News

News

Wednesday
July, 17

“ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်အတွင်း TNLA တပ်မှ SSPP တပ်ကို ဝင်ရောက် တိုက်ခိုက်မှုရှိ” ဆိုသည့် သ တင်း စာမျက်နှာ ပြန်ဖြုတ်ထားရခြင်း အပေါ် အသိပေးထုတ်ပြန်ချက်

ယနေ့ ဇွန်လိုင်လ ၅ ရက် ညနေ ၅:၂၅ အချိန်မှာ SSPPInfo Facebook Page မှ “ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်အတွင်း TNLA တပ်မှ SSPP တပ်ကို ဝင်ရောက်တိုက်ခိုက်မှုရှိ” ဆိုသည့်သတင်းခေါင်းစဥ်ဖြင့် ထုတ်ပြန်တင်ပြခဲ့ပြီး ဖြစ်သည်။

နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားရခြင်း အကြောင်း ‌
နှင့်ပါတ်သက်ပြီးPSLF/TNLA နှင့် SSPP/SSA ထိပ်ပိုင်းခေါင်းဆောင်များ ပြဿနာဖြေရှင်းနေချိန် PSLF/TNLA ဘက်မှ ၎င်းသတင်းကို ဖြုတ်ချပေးပါရန် တောင်းဆိုလာ သည့်အတွက်ကြောင့် SSPP/SSA အနေဖြင့် တိုင်းရင်း သား အချင်းချင်းကြား ပြန်လည်သင့်မြတ်ရေးအတွက် ရှေးရှူပြီး ညနေ ၆:၁၀ နာရီအချိန်မှာ ထိုသတင်းအား ဖြုတ်ချ ပေးခဲ့ခြင်း ဖြစ်သည်။

သို့သော် PSLF/TNLA ဘက်မှ တိုင်းရင်းသားမဟာမိတ် အချင်းချင်းကြား ပြန်လည်သင့်မြတ်ရေးကို မျက်ကွယ်ပြုပြီး PSLF/TNLA ၏ သတင်းနှင့်ပြန်ကြားရေး Facebook Page စာမျက်နှာမှာ (ဖမ်းစီးရမိသည့် စစ်သုံ့ ပန်းများအား သယ်ယူပို့ဆောင်စဥ် PSLF/TNLA သီပေါမြို့နယ်မှူး ပစ်သတ်ခံရပြီး နှစ်ဖက်တပ်ဖွဲ့ကြား အပြန် အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့) ဆိုသည့်သတင်းခေါင်းစဥ်ဖြင့် ပြန်လည်ဖော် ပြထားသည့်အတွက်ကြောင့် SSPP/SSA မှလည်း (ကျောက်မဲမြို့ နယ်နှင့် သီပေါမြို့နယ်အတွင်း TNLA တပ်မှ SSPP တပ်ကို ဝင်ရောက်တိုက်ခိုက်မူရှိ ) ဆိုသည့် သတင်းအမှန်ကို သတင်းမီဒီယာများနှင့် အများပြည်သူ သိရှိစေရန် အောက်ပါအတိုင်း ပြန်လည်ဖော်ပြအပ်ပါ သည်။

ကျောက်မဲမြို့နယ် နှင့် သီပေါမြို့နယ်အတွင်း TNLA တပ်မှ SSPP တပ်ကို ဝင်ရောက်တိုက်ခိုက်မှုရှိ

SSPP Info
ဇူလိုင်လ၊ ၅ ရက်နေ့

ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း နှင့် သီပေါမြို့နယ်အတွင်းတွင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ကို ၃ နေရာ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်မှု ရှိခဲ့ကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ (၅) ရက်နေ့ နံနက်ပိုင်း ၁၁ နာရီခွဲဝန်းကျင်မှ စတင်ကာ ကျောက်မဲမြို့နယ်၊ ခေးနင်းကျေးရွာ အုပ်စု လုပ်ပါ ကျေးရွာ၌ TNLA စစ်ကြောင်း တခုသည် အဆိုပါ အနီးရှိ SSPP/SSA တပ်စခန်းကို စတင် ပစ်ခတ် တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်မြေပြင် သတင်းရင်းမြစ်က ဆိုသည်။

