News

News

Friday
April, 26

SSPP/SSA တပ်စခန်းကို ကိုးကန့်တပ်ဖွဲ့ MNDAA က ထိုးစစ်ဆင်တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ် အတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းတစ်ခုကို ယမန်နေ့ကစပြီး ကိုးကန့်တပ်ဖွဲ့ MNDAA က တိုက်ခိုက်ရေး ဒရုန်းဖြင့် နှစ်ကြိမ်တိုင် စ တင်တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့ မတ်လ ၂၇ ရက် နေ့အ ထိ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ ရပါသည်။

တိုက်ပွဲဖြစ်စဉ်မှာ သိန္နီမြို့နယ် နမ့်စလပ် ကျေးရွာအုပ်စု နှင့် စယ်အူကျေးရွာအုပ်စု အတွင်း လုပ်ရှားနေသည့် SSPP/SSA စစ်ကြောင်းတွေကို ယမန်နေ့ မတ်လ ၂၆ ရက်နေ့ ညနေ ၃ နာရီကျော်အချိန်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ တိုက်ခိုက်ရေးဒရုန်းဖြင့် SSPP/SSA စစ် ကြောင်း ကိုလိုက်လံတိုက်ခိုက်ရာကနေ စယ်အူကျေးရွာ အုပ်စု ကုန်းညောင် ကျေးရွာ အနီးမှာ ၁၀ မိနစ်ကြာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရပါသည်။

ယနေ့ မတ်လ ၂၇ ရက်နေ့ နံနက် ၉ နာရီအချိန်တွင်လည်း စယ်အူကျေးရွာအုပ်စု ပန်နားကျေးရွာအနီးရှိ လယ်ကွက် ထဲကနေ ကိုးကန့်တပ်ဖွဲ့ MNDAA အင်အား ၂၀၀ ခန့်က ၎င်းအနီးနားရှိ SSPP/SSA ၏အထူးတပ်စခန်း တစ်နေရာကို တိုက်ခိုက်ရေးဒရုန်းဖြင့် အကြိမ်ပေါင်း ၅၀ ကျော် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး နံနက် ၁၁ နာရီကျော် ‌အချိန် မှာမြေပြင်စစ်အင်အား ၂၀၀ ကျော်ဖြင့် SSPP/SSA တပ်စခန်းကို ထပ်မံ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နေ့လည် ၁၂ နာရီကျော်အချိန်ထိ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရပါသည်။

တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA၏ ထိုးစစ်ဆင်တိုက်ခိုက်မူများကို SSPP/SSA မှ ခုခံကာကွယ်သည့် အနေအထားဖြင့်သာ ခုခံတိုက်ခိုက်ခဲ့ပြီး တိုင်းရင်းသား အချင်းချင်းပြည်လည်သင့်မြတ်ရေးအတွက် ရှေးရှူ့ကာ တွေ့ဆုံဆွေးနွေးမူ လမ်းစဉ်ဖြင့် အတတ်နိုင်ဆုံး ပြသာနာများဖြေရှင်းသွားနိုင်ရန်လည်း ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်တွေ့ဆုံဆွေးနွေးခြင်းလမ်းစဥ်ဖြင့် လုံးဝဖြေရှင်းလို့ မရခဲ့မှသာ ‌မိမိအဖွဲ့အစည်း မိမိအုပ်ချုပ်ရေး ‌နယ်‌မြေအတွင်းရှိ မိဘပြည်သူများကို ထိပါးစော်ကားမူ ပြုလုပ်ခဲ့ပါက SSPP/SSA အနေဖြင့် ထိထိရောက်ရောက်ပြန်လည် တုန့်ပြန်သွားမှာဖြစ်ပါသည်။

#shanstateprogresspart#

#shanstatearmy

#SSPPInfo

#တိုက်ပွဲ

#SSPP

#MNDAA

Find us on

Latest articles

- Advertisement - spot_img

Related articles

ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ဒုစစ်ဦးစီးချုပ် နှင့် SSPP/SSA အရာရှိသင်တန်းကျောင်း အလုပ် အမူဆောင်တို့တွေ့ဆုံ

ဧပြီလ ၂၄ ရက် နေ့မှာ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA အရာရှိသင်တန်းကျောင်း အလုပ် အမူဆောင်ကော်မတီဝင်များ သင်တန်းသူ/သားများတို့ တွေ့ဆုံပြီး...

