခံခဲ့ရပြီး ယခုလိုတိုက်ပွဲကြောင့် ရွာသူရွာသားများအနေဖြင့် အခက်ခဲများစွာ ရင်ဆိုင်နေရသည်။    

Source : Local

Find us on

Latest articles

- Advertisement - spot_img

Related articles