News

News

Sunday
May, 19

SSPP/SSA ဌာနချုပ်မှာ လားဟူ ၊ လီဆူး ယဉ်ကျေးမူ နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်နှင့် တွေ့ဆုံဂါရဝပြု ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း ဝမ်ဟိုင်းမြို့သစ် SSPP/SSA ဌာနချုပ်က တိန်းလိန်းခန်းမဆောင် မှာ ယနေ့ ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၉ နာရီအချိန် လားဟူ ၊ လီဆူး ယဉ်ကျေးမူ နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်နှင့် တွေ့ဆုံဂါရဝပြုပွဲ အခမ်းအနားတစ်ခုကို ကျင်းပပြုလုပ်ခဲ့ပြီး အခမ်း အ နားမှာ ရှမ်းပြည်တိုး တက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ဗဟိုဌာနချုပ် ဗဟိုကော်မတီဝင်များ (၇) ဦး ၊ လားရှိူးမြို့ နယ်က လားဟူ တိုင်းရင်းသားလူမျိုးများ (၆၀၃) ဦး ၊ တန့်ယန်းမြို့နယ်က လားဟူ တိုင်းရင်းသားလူမျိုးများ (၅၁၂) ဦး ၊ မိုင်း ရှူးမြို့နယ်က လားဟူတိုင်း ရင်းသားလူမျိုးများ (၄၉၈) ဦး ၊ ကျေးသီးမြို့နယ်က လားဟူ တိုင်းရင်းသားလူမျိုး များ (၈၅၄) ဦး ၊ နမ့်စန်မြို့နယ်က လားဟူတိုင်းရင်းသားလူမျိုးများ (၇) ဦး ၊ ခိုလမ်မြို့နယ်က လားဟူတိုင်းရင်း သားလူမျိုးများ(၂၄၉) ဦး ၊ မိုးနဲမြို့နယ်က လားဟူ တိုင်းရင်းသားလူမျိုးများ (၈) ဦး နှင့် လီဆူးတိုင်းရင်းသား လူမျိုးများ (၃၄၉) ဦးအပါ စု စုပေါင်း အခမ်းအနားတက်ရောက်သူအားလုံး (၃၀၈၇) သုံးထောင်ရှစ်ဆယ်ခုနှစ် ဦး ဖြစ်ပါသည်။

အခမ်းအနားအစီစဉ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ ဗဟိုကော်မတီများနှင့် လားဟူအဖွဲ့ခေါင်းဆောင်များ အပြန်အ လှန်မိတ်ဆက်ခြင်း ၊ လားဟူရိုးရာယဉ်ကျေးမူနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် တွေ့ဆုံဂါရဝ ပြုပွဲအခမ်း အ နားသို့ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်ဉက္ကဋ္ဌ စစ်ပန်ဖ ပေးပို့သည့် သဝဏ် လွှာကို ဗိုလ်မှူးကြီး ဆိုင်ဟန်မှကိုယ်စားပြုဖတ်ကြားခြင်း ၊ လားဟူအဖွဲ့ခေါင်း ဆောင်များကိုယ်စား ဦးဂျာဟား မှ လားဟူရိုးရာ ယဉ် ကျေးမူ နှစ်သစ်ကူးပွဲတော်သမိုင်းကျောင်းကိုရှင်းလင်းပြောကြားခြင်း / နူတ်ခွန်းဆက် စကားပြောကြားခြင်း ၊ ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တပ်မတော် နိုင်ငံ ရေးဦး ဆောင်အဖွဲ့ အဖွဲ့ခေါင်း ဆောင် ဗိုလ်ချုပ်ကြီး ဆေထင်မှ သြဝါဒဆုတောင်းစကားပြောကြားခြင်း ၊ လားဟူလီဆူး တိုင်းရင်းသားလူမျိုး များမှ သက်ကြီးရွယ်အို လူကြီးမင်းများအား လက်ဆေးကန်တော့ ဂါရဝပြုခြင်း ၊ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA မှ လားဟူလီဆူး တိုင်းရင်းသားများအား ငွေကျပ်သိန်းပေါင်း(၇၀၀) ဖြင့် ချီး မြင့်လူဒါန်းခြင်း နှင့် နံနက် ၁၁:၃၀ နာရီအချိန် မှာ အခမ်းအနားအောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့မှာလဲ လား ဟူ ၊ လီဆူး ၊ မန်း တိုင်းရင်းသားလူမျိုးများ အ ယောက် ၂၆၀၀ ကျော်ဟာ ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ်မှာ ရိုးရာ ယဉ်ကျေးမူနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် နှင့် တွေ့ဆုံဂါရဝပြုပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ဖူးပါသည်။

