News

News

Saturday
December, 14

သီပေါ မြို့နယ်အတွင်း ရောက်ရှိလာသည့် စစ်ဘေးရှောင် ပြည်သူများကို SSPP/SSA မှ စားနပ်ရိက္ခာနှင့် ငွေကြေး ကူညီထောက်ပံ့

ရှမ်းပြည်မြောက်ပိုင်း၌ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် သီပေါမြို့နယ်သို့ ထွက်ပြေးလာသော စစ်ဘေးရှောင် ပြည်သူများ အတွက် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA မှ ဇူလိုင်လ ၁၇ ရက်နေ့တွင် ငွေကျပ် ၁၀၅ သိန်း အပါအဝင် စားနပ်ရိက္ခာများကိုကူညီ ထောက်ပံ့ပေးခဲ့သည်။

စစ်ကာင်စီနှင့် ညီနောင် မဟာမိတ် ဖြစ်သည့် TNLA ၊ MNDDA တို့ကြား ဖြစ်ပေါ်နေသည့် တိုက်ပွဲများကြောင့် သီပေါမြို့နယ်အတွင်းရှိ နမ့်လန်မြို့နှင့် မိုင်းခေးကျေးရွာ ဘုန်းကြီးကျောင်းသို့ထွက်ပြေး ရောက်ရှိလာကြသည့် စစ်ဘေးရှောင် ပြည်သူ စုစုပေါင်း (၉၄၄) ဦးမှာ စားနပ် ရိက္ခာ အခက်အခဲများ ကြုံတွေ့နေရ သဖြင့် SSPP/SSA မှ ယခုလို ကူညီပေးခဲ့ခြင်း ဖြစ် သည်။

” နေရပ်ဒေသတွေက ထွက်ပြေးလာကြတာ ဆိုတော့ စားဝတ်နေရေး အခက်အခဲ ရှိလာတာပေါ့။ ဒါကြောင့် အဖွဲ့က ဆန်က (၁၀၅) အိတ်၊ မြေပဲဆီက (၁၁) ပုံးနဲ့ ကြက်ဥ (၁၁) ကပ်ကို သွားပြီးတော့ ကူညီပေးခဲ့တာပါ။ ဒါ့အပြင် စစ်ဘေးရှောင်တွေ အတွက် ငွေကျပ် (၁၀၅) သိန်းကိုလဲ စစ်ဘေးရှောင် ကူညီထောက်ပံ့ရေး ကော်မတီတွေကို ပေး အပ်ခဲ့ပါတယ်” ဟု SSPP/SSA တာဝန်ရှိသူက ပြော သည်။

ညီနောင်မဟာမိတ် ဖြစ်သည့် တအောင်း (ပလောင်) တပ် ဖွဲ့ TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDDA တို့ အနေဖြင့် စစ်ကောင်စီကို တစ်ဖက်သက် အပစ်ရပ်ဆဲကြောင်း ကြေ​ညာချက် ထုတ်ပြန်ခဲ့သော်လည်း တိုက်ပွဲများ ဆက်လက် ပြင်း ထန်ခဲ့ခြင်းကြောင့် ယနေ့ အချိန်ထိ စစ်ဘေးရှောင် ဒုက္ခသည် စုစုပေါင်း (၃) သောင်းကျော် ရှိလာပြီ ဖြစ် သည်။

#shanstateprogressparty #shanstatearmy

#SSPPInfo

#စစ်ဘေးရှောင်ကူညီ

Find us on

Latest articles

- Advertisement - spot_img

Related articles

ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်သို့ ရောက်ရှိကြသည့် စစ်ဘေးရှောင်ပြည်သူများအတွက် SSPP/SSA မှ ကူ ညီထောက်ပံ့

SSPP Infoနိုဝင်ဘာလ၊ ၉ရက်၊ ၂၀၂၄ လွန်ခဲ့သည့် ဇူလိုင်လမှစ၍ လက်ရှိအချိန်ထိ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်သို့ လေးလကျော်ကြာ ရောက်ရှိနေကြသည့် စစ်ဘေးရှောင် ဒေသခံမိဘပြည်သူများသည် စားဝတ်နေရေးအတွက် အခက်အခဲများ ရှိနေသဖြင့် ယမန်နေ့ နိုဝင်ဘာလ...

