News

News

Thursday
September, 19

ရှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြိုနယ် သို့ ရှောက်ရှိကြသည့် မိဘမဲ့ စစ်ဘေးရှောင် ကလေးငယ်များကို SSPP/SSAမှ ငွေကြေးဖြင့် သွားရောက်ကူညီ


ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသောကြောင့် ရှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့ နယ် ဝမ်စိမ်းကျေးရွာသို့ ထွက်ပြေးတိမ်းရှောင် ရောက်ရှိလာကြသော လားရှိူးမြို့နယ် မိဘမဲ့ကျောင်းက စစ် ဘေးရှောင် ကလေးများ အတွက် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA မှ ငွေကြေး များကို သြဂုတ်လ ၁၆ ရက်နေ့က သွားရောက်ကူညီခဲ့သည်။

ရှမ်းမြောက် လားရှိူးမြို့နယ် မိဘမဲ့ကျောင်းမှ ရှမ်းတောင် မိုင်းနောင်မြိုႉနယ်သို့ ထွက်ပြေးတိမ်းရှောင် လာကြ သည့် စစ်ဘေးရှောင် ကလေးများအတွက် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ် မတော် SSPP/SSA မှ ကျပ်သိန်း ၇၀ ( သိန်းခုနှစ်ဆယ်) တန်ဖိုးရှိ ငွေကြေးများကို ဝမ်စိမ်းကျေးရွာ စစ်ဘေးရှောင် ကူညီရေး ကော်မ တီများ ထံသို့ သွားရောက်ပေးအပ် ကူညီ ခဲ့ပါသည်။

အလားတူ ယနေ့ သြဂုတ်လ ၁၇ ရက် နေ့တွင်လည်း မိုင်းရယ်မြို့နယ် ဟိုယကျေးရွာ ၊ ပန်ညောင် ကျေးရွာ မှ မိုင်းရယ်မြို့တွင်းသို့ စစ်ဘေးရှောင်လာသူ ၃၀၀ ကျော်ရှိပြီး SSPP/SSA မှ စားသောက်ဖွယ်ရာများ ကူညီ ပံ့ပိုး ခဲ့သည်။


ရှမ်းပြည်မြောက်ပိုင်းမှ ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်ပြည်သူများသည် ရှမ်းပြည်တောင် ပိုင်းရှိ ဆွေမျိုးနေအိမ်များတွင် ခိုလုံနေထိုင်ကြသကဲ့သို့ ဆွေမျိုးမရှိသည့် အချို့သည် ဘုန်းကြီးကျောင်း နှင့် ခ ရစ်ယာန် ဘုရားကျောင်းကိုသာ အားကိုးမှီခိုနေရသဖြင့် အခုလို အရေးပေါ်အကူအညီ လိုအပ်နေကြောင်း သိ ရသည်။

#Shanstateprogressparty

#Shanstatearmy

#စစ်ဘေးရှောင်ကလေး

#ကူညီထောက်ပံမှု

Find us on

Latest articles

- Advertisement - spot_img

Related articles

ဝမ်ဟိုင်း ဌာနချုပ် သို့ ရှောက်ရှိကြသည့် စစ်ဘေးရှောင်ပြည်သူများကို SSPP/SSA မှ စားသောက်ဖွယ်ရာများ ကူညီ

ရှမ်းပြည်တောင်ပိုင်း ဝမ်ဟိုင်းမြို့သစ် သို့် ရောက်ရှိကြသည့် စစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်သည့် စားသောက် ဖွယ်ရာအကူအညီများကို ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA မှ စက်တင်ဘာ လ ၇ ရက်နေ့တွင် သွားရောက်ကူညီခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း...

SSPP/SSA ၸွႆႈထႅမ် ၵူၼ်းပၢႆႈၽေး ပၢင်တိုၵ်း ဢၼ်ႁွတ်ႈၽႅဝ်ဝႆႉ ၼႂ်းၸေႈဝဵင်းဝၢၼ်ႈႁႆး

ပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး ၊ တပ်ႉသိုၵ်းၸိုင်ႈတႆး SSPP/SSA လူင်းပိုၼ်ႉတီႈ ၸွႆႈထႅမ် ၵူၼ်းပၢႆႈၽေးပၢင်တိုၵ်း ဢၼ်ႁွတ်ႈၽႅဝ်ဝႆႉ ၼႂ်းငဝ်ႈငုၼ်း ဝဵင်းမႂ်ႇဝၢၼ်ႈႁႆး ၸိုင်ႈတႆးပွတ်းၸၢၼ်း ၼၼ်ႉ ယူႇယဝ်ႉ။ မိူဝ်ႈလိူၼ် သႅပ်ႇထိမ်ႇပိူဝ်ႊ 7 ဝၼ်းၼၼ်ႉ ယူႇတီႈ...

ရှမ်းမြောက် – ရှမ်းတောင် ဆက်သွယ်ထားသည့် ‌တာဆင်တံတားဖွင့်ပွဲ အခမ်းအနား ကို SSPP/SSA ကျင်းပပြုလုပ်

ရှမ်းမြောက် မိုင်းရယ်မြို့နယ် နဲ့ ရှမ်းတောင် မိုင်းရှူးကို အဓိက ဆက်သွယ်ထားတဲ့ မြို့နယ်ချင်းဆက် လမ်းပေါ်က တာဆင်တံတား ဖွင့်ပွဲ အခမ်းအနား ကို ဒီနေ့ စက်တင်...

တၢင်းပဵၼ်မၢၵ်ႇလႅင်းလိင်း ( Mpox) ပဵၼ်ၸိူင်ႉႁိုဝ်?

တၢင်းပဵၼ် မၢၵ်ႇလႅင်းလိင်း(Mpox) ၼႆႉ တေႇပဵၼ်မႃး မိူဝ်ႈပီႊ 1958 သေ ၸုမ်းၾၢႆႇၶူၼ်ႉၶႂႃႉၶဝ် ၶူၼ်ႉၶႂႃႉ ႁၼ်တီႈ လိင်း ဢွၼ်တၢင်းသုတ်း လႄႈ ၸင်ႇႁွင်ႉ မၼ်းဝႃႈ မၢၵ်ႇလႅင်းလိင်း...

SSPP/SSA ၸွႆႈထႅမ် ၵူၼ်းပၢႆႈၽေး ပၢင်တိုၵ်း ဢၼ်ႁွတ်ႈၽႅဝ်ဝႆႉ ၼႂ်းၸေႈဝဵင်းဝၢၼ်ႈႁႆး ၊ ၸေႈဝဵင်းသီႇပေႃႉ

ၾၢႆႇဢုပ်ႉပိူင်ႇ ပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး ၊ တပ်ႉသိုၵ်းၸိုင်ႈတႆး SSPP/SSA လႆႈလူင်းႁူပ်ႉထူပ်း ၸွႆႈထႅမ် ၵူၼ်းပၢႆႈ ၽေးပၢင်တိုၵ်း ဢၼ်ႁွတ်ႈၽႅဝ်ဝႆႉ ၼႂ်းၼႃႈတီႈဢုပ်ႉပိူင်ႇ ၸေႈဝဵင်းဝၢၼ်ႈႁႆး ၊ ၸေႈဝဵင်းမၢႆ(19) သီႇပေႃႉ ၼၼ်ႉ ယူႇယဝ်ႉ။ မိူဝ်ႈလိူၼ်ဢေႃးၵတ်ႉသ်...