ရှမ်းပြည်မြောက်ပိုင်း လားရှိးမြိုနယ် ၊ သီပေါမြို့နယ် အတွင်း စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ (MNDAA) တို့ ကြား တိုက်ပွဲများ ဖြစ်ပွားစဉ်ကာလတွင် နမ္မတူမြို့နယ် နှင့် ပင်လုံမြိုနယ်သို့ ထွက်ပြေးတိမ်းရှောင် ရောက် ရှိလာကြသည့် စစ်ဘေးရှောင်ဒေသခံပြည်သူများအတွက် SSPP/SSA မှ စားသောက်ကုန်ပစ္စည်း နှင့် ငွေ ကြေးများကို ကူညီပေးခဲ့ကြသည်။
ရှမ်းပြည်တောင်ပိုင်း ပင်လုံမြိုနယ် ပရဟိတကျောင်း၊စေတီကုန်းရပ်ကွက်၊ ဘောလုံးကွင်း စသည့် နေရာသို့ ထွက်ပြေးတိမ်းရှောင် ရောက်ရှိနေကြသည့် စစ်ဘေးရှောင်များသည် အမျိုးသား (၆၉)ဦး၊ အမျိုးသမီး (၇၂) ဉီး ၊ ကလေးငယ် (၄၂) ဉီး စုစုပေါင်း (၁၈၃ ) ဦးကို သြဂုတ်လ (၁၈) ရက်နေ့က ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်း ပြည်တပ်မတော် SSPP/SSA မှ ကျပ်သိန်း ၃၀ ( သိန်းသုံးဆယ်) ဖြင့် စစ်ဘေးရှောင် ကူညီရေး ကော်မတီ များ ထံသို့ သွားရောက်ကူညီ ထောက်ပံ့ပေးခဲ့ပါသည်။
ဒါအပြင် သီပေါ့မြို့တွင်း မှ သီပေါမြို့နယ် နားခိုလျန်ကျေးရွာ သို့ နေရပ် စွန့်ခွာထွက်ပြေး တိမ်းရှောင် ရောက် ရှိလာသည့် စစ်ဘေးရှောင်ဒေသခံပြည်သူများ စုစုပေါင်း (၁၄၄) ဦးတို့ကို ဆန် ( ၃) အိတ်၊ ဆီ ပုံးကြီး (၂) ပုံး၊ ဆား ၊ ဟင်းချိုမှုန့်နှင့် ဟင်းသီးဟင်းရွက်များကို ရှမ်းပြည်တိုး တက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA မှ သြဂုတ် (၁၆) ရက်နေ့တွင် သွားရှောက်ကူညီ ထောက်ပံ့ပေးခဲ့သည်။
ယခုအချိန်တွင် သီပေါမြို့နယ် နှင့် သီပေါမြို့နယ်ခွဲ နမ့်လန်မြို့မှာ မြို့သိမ်းတိုက်ပွဲဆက်လက် အရှိန် မြင့်တက်လာပြီး ဒေသခံပြည်သူများသည် ဘေးလွတ်ရာ နေရာသို့ ထွက်ပြေးတိမ်းရှောင် ခိုလှုံနေရသည့် အပြင် ဒေသခံအများစုမှာ အ ချိန်မရွေး ဖြစ်လာနိုင်သည့် လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြောင့် နေရပ် ပြန်ဖို့ အခက်အခဲ့ကြုံတွေနေရကြောင်းလည်း သိရသည်။#shanstateprogressparty
#shanstatearmy #SSPPInfo
#စစ်ဘေးရှောင်ကူညီ