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ( SNLD) ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) နှင့် တအာင်းတပ်မတော် PSLF/TNLA တို့မှ...

https://ssppssa.org/2024/04/%e1%80%95%e1%80%a1%e1%80%ad%e1%80%af%e1%80%9d%e1%80%ba%e1%80%b8%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%9c%e1%80%bd%e1%80%90%e1%80%ba%e1%80%99%e1%80%bc-3/ #shanstatearmy #SSPPinfo #ရှမ်းပြည်တပ်မတေည်နေ့

ငဝ်ႈငုၼ်း SSPP/SSA ၸတ်းႁဵတ်း ပၢင်ၵႅဝ်ႈ ၵိုတ်းလိုဝ်ႈပၢင်သွၼ် ငဝ်ႈၶၢမ်ႇပိုၼ်ႉၵၢၼ်သိုၵ်းၸုပ်ႈထီႉ (50)

ငဝ်ႈငုၼ်း ပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး တပ်ႉသိုၵ်းၸိုင်ႈတႆး SSPP/SSA ၸတ်းႁဵတ်း ပၢင်ၵႅဝ်ႈၵိုတ်းလိုဝ်ႈ လူင်းပၢင်သွၼ် ငဝ်ႈၶၢမ်ႇပိုၼ်ႉၵၢၼ်သိုၵ်းၸုပ်ႈထီႉ (50) ဢွင်ႈတီႈ ႁူင်းႁဵၼ်းသိုၵ်းငဝ်ႈငုၼ်း ၼႂ်းၼၼ်ႉမီးၽူႈၶိုၼ်ႈႁွတ်ႈ 600 ၵေႃႉပၢႆ ယူႇယဝ်ႉ။ မိူဝ်ႈလိူၼ်(April) 1 ဝၼ်း...

ၵေႃႉသိုၵ်းၵေႃႉႁၢၼ် SSPP/SSA ၸွႆႈထႅမ်ထုၺ်တၢင်းပၼ် ပေႃႈမႄႈၵူၼ်းမိူင်း ၼႂ်းပိုၼ်ႉတီႈ ၸေႈဝဵင်းၵျွၵ်ႉမႄး

ၵေႃႉသိုၵ်းၵေႃႉႁၢၼ် ၾၢႆႇတပ်ႉၾၢႆႇဢုပ်ႉပိူင်ႇပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး တပ်ႉသိုၵ်းၸိုင်ႈတႆး SSPP/SSA ၸိူဝ်း ဢၼ်ပၵ်းသဝ်းတူင်ႉၼိုင်ႉဝႆႉ ၼႂ်းၼႃႈတီႈဢုပ်ႉပိူင်ႇ ၸေႈဝဵင်း ၵျွၵ်ႉမႄး ၼၼ်ႉ ၸွႆႈထုၺ်ႁဵတ်းတၢင်း / ၶႂၢၵ်ႈတၢင်းပၼ်ပေႃႈမႄႈ ၵူၼ်းမိူင်းၼႂ်းပိုၼ်ႉတီႈ ။ ယိူင်းဢၢၼ်း တႃႇပေႃႈမႄႈၵူၼ်းမိူင်း ၼႂ်းပိုၼ်ႉတီႈ...

ပေႃႈမႄႈၵူၼ်းမိူင်း ၸွႆႈထႅမ်လွင်ႈၵိၼ်ယမ်ႉ တီႈၵေႃႉသိုၵ်းၵေႃႉႁၢၼ်SSPP/SSA

ပေႃႈမႄႈၵူၼ်းမိူင်း ၼႂ်းၸေႈဝဵင်းမိူင်းတင်ႈ ၵိင်ႇၽႄၸေႈ ဝဵင်ႈၵျွၵ်ႉမႄး ၸွႆႈထႅမ်လွင်ႈၵိၼ်ယမ်ႉ လဵင်ႉလူၶဝ်ႈၽၵ်း တီႈၵေႃႉသိုၵ်း ၵေႃႉႁၢၼ် SSPP/SSA ၸိူဝ်းတိုၵ်ႉၽိုၵ်းသွၼ်ၵၢၼ်သိုၵ်း တီၼိုင်ႈၼႆယူႇယဝ်ႉ။ မိူဝ်ႈပူၼ်ႉမႃး လိူၼ်မၢတ်ႉၶျ် ဝၼ်းထီႉ 20 (ပီႊတႆး ႒႑႑႘ ၼီႊ...