ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဌာနချုပ် တည်ရှိရာ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းသို့ ရောက်ရှိလာကြသည့် စစ်ဘေးရှောင် ပြည်သူ များကို SSPP/SSA မှ စားနပ်ရိက္ခာများ သွားရောက်ကူညီ ထောက်ပံ့ပေးကြောင်း သိရသည်။
ယမန်နေ့ သြဂုတ်လ (၆) ရက်နေ့တွင် ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ တာဝန် ရှိသူများက ရှမ်းပြည်မြောက်ပိုင်းအတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်တပ်ဖွဲ့တို့၏ တိုက်ပွဲများကြောင့် နေ ရပ်မှ စွန့်ခွာထွက်ပြေးရသူများအတွက် လိုအပ်သည့် စား နပ်ရိက္ခာများကို သွားရောက်ကူညီပေးခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
SSPP ဌာနချုပ်ရှိရာ ဒေသအတွင်း စစ်ရှောင်ထွက်ပြေးလာကြသည့် ပြည်သူများသည် လားရှိုးမြို့နယ်မှ ဒေသခံများ၊ မိုင်းရယ်မြို့နယ်မှ ဟိုယကျေးရွာ၊ မန်ဖြတ်ကျေးရွာ စသည့် ဒေသတို့မှ ဒေသခံများဖြစ်ကြပြီး စုစုပေါင်း (၃၂၂) ဦး ရောက်ရှိ ခိုလှုံနေကြကြောင်းလည်း သိရသည်။
အဆိုပါ စစ်ဘေးရှောင်များသည် ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်း အမှတ် (၄) ရပ်ကွက်ရှိ ခန်းမဆောင်၊ လမ်းခွဲကျေး ရွာ ခန်းမဆောင်၊ ပန်လော့ဘုန်းကြီးကျောင်း နှင့် မိုင်းရှူးမြို့နယ် ဝမ်ဆော့ကျေးရွာ တို့၌ တည်းခိုနေထိုင်ကြပြီး SSPP/SSA မှ စစ်ဘေးရှောင်များ အတွက် ဆန် (၇၀) အိတ်၊ ဆား ( ၃၀ ) ထုပ် ၊ အချို့မှုန့် ( ၃၀) အိတ် ၊ မြေပဲဆီ ပုံးကြီး (၁၀) ပုံး၊ ကြာဇံအိတ်ကြီး (၅) အိတ် ၊ ကုလားပဲ အိတ်ကြီး ( ၄) အိတ် ၊ ခရမ်းချဉ်သီး အိတ်ကြီး ( ၁၀) အိတ် ဖြင့် စုစုပေါင်း ကုန်ကျစားရိတ် စုစုပေါင်း တန်ဖိုး ကျပ်သိန်း ၁၅,၈၃၀,၀၀၀ ( တစ်ရာငါးဆယ်ရှစ်သိန်းသုံးသောင်းကျပ်) ကို စစ်ဘေးရှောင် ကူညီထောက်ပံ့ရေး ကော်မတီထံသို့ သွားရောက်ကူညီ ပေးခဲ့ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့မှ စတင်ခဲ့သည့် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် တပ်များဖြစ်ကြသည့် တအာင်းတပ်ဖွဲ့ (TNLA) ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများသည် ယနေ့ သြဂုတ်လ (၇) ရက်နေ့ အထိ စစ်ရေး ပြင်းထန်နေလျက်ရှိပြီး အဆိုပါ စစ် ဆင်ရေးကြောင့် SSPP/SSA ထိန်းချုပ် လှုပ်ရှားရာနယ် မြေဒေသအတွင်း ရောက်ရှိခိုလှုံလာကြသည့် စစ်ဘေးရှောင်ပြည်သူ စုစုပေါင်းလည်း (၁၄၀၀၀) ကျော် ရှိခဲ့ပြီ ဖြစ်သည်။
SSPP/SSA ထိန်းချုပ် လှုပ်ရှားရာ နယ်မြေဒေသအတွင်း ရောက်ရှိခိုလှုံနေကြသည့် စစ်ဘေးရှောင်ပြည်သူများအ တွက် SSPP/SSA တပ်အပြင် ရှမ်းလူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးအစုအဖွဲ့များ နှင့် ပြင်ပအဖွဲ့အစည်းများကိုပါ ချိတ်ဆက်ပြီး စစ်ဘေးရှောင်များ အတွက် ကျန်းမာ ရေး၊ စားဝတ်နေရေး နှင့် နေရာထိုင်ခင်းရရှိရေးများ နှင့် ဝင်ငွေများ ရရှိရေးအတွက် ကူညီထောက်ပံ့ပေးမှုများ လုပ် ဆောင်ပေးနေကြောင်းလည်း သိရသည်။
#shanstateprogressparty #shanstatearmy
#SSPP
#စစ်ဘေးရှောင်ပြည်သူ