#shanstateprogressparty

#shanstatearmy #SSPPInfo

#လားဟူယဥ်ကျေးမူနှစ်သစ်ကူးပွဲတော်

#လားဟူ

#လီဆူး

Find us on

Latest articles

- Advertisement - spot_img

Related articles

SSPP/SSA ၸွႆႈထႅမ်ငိုၼ်း တႃႇပွႆးလူင်းပၢင်သွၼ် လိၵ်ႈတႆးၶၢဝ်းမႆႈ ၼႂ်းၸေႈဝဵင်းလၢႆးၶႃႈ

ပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး တပ်ႉသိုၵ်းၸိုင်ႈတႆး SSPP/SSA လူတၢၼ်း ၸွႆႈထႅမ်ငိုၼ်း တႃႇပဵၼ်မႃး ပွႆးလူင်းပၢင် သွၼ် လိၵ်ႈတႆးၶၢဝ်းမႆႈ ဢၼ်ပိုတ်ႇႁူင်းႁဵၼ်းသွၼ်လိၵ်ႈတႆးဝႆႉ ၼႂ်းၸေႈဝဵင်းလၢႆးၶႃႈ ၸိုင်ႈတႆး ပွတ်းၸၢၼ်း ၼၼ်ႉ ယူႇယဝ်ႉ။ မိူဝ်ႈလိူၼ် မေႇ 9...

SSPP/SSA ဌာနချုပ်မှာ ဒုတိယအကြိမ်မြောက် ဆရာ/ဆရာမ မွမ်းမံသင်တန်းပြုလုပ်

ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ်၌ ဒုတိယအကြိမ်မြောက် ဆရာ/ဆ ရာမ မွမ်းမံသင်တန်းကို ဧပြီလ ၂၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/သူ (၁၇၂) ဦး တက်ရောက် သင်ယူနေပါသည်။ အဆိုပါ...

ငဝ်ႈငုၼ်း SSPP/SSA ပိုတ်ႇၽုၺ်ႇ ပၢင်သွၼ် ၽိူမ်ႉထႅမ်ၼမ်ႉၵတ်ႉမေႃသွၼ် ပွၵ်ႈၵမ်း(2)

ငဝ်ႈငုၼ်း ပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး ၊ တပ်ႉသိုၵ်းၸိုင်ႈတႆး SSPP/SSA ၸတ်းႁဵတ်း ပၢင်သွၼ် ၽိူမ်ႉထႅမ် ၼမ်ႉၵတ်ႉမေႃသွၼ် ပွၵ်ႈၵမ်း (2) တီႈႁူင်းႁေႃးလူင်ၼွင်ငိုၼ်း ၸေႈဝဵင်းဝၢၼ်ႈႁႆး ၸိုင်ႈတႆးပွတ်းၸၢၼ်း။ မိူဝ်ႈပူၼ်ႉမႃး လိူၼ် April 22...

SSPP/SSA ဢွၼ်ႁူဝ်ၸတ်းႁဵတ်း ပွႆးလူင်းပၢင်သွၼ်လိၵ်ႈတႆးၶၢဝ်းမႆႈ ၼႂ်းပိုၼ်ႉတီႈ ၸေႈဝဵင်းသီႇပေႃႉ

ၽူႈမီးပုၼ်ႈၽွၼ်း ၼႂ်းပိုၼ်ႉတီႈ ၼႃႈတီႈဢုပ်ႉပိူင်ႇ ပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး တပ်ႉသိုၵ်းၸိုင်ႈတႆး SSPP/SSA ၸေႈတွၼ်ႈမၢႆ(11) ဢွၼ်ႁူဝ်သေ ၶဝ်ႈႁူမ်ႈ ၸတ်းႁဵတ်းပွႆးလူင်းပၢင်သွၼ်လိၵ်ႈတႆးၶၢဝ်းမႆႈ ၼႂ်းပိုၼ်ႉတီႈ ၸေႈ ဝဵင်းသီႇပေႃႉ ယူႇယဝ်ႉ။ မိူဝ်ႈ လိူၼ်မေႇ 12 ဝၼ်း...

ၵေႃႉသိုၵ်းၵေႃႉႁၢၼ် SSPP/SSA ၸွႆႈထႅမ်ၵေႃႇသၢင်ႈၵွင်းမူး လႄႈ ၸွႆႈသိူဝ်ႇတၢင်းပၼ်ပေႃႈမႄႈၵူၼ်းမိူင်း ၼႂ်းပိုၼ်ႉတီႈ SSPPInfo09-05-2024 ၵေႃႉသိုၵ်းၵေႃႉႁၢၼ် ၾၢႆႇတပ်ႉ ၾၢႆႇဢုပ်ႉပိူင်ႇပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး တပ်ႉသိုၵ်းၸိုင်ႈတႆး SSPP/SSA ၸိူဝ်း ဢၼ်ပၵ်းသဝ်းတူင်ႉၼိုင်ဝႆႉ ၼႂ်းၼႃႈတီႈဢုပ်ႉပိူင်ႇ ၸေႈဝဵင်းမၢႆ (24) ၵျွၵ်ႉမႄး ၸေႈဝဵင်းမၢႆ(22)...