News

News

Wednesday
July, 17

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နှင့် TNLA တို့ ၃ နေရာ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ

ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA အခြေချတပ်စွဲထားသည့် စခန်းများကို တအာင်း လွတ်မြောက်ရေးတပ်မတော် TNLA က ဇူလိုင်လ ၅ ရက်နေ့တွင် ဝင်ရောက် တိုက်ခိုက်ရာမှ အပြန်လှန် တိုက်ခိုက် မှု ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

ပြည်ထောင်စုလမ်းမကြီး တောင်ဘက် (၇) မိုင် အကွာ လုပ်ပါကျေးရွာ ခေးနင်းကျေးရွာအုပ်စု၌ တပ်စွဲထားသည့် SSPP/SSA တပ်စခန်းနှင့် ကြံခင်းရွာ တပ်စခန်းတို့ကို တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က အကြောင်းမဲ့ ၀င်ရောက်ပစ်ခတ်ခဲ့ရာမှ ယခုလို ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA မှ အင်အား ၇၀ ကျော်သည် နေ့လည် ၁၁း၄၅ မိနစ်ခန့် အချိန်၌ ပြည်ထောင်စုလမ်မကြီး မြောက်ဘက်မှ တောင်ဘက်ကိုကျော်ပြီး လုပ်ပါကျေးရွာအတွင်းကို ဝင်ရောက်လာရာမှ စတင်ကာ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း နောင်ပိန်လုံ အခြေစိုက် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည် တပ်မတော် SSPP/SSA တပ်ရင်းမှူးက ဆိုသည်။

“ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA အခြေချထားတဲ့ တပ်စခန်းကို TNLA က ဝင်ရောက် ခဲ့တာကြောင့် SSPP/SSA ဘက်က နောက်ပြန်ဆုတ်ဖို့ ပြောခဲ့ပါတယ်။ အဲဒီလို ပြောတော့ သူတို့ဖက်က ပြန်ထွက်လာပြီး ဂိတ်စောင့်နေတဲ့ ကျနော်တို့ တပ်သားကို ပစ်ခတ်ခဲ့ရာကနေ ပြန်လှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါ တယ်။ သူတို့ ဆုတ်ခွာ ထွက်သွားရင်းနဲ့ နောင်ပိန်လုံ အဝင်လမ်းခွဲမှာ လုံခြုံရေးယူနေတဲ့ SSPP/SSA တပ်သားတွေကိုပါ ထပ်မံပစ်ခတ်ခဲ့တယ် “ ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် TNLA ဘက်မှ ဖိုးဝီးကား တစ်စီးဖြင့် ဘော်ကြိုရွာဖက်မှ အင်အားဖြည့်တင်းကာ ထွက်ခွာလာပြီး ကျင်သီ တံတား နောက်ဘက်တွင် နေရာြဖုန့်ကျက်ကာ SSPP/SSA အထိုင်ချ တပ်စွာထားသည့် ကြံခင်းရွာ တပ်စခန်းကို နေ့လယ် (၁) နာရီကျော်ချိန်တွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းကြောင့် ထပ်မံ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ကြံခင်းရွာ ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကူအင်အား ဖြည့်တင်းပြီး နမ့်ဟူနွဲ့ ကော်တန် တောင်ဘက်မှ ဆင်းလာသည့် စစ်ကြောင်းကို SSPP/SSA တပ်ဖွဲမှ တားဆီးခဲ့ခြင်းကြောင့် နှစ်ဖက် တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့သည်။

SSPP/SSA နဲ့ TNLA တို့ကြား တစ်ရက်ထဲနှင့် ၃ နေရာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် SSPP/SSA ဘက်မှ ရဲဘော် ၁ ယောက် အသက်ပေးလှူခဲ့ရသည်။ TNLA ဘက်မှလည်း သေဆုံးသူ၊ လက်နက်ချ အလင်းဝင်ရောက်သူနှင့် ဒဏ်ရာရ စစ်သုံပန်း ၅ ယောက်ထက်မနည်း ရှိခဲ့သည်။

shanstateprogressparty

SSPPInfo

sspptnla

တိုက်ပွဲ

Photo Credit. Pslftnla

Find us on

Latest articles

- Advertisement - spot_img

Related articles

ရှမ်းမြောက် မိုင်းရယ်မြို့ကို SSPP/SSA မှ စစ်အင်အား ထောင်နှင့်ချီ ဝင်ရောက် တပ်စွဲ

ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ် အတွင်း ဒေသတည် ငြိမ်ရေးနှင့် ပြည်သူ့လုံခြုံရေး အတွက် ရည်ရွယ်ပြီး SSPP/SSA မှ စစ်အင်အား ၁၀၀၀ ကျော်သည် ယမန်နေ့ ဇူလိုင်လ ၁၂ ရက်နေ့...

