News

News

Monday
June, 24

SSPP စစ်ကြောင်းကို RCSS က ထပ်မံ မိုင်းဆွဲတိုက်ခိုက်

ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ် နှင့် ရပ်စောက်မြို့နယ်ထဲက ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည် တပ်မတော် SSPP/SSA စစ်ကြောင်းကို ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့ဝင်တွေက ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ရပ်စောက်မြို့နယ် တောင်ထိပ်ကျေးရွာ(ဝၢၼ်ႈတွင်ႇထိၵ်ႈ) ရဲ့ တောင်ဘက် အရပ်မှာ ပတ်ကင်း လှည့်နေသည့် SSPP/SSA တပ်ဖွဲ့ဝင်တစ်ချို့ကို ပြီးခဲ့သည့် ဇွန်လ ၆ ရက် နံနက် (၉) နာရီအချိန်မှာ RCSS တပ်ဖွဲ့ဝင်တစ်ချို့က မိုင်းဆွဲတိုက်ခိုက် ခဲ့သည်။ မိုင်း(၆)လုံး ဆက်တိုက် ပေါက် ကွဲကာ SSPP/SSA တပ်သား တစ်ဦး မိုင်းစထိပြီး အနည်း ငယ် ဒဏ်ရာရရှိခဲ့သည်။

ဇွန်လ ၄ရက် နံနက် ၅ နာရီကျော် အချိန်တွင်လည်း ဟိုပုံးမြို့နယ် မိုင်းပြင်းကျေးရွာအုပ်စု ကျောက်ငတ် ကျေးရွာအနီးက RCSS ထောင်မိုင်း တစ်လုံး ပေါက်ကွဲခဲ့သည်။

ဇွန်လ ၂ ရက် နံနက် ၆ နာရီအချိန် မှာလဲ ရပ်စောက်မြို့ နယ် ကျိုင်းခမ်းကျေးရွာအုပ်စု လွယ်တန် ကျေးရွာ (ဝၢၼ်ႈလွႆတင်ႈ) နှင့် မက်လန်း ကျေးရွာ (ဝၢၼ်ႈမၢၵ်ႇလၢင်း)ကြား လုပ်ရှား သွားလာသည့် SSPP/SSA စစ်ကြောင်းကို RCSS တပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ မိုင်းတစ်လုံး ပေါက်ကွဲခဲပြီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း (၃) လုံးကို SSPP/SSA တပ်ဖွဲဝင်တွေက ဤနေရာတွင်ပင် သိမ်းဆည်း ရမိခဲ့ပါသည်။

ထိုနည်းတူ ဇွန်လ ၁ ရက်နေ့ နံနက် ၆:၃၀ နာရီ အချိန် မှာလဲ ဟိုပုံးမြို့နယ် မိုင်းပျဉ်းကျေးရွာအုပ်စု မိုင်းပျဉ်း ကျေး ရွာအနောက်ဘက် ကျောက်ငတ် ကျေးရွာ (ၵျွၵ်ႉငၢၵ်ႈ) လမ်းခွဲမှာ လုပ်ရှားနေသည့် SSPP/SSA စစ်ကြောင်းကို RCSS က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

လက်ရှိ ဇွန်လ အစပိုင်းမှာပင် RCSS တပ်ဖွဲ့မှ SSPP/SSA တပ်ဖွဲ့ကို အထက်ဖော်ပြပါအတိုင်း (၄) ကြိမ်တိုင် ထပ်မံ မိုင်းဆွဲတိုက်ခိုက် ခဲ့ပြီဖြစ်ပြီး ၎င်းတိုက်ခိုက်မူကြောင့် SSPP/SSA တပ်သားတစ်ဦး ဒဏ်ရာအနည်းငယ်ရရှိပြီး စစ်ယာဥ်တန်း မော်တော်ယာဥ် တစ်စီးပါ အနည်းငယ် ထိခိုက်ပျက်စီးခဲ့ရသည်။

ဒေသခံပြည်သူများ သတင်းပေးပို့မူကြောင့် မပေါက်ကွဲ သေးသည့် RCSS ထောင်မိုင်း (၂၀) လုံး နီးပါးကိုလဲ SSPP/SSA ဘက်က လိုက်လံရှင်းလင်း သိမ်းဆည်း ရမိ ခဲ့ပါသည်။

ရှမ်းတပ်နှစ်ဖွဲ့ဖြစ်သည့် SSPP နှင့် RCSS သည် နှစ်ဖက်ပေါင်းစည်းနိုင်ရေး အတွက် ပြီးခဲ့သည့် နိုဝင်ဘာလ၊ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်မှာ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မူ ရပ်စဲကြောင်း သဘောတူကြေညာစာ ထုတ်ပြန်ပြီး နောက်ပိုင်း ၂၀၂၄ ခုနှစ်အတွင်း မတ်လမှာ (၁) ကြိမ် ၊ မေလမှာ(၆) ကြိမ် ၊ ဇွန်လမှာ(၄) ကြိမ် စုစုပေါင်း (၁၁) ကြိမ်တိုင် RCSS က မိုင်းဆွဲတိုက်ခိုက်နည်း ၊ ခြုံခိုတိုက်ခိုက်နည်းများ အ သုံးပြုပြီး SSPP/SSA တပ်ဖွဲ့အပေါ် ကျူးကျော်တိုက် ခိုက်ခဲ့သည်။

