News

News

Wednesday
May, 8

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား စစ်ကောင်စီဘက်က အရာရှိ(၅) ဦး အပါ (၁၆) ဦးသေဆုံး

ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် PNLA မှ ပအိုဝ်းဒေသ အတွင်း လုံခြုံရေးဆိုင်ရာလှုပ်ရှားမှုကို လုပ်ဆောင်နေစဉ် ရှမ်း ပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် အရှေ့ဘက်ခြမ်းတစ်နေရာမှာ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် နံနက် ၁၀ နာရီက နေ ညနေ ၃:၄၀ နာရီအချိန်ထိ တိုက် ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရပါသည်။

တိုက်ပွဲဖြစ်ပွားပြီးသည့် နေရာကို ပအိုဝ်းအမျိုးသားလွတ် မြောက်ရေး တပ်မတော် PNLA မှ နယ်မြေ ရှင်းလင်းရေးလုပ်ဆောင်စဉ် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ရုပ်အ လောင်း (၁၆) လောင်း တွေ့ရှိပြီး အဲ့ ဒီရုပ်အလောင်းထဲက ဗိုလ်မှူးအဆင့်ရှိသူ ၂ ဦး ၊ ဗိုလ်ကြီးအဆင့်ရှိသူ (၃) ဦး ၊ MA လက်နက်ငယ် ၁၅ လက် ၊ ဒရုန်းပစ်လေဆာလက် နက် ၁ လက် ၊ ပစ္စတို ၁ လက် နှင့် လက်နက်ခဲယမ်းကျည်ဆံအများ အပြားကိုသိမ်းဆည်းရမိခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA ပိုင် သ တင်းစာမျက်နှာ တစ်ခုမှာ ဖော်ပြထားတာဖြစ်ပါသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်မှာလဲ ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်(လွႆဝူဝ်းတူၵ်း) ကျေးရွာ အတွင်းကို စစ်ကောင်စီ ဘက်က တိုက်ခိုက်ရေး လေယဉ်ဖြင့် (၆) ကြိမ်ထက်မနည်း ဗုံးကျဲတိုက်ခိုက်သည့် အ တွက်ကြောင့် လွယ်ဝိုးတုတ် ကျေးရွာက ဒေသခံ ပြည်သူနေအိမ် (၈) လုံး မီး လောင်ပျက်စီးခဲ့ကာ ဖေ ဖော်ဝါရီ ၂၃ ရက် နေ့မှာလဲ ထမ်းဆမ်း(ထၢမ်ႈၸၢင်ႉ)စေတီတော်ကုန်းမှာစစ်ကောင်စီကတပ်စွဲထားပြီး မဲနယ်တောင်ဒေသ နှင့် လွယ်ဝိုးတုတ် (လွႆဝူဝ်းတူၵ်း) ကျေးရွာဘက်သို့ လက်နက်ကြီး များဖြင့် နေ့ တိုင်းဆိုသလို ပစ်ခတ်တိုက်ခဲ့နေတာ ဖြစ်ပါသည်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တပ်ဖွဲဝင်များအနေဖြင့် နီးစပ်ရာ ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးတပ်မတော် PNLA တပ်ဖွဲများထံသို ဆက်သွယ်ကာ လက်နက်နှင့်တကွ အမျိုးသား လွတ်မြောက်ရေးလမ်း ကြောင်းပေါ်သို ကူးပြောင်းလာပါက ထိုက်ထိုက်တန်တန် ဆုချီးမြှင့်သွားမှာ ဖြစ်တယ်လို့လဲ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA ပိုင် သတင်းစာမျက်နှာမှာ ဖော် ပြထားပါသည်။

Photo Credit to PNLA News & Information Department

#shanstateprogressparty #shanstatearmy

#SSPPInfo

#PNLA

#PNO

Find us on

Latest articles

- Advertisement - spot_img

Related articles

ႁွင်ႈၵၢၼ်ၾၢႆႇယူႇလီ SSPP/SSA ၸတ်းႁဵတ်းပၢင်ၵႅဝ်ႈၵိုတ်းလိုဝ်ႈ ပၢင်ၽိုၵ်းလိုမ်ႉ ၼမ်ႉၵတ်ႉ ၽူႈႁၢပ်ႇၵၢၼ် ၾၢႆႇယူႇလီ ၸုပ်ႈထီႉ(2)

ႁွင်ႈၵၢၼ်ၾၢႆႇယူႇလီ ငဝ်ႈငုၼ်း ပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆးတပ်ႉသိုၵ်းၸိုင်ႈတႆး SSPP/SSA ဢွၼ်ႁူဝ် ၸတ်းႁဵတ်း ပၢင်ၵႅဝ်ႈၵိုဝ်းလိုဝ်ႈ ပၢင်ၽိုၵ်းလိုမ်ႉၼမ်ႉၵတ်ႉ ၽူႈႁၢပ်ႇၵၢၼ် ၾၢႆႇယူႇလီ ၸုပ်ႈထီႉ(2) ဢွင်ႈတီႈႁူင်းယႃ လူင် ၵူၼ်းမိူင်း ဢိူင်ႇပၢင်ႇလေႃႉ ၸေႈဝဵင်းဝၢၼ်ႈႁႆး ၼႆယူႇယဝ်ႉ။ မိူဝ်ႈလိူၼ်မေႇ...