ပၢင်တိုၵ်း SSPP/SSA တင်း TNLA – 3 ဢွင်ႈတီႈ သွင်ၽၢႆႇမီးလွင်ႈတူၵ်းသုမ်း

တပ်ႉသိုၵ်းၸိုင်ႈတႆး SSPP/SSA ဢၼ်ပၵ်းသဝ်းဝႆႉယူႇတီႈ ဝၢၼ်ႈလုၵ်းပႃ ၽၢႆႇၸၢၼ်း တၢင်းၵႃးလူင် မိူင်းႁူမ်ႈတုမ် ယၢၼ်ၵႆမွၵ်ႈ 7 လၵ်းၼၼ်ႉ ၽၢႆႇတပ်ႉ TNLA ၶဝ်ႈၵႂႃႇယိုဝ်းသႂ်ႇ ၵူၼ်းပႂ်ႉၵိၵ်ႉ SSPP/SSA လႄႈ သွင်ႇၽၢႆႇလႆႈတႄႇပဵၼ်ပၢင်တိုၵ်းၵၼ်...

“ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်အတွင်း TNLA တပ်မှ SSPP တပ်ကို ဝင်ရောက် တိုက်ခိုက်မှုရှိ” ဆိုသည့်...

ယနေ့ ဇွန်လိုင်လ ၅ ရက် ညနေ ၅:၂၅ အချိန်မှာ SSPPInfo Facebook Page မှ "ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်အတွင်း TNLA တပ်မှ SSPP တပ်ကို...

မိုင်းနောင်မြို့နယ်မှာ မိုင်းနင်းမိတာကြောင့် ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ

မိုင်းနောင်မြို့နယ်မှာ မော်တော်ဆိုင်ကယ်မောင်းနင်နေသည့် ဒေသခံပြည်သူတစ်ဦးသည် RCSS ထောင် ထားသည့်မိုင်း နင်းမိခဲ့တာကြောင့် ဆိုင်ကယ်မောင်းနင်လာသူ အ မျိုးသား ထိခိုက်ဒဏ်ရာရခဲပြီး ဆိုင်ကယ် အရှေ့ပိုင်း ပျက်စီးဆုံးရှူံးခဲ့ရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်မြို့နယ်မှာ ဇွန်လိုင်လ၊ ၁...

လဲချားမြို့နယ် နှင့် ရပ်စောက်မြို့နယ်အတွင်းဒေသလုံ ခြုံရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် RCSS တပ်ဖွဲ့ ဝင်တစ်ချို့၏...

ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ၏ အထူးတပ်ဖွဲ့မှ ဒေသ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့များ ထောင်ထားသည့် လက်လုပ် မိုင်း အချို့ကို ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်နှင့်...

SSPP/SSA ယိုတ်းသိမ်းလႆႈ မၢၵ်ႇမႅင်း ဢၼ်ပႆႇတႅၵ်ႇ ၼႂ်း ၸေႈဝဵင်းလၢႆးၶႃႈ လႄႈ ၼႂ်းၸေႈဝဵင်းလွၵ်ႉၸွၵ်ႇ

သၢႆသိုၵ်းၶိုၵ်ႉတွၼ်း ၾၢႆႇၵူတ်ႇမူၺ်ႉမၢၵ်ႇ ၼႂ်းပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး တပ်ႉသိုၵ်းၸိုင်ႈတႆး SSPP/SSA လူင်း ၵူတ်ႇမူၺ်ႉမၢၵ်ႇ ဢၼ်ၸုမ်း ၶွင်ႇသီႇဢဝ်ၶိုၼ်းၸိုင်ႈတႆး RCSS ႁၢင်ႈၵၢင်ဝႆႉ ၼႂ်းၸေႈဝဵင်းလၢႆးၶႃႈ လႄႈ ၸေႈဝဵင်းလွၵ်ႉ ၸွၵ်ႇ ၸိုင်ႈတႆးပွတ်းၸၢၼ်း ၼၼ်ႉသေ...