သို့သော် ရှမ်းတပ်နှစ်ဖွဲ့ ပေါင်းစည်းနိုင်ရေးကို ရှေးရူပြီး SSPP/SSA တပ်ဖွဲ့မှ လက်ရှိအချိန်ထိ RCSS တပ်ဖွဲ့အ ပေါ် တုံ့ပြန်တိုက်ခိုက်ခြင်း ၊ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ တစ်ကြိမ်တစ်ခါမျှ မပြုလုပ်ရသေးပဲ RCSS ကသာ SSPP/SSA စစ်ကြောင်းတွေကို လိုက်လံ တိုက်ခိုက်နေတာ ဖြစ်သည်။

shanstateprogressparty

shanstatearmy #SSPPInfo

မိုင်းဆွဲတိုက်ခိုက်

#RCSS

Find us on

Latest articles

- Advertisement - spot_img

Related articles

လူတ်ႉၶိူင်ႈ လႄႈ လူတ်ႉၵႃး ၽႃႇၺႃးၵၼ် ၼႂ်းၸေႈဝဵင်းမိူင်းၼွင် ၵူၼ်းႁေႃႈလူတ်ႉၶိူင်ႈ မၢတ်ႇၸဵပ်းႁၢဝ်ႈႁႅင်း

လူတ်ႉၶိူင်ႈ လႄႈ လူတ်ႉၵႃး ႁေႃႈၽႃႇၺႃးၵၼ် ၼႂ်းၸေႈဝဵင်းမိူင်းၼွင် ၸေႈတွၼ်ႈမိူင်းသူႈ ၸိုင်ႈတႆးပွတ်း ၸၢၼ်း ၵူၼ်းႁေႃႈလူတ်ႉၶိူင်ႈ တိူဝ်ႉၺႃး တီႈၶႃလူင် မၢတ်ႇၸဵပ်းႁၢဝ်ႈႁႅင်း ၼႆယူႇယဝ်ႉ။ မိူဝ်ႈၼႆႉ လိူၼ်ၵျူၼ်ႇ 23 ဝၼ်း ၶၢဝ်းယၢမ်း...

RCSS မှ မိုင်းထောင်တိုက်ခိုက်မူများကြောင့် SSPP/SSA နှင့် ဒေသခံ ပြည်သူတစ်ချို့ ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းနောင်မြို့နယ်အတွင်း လူပ်ရှားနေသည့် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည် တပ် မတော် SSPP/SSA စစ်ယာဉ်တန်းကို ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲဝင်တစ် ချို့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့...

RCSS လုၵ်ႉၼႂ်းၼႃႈတီႈသိုၵ်းၵူၼ်းမိူင်း ၵႃလိ မႃးၸၼ်မၢၵ်ႇသႂ်ႇ SSPP/SSA ၼႂ်းၸေႈဝဵင်းမိူင်းၼွင်

ၸုမ်းၶွင်ႇသီႇဢဝ်ၶိုၼ်းၸိုင်ႈတႆး RCSS လုၵ်ႉဢဝ်ၼႂ်းၼႃႈတီႈ သိုၵ်းၵူၼ်းမိူင်း ၵႃလိ သေ ၶၢမ်ႈၼမ်ႉပၢင် မႃးၸၼ်မၢၵ်ႇသႂ်ႇ သၢႆသိုၵ်း SSPP/SSA ၼႂ်းၸေႈဝဵင်း မိူင်းၼွင် ၸိုင်ႈတႆးပွတ်းၸၢၼ်း။ မိူဝ်ႈဝႃး လိူၼ်ၵျူၼ်ႇ 21 ဝၼ်း ၶၢဝ်းယၢမ်းၵၢင်ၼႂ်...

RCSS က အကြိမ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်နေပေမယ့် ရှမ်းလူထုအတွက် နောက်ဆုံး အချိန်ထိ စိတ်ရှည်...

တည်းဖြတ် - ခမ်းစက်SSPPInfoဇွန်လ၊ ၁၃ ရက်၊ ၂၀၂၄ ခုနှစ် shanstateprogressparty shanstatearmy #SSPPInfo RCSS #မိုင်းဆွဲတိုက်ခိုက်

RCSS ပွႆႇသိုၵ်းမူၵ်းဝႆႉ လႄႈ ၽႃႇၺႃးသၢႆသိုၵ်း SSPP ၼႂ်းဢိူင်ႇပၢင်သၵ်း

RCSS ပွႆႇသိုၵ်းမူၵ်းဝႆႉၼႂ်း ၼႂ်းဢိူင်ႇပၢင်သၵ်း ၸေႈဝဵင်းမိူင်းၵိုင် လႄႈ လႆႈၽႃႇၺႃး သၢႆသိုၵ်းၾၢႆႇႁူမ်ႇလူမ်ႈ SSPP/SSA သေ သွင်ၾၢႆႇ လႆႈပိုတ်းယိုဝ်းပဵၼ်ပၢင်တိုၵ်းၵၼ် ၸူဝ်ႈၵႅပ်ႉ ၊ ၾၢႆႇပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး တပ်ႉသိုၵ်းၸိုင်ႈတႆး SSPP/SSA ယိုတ်းသိမ်းလႆႈ...