ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဘေးဒဏ်တွေကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင် ပြည် သူများသည် ရှမ်းပြည်တောင်ပိုင်း လဲချားမြိုနယ်အတွင်းရှိ ရိုမန်ကက်သလစ် အသင်းတော်ကျောင်း ၊ ကုန်း နင်ဘုန်းကြီးကျောင်း ၊ ကမ္မဌာန်း ဓမ္မရုံကျောင်း ၊ ဟိုဖိုင်ခန်းမ နှင့် ဖွေးဟိုင်းခန်းမ သို့ ရောက်ရှိလာကြပြီး စား ဝတ်နေရေးအတွက် အခက်အခဲရှိနေသည့်အတွက် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ခ ရိုင်အမှတ် (၁၅) မြို့နယ်အမှတ် (၃၉) လဲချားမြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင် မြို့နယ် ကော်မတီဝင်များ နှင့် မိုင်းရိုင်းဒေသခံအချို့တို့ ပူးပေါင်းပြီး(၃၅) သိန်းတန်ဖိုးရှိ စားသောက်ကုန် ပစ္စည်းများကို ဇူလိုင်လ၂၉ ရက်နေ့က သွားရောက်ထောက်ပံ့ပေး ခဲ့သည်။
လဲချားမြိုနယ်အတွင်း ရောက်ရှိလာကြသည့် စစ်ဘေးရှောင်ပြည်သူများသည် အမျိုးသား (၃၀၃) ဦး ၊ အမျိုး သမီး ( ၄၇၃) ဦး နှင့် ကလေးငယ် ( ၂၇) ဦး စုစုပေါင်း (၈၀၃)ဦး တို့ကို ဆန် (၂၃) အိတ်၊ ဆီ (၂၄၀) လီတာ ၊ ဆား (၂၅) ကီလို ၊ အချိုမှုန့် အိတ်ကြီး (၂)အိတ် စုစု ပေါင်း ပစ္စည်းတန်ဖိုး ကျပ်သိန်း (၃,၅၀၀, ၀၀၀) သုံးဆယ်ငါးသိန်းကျပ်) ကို လဲချားမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမူဆောင် ကော်မတီမှ သွား ရောက်ပို့ဆောင် ကူညီပေးမူများဖြင့် စစ်ဘေးရှောင် ကူ ညီထောက်ပံ့ရေး ကော်မတီထံသို့ သွားရောက်ကူညီပေး ခဲ့ရသည်။
ရှမ်းပြည်မြောက်ပိုင်းမှ ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်ပြည်သူများအချို့သည် လဲချားမြိုႉ ပေါ်ရှိ ဆွေမျိုးနေအိမ်များတွင် ခိုလုံနေထိုင်ကြသကဲ့သို့ ဆွေမျိုးမရှိသည့် အချို့သည် ဘုန်းကြီးကျောင်းများ နှင့် ကက်သလစ်အသင်းတော်ကျောင်းများကိုသာ ခိုလုံနေကြရပါသည်။
ဇွန်လ ၂၅ ရက်တွင် စတင်ဖြစ်ပွားခဲ့သည့် စစ်ကောင်စီ နှင့် ညီနောင် မဟာမိတ် တအောင်း (ပလောင်) တပ်ဖွဲ TNLA ၊ ကိုးကန့် တပ်ဖွဲ MNDAA တို့ကြား တိုက်ပွဲများ သည် လက်ရှိအချိန်ထိ စစ်ရေးအရှိန် မြင့်တက်နေပြီး ယ နေ့ ဇူလိုင် ၃၁ ရက်နေ့အထိ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA အုပ်ချုပ်ရေး နယ်မြေအတွင်း ရောက်ရှိ ခိုလုံလာကြသည့် စစ်ဘေးရှောင်ပြည်သူ စာရင်းများသည် (၁၇,၀၀၀) ကျော် ရှိခဲႉပြီဖြစ်ပါ သည်။
#shanstateprogressparty #shanstatearmy #SSPPInfo #ရှမ်းပြည်တိုးတက်ရေးပါတီ#ရှမ်းပြည်တပ်မတော်#စစ်ဘေးရှောင်ကူညီ#လဲချားမြို့နယ်