News

News

ကြာသပတေး
မေ, 9

Keypad ဖုန်းဝယ်ယူသူအား အမည်၊ နေရပ်လိပ်စာနှင့် ဖုန်းနံပါတ် စာရင်းကောက်ထားရန် အာဏာသိမ်းစစ်တပ်က ပြောကြား

Featured in:

SSPP/SSA 21.09.2021

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲမြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ ဖုန်းတိုင်(Mytel) ဖောက်ခွဲခံရပြီး နောက်ပိုင်း ဖုန်းဆိုင်များအား Keypad ဖုန်းလာရောက်ဝယ်ယူသူများ၏ အမည်၊ နေရပ်လိပ်စာ နှင့် ဖုန်းနံပါတ်ကို စာရင်းကောက်ထားရန် စစ်ကောင်စီဘက်မှ လိုက်လံပြောဆိုထားကြောင်းသိရှိရသည်။

Mytel ဖုန်းတိုင်ပေါက်ကွဲမှုနှင့်ပက်သက်ပြီး ဖောက်ခွဲရေးသမားသည် Keypad ကို ဖုန်းအသုံးပြု ပြီးဖောက်ခွဲထားကြောင်း ယူဆ၍ ကျောက်မဲမြို့တွင်းရှိဖုန်းဆိုင်များတွင် Keypad ဖုန်း ဝယ်ယူသူများ ရှိခဲ့ပါက စာရင်းကောက်ထားရန်နှင့် ယခင်က  Keypad ဖုန်း ရောင်းချမှု အခြေအနေများကို လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်းသိရသည်။

ယမနေ့ ညနေပိုင်း ဖုန်းတိုင်ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပက်သက်ပြီး ညပိုင်းတွင် စစ်ကောင်စီဘက်မှ သံသယရှိသူနှင့် ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ခံထားရသူများ၏နေအိမ် အတွင်းသို့ဝင်ရောက် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိခဲ့ရသည်။

Credit photo.

Find us on

Latest articles

- Advertisement - spot_img

Related articles

RCSS တပ်ဖွဲ့၏ပြစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ပြင်းထန်စွာဒဏ်ရာရရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ဟူးကွတ်ကျေးရွာသူကြီး၏ကားအား ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏ပစ်ခတ်မှုကြောင့် ပြင်းထန်စွာဒဏ်ရာခဲ့ကြောင်းသိ ရှိရသည်။ ယမန်နေ့ 16 ၊ September 2021 ညနေပိုင်း 4:30 အချိန်ခန့်က ဟူးဆွန်ကျေးရွာအုပ်စု၊ ဟူးကွတ်ကျေးရွာ၊...