မိုင်းနောင်မြို့နယ်မှာ မော်တော်ဆိုင်ကယ်မောင်းနင်နေသည့် ဒေသခံပြည်သူတစ်ဦးသည် RCSS ထောင် ထားသည့်မိုင်း နင်းမိခဲ့တာကြောင့် ဆိုင်ကယ်မောင်းနင်လာသူ အ မျိုးသား ထိခိုက်ဒဏ်ရာရခဲပြီး ဆိုင်ကယ် အရှေ့ပိုင်း ပျက်စီးဆုံးရှူံးခဲ့ရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်မြို့နယ်မှာ ဇွန်လိုင်လ၊ ၁ ရက်နေ့ နံနက် ၉ နာရီကျော် အချိန်က မော် တော်ဆိုင်ကယ် မောင်းနင်လာသူ အမျိုးသား တစ်ဦးသည် မန်ပန် နမ့်ဟူး ကျေးရွာအရှေ့ဘက် လမ်းပေါ် တစ်နေရာတွင် RCSS တပ်ဖွဲ့ဝင်များ ထောင်ထားသည့် မိုင်းကို နင်းမိပြီး ဆိုင်ကယ်မောင်းနင်သူ အမျိုး သားကို မိုင်းစ ထိမှန်ကာ ညာဘက်ပေါင်နှင့် ဘယ်ဘက်လက်မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ဒဏ်ရာရရှိသူ အမျိုးသားသည် အသက်(၄၀) နှစ် အရွယ် လားဟူလူမျိုး ဦးဂျာခူ ဆိုသူဖြစ်ပြီး ယခုချိန်ထိ နေ အိမ်မှာ ဆေးကုသ နေရသည်။
ထိုနေ့တစ်ရက်တည်းမှာပင် နေ့လည် ၁၃ နာရီကျော် အ ချိန်မှာ ရှမ်းတောင် လဲချားမြို့နယ် မန်စိမ်း (ဝၢၼ်ႈၸိင်း) ကျေးရွာအုပ်စုအတွင်းရှိ SSPP/SSA တပ်စခန်းတည်ရှိရာ တစ်နေရာကို RCSS တပ်ဖွဲ့ မှ ထိုး စစ်ဆင် တိုက်ခိုက်သည့်အတွက်ကြောင့် မိနစ် ၂၀ ဝန်းကျင်ကြာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရသည်။
တိုက်ပွဲဖြစ်ပွားပြီးသည့် နေရာများကို နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် RCSS တပ်သား ရုပ်အလောင်း (၁) လောင်း ၊ M16 သေနတ်အမျိုးအစား (၁) လက် ၊ စကားပြောစက် (၁) လုံး ၊ ကျည်ဆံအချို့ နှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများ အချို့ကို SSPP/SSA တပ်ဖွဲ့မှ သိမ်းဆည်းရမိခဲ့သည်။