ဝမ်ဟိုင်း ဌာနချုပ်သို့ ရှောက်ရှိလာကြသည့် စစ်ဘေးရှောင်ပြည်သူများကို SSPP/SSA မှ ထပ်မံ သွားရောက်ကူညီပေး

ရှမ်းပြည်တောင်ပိုင်း ဝမ်ဟိုင်းမြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်သည့် စား သောက်ကုန်ပစ္စည်းများကို ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA မှ အောက်တိုဘာ လ...

SSPP/SSA ၸွႆႈထႅမ်ၵူၼ်းထူပ်းၽေးၾႆး တီႈၸေႊလၢၼ်ႉ

ၽူႈမီးပုၼ်ႈၽွၼ်း ၾၢႆႇဢုပ်ႉပိူင်ႇ ပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး/တပ်ႉသိုၵ်းၸိုင်ႈတႆး SSPP/SSA ၼႂ်းၸေႈဝဵင်းမူႇၸေႈ ၸွႆႈ ထႅမ် ၵူၼ်းထူပ်းၽေး ဢၼ်ၺႃးၾႆးမႆႈႁိူၼ်း တႃႇသွင်လင် ၼႂ်းဝၢၼ်ႈၸေႊလၢၼ်ႉ ဢိူင်ႇၸေႊလၢၼ်ႉ ၸေႈဝဵင်းမူႇၸေႈ ၸိုင်ႈတႆးပွတ်းႁွင်ႇ ၼႆယူႇယဝ်ႉ။ မိူဝ်ႈလိူၼ် သႅပ်ႇထိမ်ႇပိူဝ်ႊ 19...

နမ္မတူမြို နှင့် ပင်လုံမြိုနယ် သို့ ထွက်ပြေးတိမ်း ရှောင်လာကြသည့် စစ်ဘေးရှောင်များကို SSPP/SSA မှ...

ရှမ်းပြည်မြောက်ပိုင်း လားရှိးမြိုနယ် ၊ သီပေါမြို့နယ် အတွင်း စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ (MNDAA) တို့ ကြား တိုက်ပွဲများ ဖြစ်ပွားစဉ်ကာလတွင် နမ္မတူမြို့နယ် နှင့် ပင်လုံမြိုနယ်သို့ ထွက်ပြေးတိမ်းရှောင်...

ရှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြိုနယ် သို့ ရှောက်ရှိကြသည့် မိဘမဲ့ စစ်ဘေးရှောင် ကလေးငယ်များကို SSPP/SSAမှ ငွေကြေးဖြင့်...

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသောကြောင့် ရှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့ နယ် ဝမ်စိမ်းကျေးရွာသို့ ထွက်ပြေးတိမ်းရှောင် ရောက်ရှိလာကြသော လားရှိူးမြို့နယ် မိဘမဲ့ကျောင်းက စစ် ဘေးရှောင် ကလေးများ အတွက် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်...

SSPP/SSA ၸွႆႈထႅမ် ၵူၼ်းပၢႆႈၽေး ပၢင်တိုၵ်း ဢၼ်ႁွတ်ႈၽႅဝ်ဝႆႉ ၼႂ်းၸေႈဝဵင်းမိူင်းၵိုင်

ပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး ၊ တပ်ႉသိုၵ်းၸိုင်ႈတႆး SSPP/SSA ဢၼ်ပဵၼ် ၵေႃႇမတီႇဢုပ်ႉပိူင်ႇ ၵူႈၸၼ်ႉၸၼ်ႉ ၼႂ်းၼႃႈလိၼ်သိုၵ်း တပ်ႉငဝ်ႈသိုၵ်း 798 ၸွႆႈထႅမ်ၵူၼ်းပၢႆႈၽေးပၢင်တိုၵ်း ဢၼ်ႁွတ်ႈ ၽႅဝ်ဝႆႉ ၼႂ်းၸေႈဝဵင်း မိူင်းၵိုင် ၸိုင်ႈတႆးပွတ်းၸၢၼ်း...