SSPP/SSA ၏ နာမည်ကို Shwe Phee Myay News Agency (ရွှေဖီမြေ...

“ မိုင်းရယ် ဒေသမှာ ခြေကုပ် ယူလာတဲ့ တရုတ်နိုင်ငံသားတွေ ဉီးဆောင်တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်း ” ခေါင်းစဉ် ဖြင့် Shwe Phee Myay News Agency...

နိုင်ငံရေး နည်းလမ်းနဲ့ အဖြေရှာမရရင် စစ်ရေးနည်းလမ်းဖြင့် အဖြေရှာရလိမ့်မည်ဟု SSPP/SSA ဒုဗိုလ်ချုပ်ကြီးဆို

စစ်မှန်သော ပြည်ထောင်စု ဒီမိုကရေစီ ရရှိရန် နိုင်ငံရေး စားပွဲဝိုင်းတွင် အဖြေရှာသည့် နည်းလမ်း မရှိတော့ ခြင်းကြောင့် တိုက်ပွဲ ဖြစ်ရတော့မည် ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA မှ...

SSPP/SSA လူႇတၢၼ်းငိုၼ်း ၸွႆႈထႅမ်တႃႇၵေႃႇသၢင်ႈၵျွင်းမႂ်ႇ

ၵေႃႉသိုၵ်းၵေႃႉႁၢၼ် ၾၢႆႇတပ်ႉ ၾၢႆႇဢုပ်ႉပိူင်ႇပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး တပ်ႉသိုၵ်းၸိုင်ႈတႆး SSPP /SSA ၸိူဝ်း ဢၼ်ပၵ်းသဝ်းတူင်ႉၼိုင်ဝႆႉ ၼႂ်းၼႃႈတီႈဢုပ်ႉပိူင်ႇ ၸေႈဝဵင်းမၢႆ(35) လွၵ်ႉၸွၵ်ႇ ၸေႈတွၼ်ႈမၢႆ (15) ၼၼ်ႉ လူႇတၢၼ်း...

SSPP/SSA ၸတ်းႁဵတ်း ပၢင်ၵႅဝ်ႈၵိုတ်းလိုဝ်ႈ ပၢင်သွၼ် ၽိူမ်ႉထႅမ်ၼမ်ႉၵတ်ႉၽူႈမီးၸၼ်ႉဢွၼ်ႇ NCOC ၸုပ်ႈထီႉ(1)

ငဝ်ႈငုၼ်း ပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး တပ်ႉသိုၵ်းၸိုင်ႈတႆး SSPP/SSA ၸတ်းႁဵတ်း ပၢင်ၵႅဝ်ႈ ၵိုတ်းလိုဝ်ႈ ပၢင် သွၼ် ၽိူမ်ႉထႅမ်ၼမ်ႉၵတ်ႉၽူႈမီးၸၼ်ႉဢွၼ်ႇ (Non-Commissioned Officer Course) NCOC ၸုပ်ႈထီႉ(1) ဢွင်ႈတီႈ...

SSPP/SSA ပိုၼ်ၽၢဝ်ႇ ပၼ်ၾၢင်ႉထိုင် ၽူႈၵေႃႇၵၢၼ်ႁၢႆႉ ၼႂ်းၸေႈဝဵင်းမူႇၸေႈ

ယူႇတီႈ ၼႃႈလိၼ်သိုၵ်း တပ်ႉငဝ်ႈသိုၵ်း (989) ၼႃႈတီႈဢုပ်ႉပိူင်ႇ ၸေႈတွၼ်ႈမၢႆ(9) သေ မီးၶေႃႈပိုၼ်ၽၢဝ်ႇ ပၼ်ၾၢင်ႉထိုင် ၵူၼ်းၸိူဝ်းဢၼ် ယူႇသဝ်းဝႆႉတီႈဝဵင်းမူႇၸေႈ လႄႈ ႁဵတ်းၵိၼ်ၵူၼ်းႁၢႆႉ ၊ ၵူၼ်းလၵ်ႉ ၊...