“လုပ်ပါကျေးရွာမှာ တိုက်ပွဲစဖြစ်တာပါ။ အဲ့နေရာက လမ်းမကြီးနဲ့ ၇ မိုင်လောက်ဝေးတယ်။ TNLA က တမင်သက်သက် တိုက်ပွဲဖန်တီးသလို ဖြစ်နေတာ။ သူတိုဘက်ကပဲ စပြီးပစ်တာလေ။ အဲ့ဒါကြောင့် နှစ် ဖက်ထိတွေ့ပစ်ခတ်မှု ဖြစ်သွားတယ်” ဟု စစ်မြေပြင် သတင်းရင်းမြစ်က ဆိုသည်။

အဆိုပါ လုပ်ပါကျေးရွာ၌ နှစ်ဖက် တိုက်ပွဲဖြစ်ပွားပြီးသည့်နောက် ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာ အုပ်စု၊ နောင်ပိန်ကြီးကျေးရွာ အနီးမှာ လည်း TNLA တပ်သားများက SSPP တပ်ကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်မှု ထပ်မံ ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

ထိုအပြင် တစ်ချိန်တည်း၌ သီပေါမြို့နယ်၊ ကြံခင်းကျေး ရွာအုပ်စု၊ ကြံခင်းကျေးရွာ အတွင်းမှာလည်း TNLA တပ်က SSPP/SSA တပ်ကို ပစ်ခတ်တိုက်ခိုက်မှု ရှိခဲ့ကြောင်းလည်း အထက်ပါ သတင်းရင်းမြစ်က ဆက်ဆို သည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး “ဒီနေ့မှာပဲ ကျနော်တို့တပ် (SSPP) ကို TNLA တပ်တွေက ၃ နေရာ စပစ်ခတ် တိုက်ခိုက်ခဲ့တာ။ ၃ နေရာ စလုံးကို TNLA ဘက်ကပဲ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာတွေ ချည်းပဲ။ ဒီဖက်မှာ ကျနော်တို တပ်စခန်းရှိတယ်၊ စစ်ကြောင်းရှိတယ် ဆိုတာကို TNLA ဘက်ကို ကျနော်တိုက အသိပေး ပြောထားပြီးသား။ TNLA ဘက်က မဟာမိတ်ကျင့်ဝတ် လေးစားလိုက် နာမှု မရှိကြောင်း လုပ်ရပ်တွေက ဖော်ပြနေတယ်” ဟု SSPP/SSA စစ်မြေပြင် အရာရှိ တစ်ဦးက ပြောဆိုသည်။

အခင်းမဖြစ်ပွားခင် အချိန်ကတည်းကပင် သီပေါ – ကျောက်မဲ – နောင်ချို ကားလမ်း အရှေ့ဘက်ခြမ်း တစ် လျှောက်၌ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ် မတော် (SSPP/SSA) မှ လုံခြုံရေး တပ်ချ ဖြန့် ကျက်နေရာယူထားသည့် အကြောင်း TNLA ကို အသိပေး အကြောင်း ကြားမှု ရှိခဲ့သည်ဟု SSPP/SSA စစ်မြေပြင် အရာရှိက ဆိုသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားမှု နှင့် ပတ်သက်ပြီး ပြဿနာများ မကြီးထွားလာစေရေးအတွက် အောက်ခြေ တပ် သားများကို ထိန်းသိမ်းကြပ်မတ်ရန် SSPP/SSA တပ်မှ PSLF/TNLA တာဝန်ရှိသူများထံသို့ ဆက်သွယ် ပြောကြား ခဲ့ကြောင်းလည်း သိရသည်။

ထိုအပြင် PSLF/TNLA သည် မဟာမိတ်တပ်ဖွဲဖြစ်သည့် SSPP/SSA တပ်ဖွဲ့အပေါ် မိုင်းယုလေး အနီး စစ်ရေးအ သာစီးရယူပြီး တိုက်ခိုက်မှု ၊ ပြီးခဲ့သည့် နိုဝင်ဘာလ၊ ၇ ရက် ၊ ၂၀၂၃ ခုနှစ်မှာ ထုန့်မောဝ် ဒေသမှ SSPP/SSA တပ်သား နှင့် မြို့နယ်မှူးကို ပစ်ခတ် သတ်ဖြတ်မှု နှင့် နယ် မြေကျူးကျော်မှု စသည်တို့ကို လုပ်ဆောင်ခဲ့သော် လည်း မည်သည့်တာဝန်ယူမှု၊ တာဝန်ခံမှု ဖြေရှင်းခဲ့ခြင်းလည်း မရှိကြောင်း တွေ့ရသည်။

