ရှမ်းပြည်တောင်ပိုင်း ဝမ်ဟိုင်းမြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်သည့် စား သောက်ကုန်ပစ္စည်းများကို ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA မှ အောက်တိုဘာ လ ၁၈ရက်နေ့တွင် နောက်ထပ်တစ်ကြိမ် သွားရောက်ကူညီခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲဖြစ်ပွားသည့် မြို့နယ်များမှ ဝမ်ဟိုင်းမြို့ SSPP/SSA ဌာနချုပ်သို့ ထွက်ပြေး တိမ်းရှောင်ရောက်ရှိ ခိုလှုံကြသည့် စစ်ဘေးရှောင်ပြည်သူ အယောက် (၁၁၃)ဦး အတွက် လို့အပ်သည့် စားသောက် ကုန်ပစ္စည်းများသည် ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော်မှ ကျပ်သိန်း ၃၀ ( သိန်းသုံးဆယ်) ကျော် တန်ဖိုးရှိ ဆန် ၊ဆား၊ ဟင်းချိုမှုန့်၊ ခရမ်းချည်သီး၊ ကုလားပဲ ၊ ဆီ၊ ကြာဇံ၊ အာလူး နှင့် ကြက်သွန်နီ များကို သွားရောက် ကူညီပေးခဲ့ပါသည်။
လက်ရှိအချိန်ရှမ်းပြည်မြောက်ပိုင်း တစ်ချို့မြို့နယ်များသည် တိုက်ပွဲများမရှိခဲ့သော်လည်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်နေကြောင့် ဒေသခံပြည်သူများက နေအိမ်များကို မပြန်ရဲသေးသည့်အပြင် ဘေးလွတ်ရာသို့ နေရာများကို တိမ်းရှောင်နေကြရသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ၏ အုပ်ချုပ်ရေးနယ်မြေအတွင်းသို့ ထွက်ပြေး ခိုလှုံ ရောက်ရှိကြသည့် စစ်ဘေးရှောင်ပြည်သူများ ၆၀၀၀ ကျော် ကျန်ရှိနေသေးကြောင်း ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ထိ ရရှိထားသည့် စာရင်းအရ သိရှိရသည်။