SSPPInfo

shanstateprogressparty

shanstatearmy

တိုက်ပွဲ

SSPPSSA

tnla

Find us on

Latest articles

- Advertisement - spot_img

Related articles

ရှမ်းမြောက် မိုင်းရယ်မြို့ကို SSPP/SSA မှ စစ်အင်အား ထောင်နှင့်ချီ ဝင်ရောက် တပ်စွဲ

ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ် အတွင်း ဒေသတည် ငြိမ်ရေးနှင့် ပြည်သူ့လုံခြုံရေး အတွက် ရည်ရွယ်ပြီး SSPP/SSA မှ စစ်အင်အား ၁၀၀၀ ကျော်သည် ယမန်နေ့ ဇူလိုင်လ ၁၂ ရက်နေ့...

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နှင့် TNLA တို့ ၃ နေရာ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ

ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA အခြေချတပ်စွဲထားသည့် စခန်းများကို တအာင်း လွတ်မြောက်ရေးတပ်မတော် TNLA က ဇူလိုင်လ ၅ ရက်နေ့တွင် ဝင်ရောက် တိုက်ခိုက်ရာမှ အပြန်လှန် တိုက်ခိုက် မှု...

ပၢင်တိုၵ်း SSPP/SSA တင်း TNLA – 3 ဢွင်ႈတီႈ သွင်ၽၢႆႇမီးလွင်ႈတူၵ်းသုမ်း

တပ်ႉသိုၵ်းၸိုင်ႈတႆး SSPP/SSA ဢၼ်ပၵ်းသဝ်းဝႆႉယူႇတီႈ ဝၢၼ်ႈလုၵ်းပႃ ၽၢႆႇၸၢၼ်း တၢင်းၵႃးလူင် မိူင်းႁူမ်ႈတုမ် ယၢၼ်ၵႆမွၵ်ႈ 7 လၵ်းၼၼ်ႉ ၽၢႆႇတပ်ႉ TNLA ၶဝ်ႈၵႂႃႇယိုဝ်းသႂ်ႇ ၵူၼ်းပႂ်ႉၵိၵ်ႉ SSPP/SSA လႄႈ သွင်ႇၽၢႆႇလႆႈတႄႇပဵၼ်ပၢင်တိုၵ်းၵၼ်...

လဲချားမြို့နယ် နှင့် ရပ်စောက်မြို့နယ်အတွင်းဒေသလုံ ခြုံရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် RCSS တပ်ဖွဲ့ ဝင်တစ်ချို့၏...

ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ၏ အထူးတပ်ဖွဲ့မှ ဒေသ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့များ ထောင်ထားသည့် လက်လုပ် မိုင်း အချို့ကို ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်နှင့်...

SSPP/SSA ယိုတ်းသိမ်းလႆႈ မၢၵ်ႇမႅင်း ဢၼ်ပႆႇတႅၵ်ႇ ၼႂ်း ၸေႈဝဵင်းလၢႆးၶႃႈ လႄႈ ၼႂ်းၸေႈဝဵင်းလွၵ်ႉၸွၵ်ႇ

သၢႆသိုၵ်းၶိုၵ်ႉတွၼ်း ၾၢႆႇၵူတ်ႇမူၺ်ႉမၢၵ်ႇ ၼႂ်းပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး တပ်ႉသိုၵ်းၸိုင်ႈတႆး SSPP/SSA လူင်း ၵူတ်ႇမူၺ်ႉမၢၵ်ႇ ဢၼ်ၸုမ်း ၶွင်ႇသီႇဢဝ်ၶိုၼ်းၸိုင်ႈတႆး RCSS ႁၢင်ႈၵၢင်ဝႆႉ ၼႂ်းၸေႈဝဵင်းလၢႆးၶႃႈ လႄႈ ၸေႈဝဵင်းလွၵ်ႉ ၸွၵ်ႇ ၸိုင်ႈတႆးပွတ်းၸၢၼ်း ၼၼ်ႉသေ...

RCSS မှ မိုင်းထောင်တိုက်ခိုက်မူများကြောင့် SSPP/SSA နှင့် ဒေသခံ ပြည်သူတစ်ချို့ ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းနောင်မြို့နယ်အတွင်း လူပ်ရှားနေသည့် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည် တပ် မတော် SSPP/SSA စစ်ယာဉ်တန်းကို ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲဝင်တစ် ချို့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့...