News

News

Wednesday
July, 17

RCSS မှ မိုင်းထောင်တိုက်ခိုက်မူများကြောင့် SSPP/SSA နှင့် ဒေသခံ ပြည်သူတစ်ချို့ ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းနောင်မြို့နယ်အတွင်း လူပ်ရှားနေသည့် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည် တပ် မတော် SSPP/SSA စစ်ယာဉ်တန်းကို ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲဝင်တစ် ချို့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇွန်လ ၂၁ ရက် နံနက် ၈ နာရီခွဲ အချိန်မှာ RCSS တပ်ဖွဲ့ဝင်တစ်ချို့မှ ရှမ်းပြည်နယ်တောင်ပိုင်း (ကာလိ) ဌာနေပြည်သူ့စစ် နယ်မြေမှ မိုင်းနောင်မြို့နယ် နမ့်စန် – တာဆမ်ပူး လမ်းပိုင်းရှိ ဟန်နားလုံကျိန် ကျေးရွာအနီး သွားလာ လုပ်ရှားသည့် SSPP/SSA စစ်ယာဉ်တန်း တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ကြောင့် ယာဉ်ပေါ် လိုက်ပါလာသည့် ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာအနည်းငယ် ရရှိပြီး ယဉ်တန်းနေရာတစ်ချို့ ထိခိုက် ပျက်စီးသွားခဲသည်။ ထိုနည်းတူ နေ့ခင်း ၁၂ နာရီဝန်းကျင် အချိန်ခန့်တွင် မိုင်းယန်းကျေးရွာအုပ်စု ပန်ပျဉ် (ဝၢၼ်ႈပၢင်ႇပႅၼ်ႈ) ကျေးရွာ အနီး မိုင်းထောင်တိုက်ခိုက်မူ ဖြစ်ပွားခဲ့ပြီး ရွာအုပ်ချုပ်ရေးမှူး ဦးကျေးလီ ဆိုသူ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ရသည်။

ထိုနေ့တစ်ရက်တည်းမှာပင် ရှမ်းတောင် ရပ်စောက်မြို့ နယ်အတွင်း နားစံကျေးရွာ(ဝၢၼ်ႈၼႃးၸၢမ်)မှ ရပ် စောက်မြို့သို့ဆက်သွယ်ထားသည့် လမ်းမပေါ်တွင် SSPP/SSA စစ်ကြောင်းမှ ဒေသလုံခြုံရေးအတွက် ဆောင် ရွက်နေစဉ် မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း (၁၅) လုံး သိမ်းဆည်းရမိခဲ့ပါသည်။

ယခု ဇွန်လ အတွင်း RCSS မှ SSPP/SSA တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း (၂) ကြိမ် ၊ မိုင်းဆွဲ တိုက်ခိုက်ခြင်း (၈) ကြိမ် နှင့် မိုင်းထောင်တိုက်ခိုက်မူများကြောင့် ဒေသခံပြည်သူ(၂) ဦး ထိခိုက်ဒဏ်ရာ ပြင်း ထန်စွာ ရရှိပြီး ပြည်သူပိုင် လယ်ထွန်စက်တစ်စီး ၊ မော်တော်ယာဉ် တစ်စီးထိခိုက်ပျက်စီးခဲ့ကာ ဒေသခံ ပြည်သူများ သတင်း ပေး၍သော်လည်းကောင်း ဒေသလုံခြုံရေး ဆောင်ရွက်နေစဉ် သော်လည်းကောင်း မပေါက်ကွဲသေးသည့် လက် လုပ်မိုင်း အလုံး(၂၀) ကျော်ကိုလည်း SSPP/SSA မှ သိမ်း ဆည်း ရမိခဲ့သည်။

shanstateprogressparty

shanstatearmy #SSPPInfo

RCSS #SSPP

မိုင်းဆွဲတိုက်ခိုက်

Find us on

Latest articles

- Advertisement - spot_img

Related articles

ရှမ်းမြောက် မိုင်းရယ်မြို့ကို SSPP/SSA မှ စစ်အင်အား ထောင်နှင့်ချီ ဝင်ရောက် တပ်စွဲ

ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ် အတွင်း ဒေသတည် ငြိမ်ရေးနှင့် ပြည်သူ့လုံခြုံရေး အတွက် ရည်ရွယ်ပြီး SSPP/SSA မှ စစ်အင်အား ၁၀၀၀ ကျော်သည် ယမန်နေ့ ဇူလိုင်လ ၁၂ ရက်နေ့...

ၸုမ်းၵေႃႊႁူမ်ႈမိုဝ်းပွင်ၵၢၼ် ၸွႆႈထႅမ်ၵူၼ်းပၢႆႈၽေးပၢင်တိုၵ်း ၼႂ်းၸေႈဝဵင်းၵျွၵ်ႉမႄး

ၸုမ်းၵေႃႊႁူမ်ႈမိုဝ်းပွင်ၵၢၼ် ဢၼ်ပဵၼ် မုၵ်ႉၸုမ်းတီႇမူဝ်ႇၶရေႇၸီႇၸၢဝ်းၶိူဝ်းတႆး SNLD လႄႈ ပႃႇတီႇမႂ်ႇသုင် ၸိုင်ႈတႆး SSPP ႁူမ်ႈၵၼ်သေ ၸွႆႈထႅမ်ၵူၼ်းပၢႆႈၽေး ပၢင်တိုၵ်း တီႈၼႂ်းၸေႈဝဵင်းၵျွၵ်ႉမႄး ၸိုင်ႈတႆးပွတ်းႁွင်ႇ ၼႆယူႇယဝ်ႉ။ မိူဝ်ႈလိူၼ်ၵျူႇလၢႆႇ 7 ဝၼ်း ဢၼ်ပဵၼ်...

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နှင့် TNLA တို့ ၃ နေရာ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ

ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA အခြေချတပ်စွဲထားသည့် စခန်းများကို တအာင်း လွတ်မြောက်ရေးတပ်မတော် TNLA က ဇူလိုင်လ ၅ ရက်နေ့တွင် ဝင်ရောက် တိုက်ခိုက်ရာမှ အပြန်လှန် တိုက်ခိုက် မှု...

ပၢင်တိုၵ်း SSPP/SSA တင်း TNLA – 3 ဢွင်ႈတီႈ သွင်ၽၢႆႇမီးလွင်ႈတူၵ်းသုမ်း

တပ်ႉသိုၵ်းၸိုင်ႈတႆး SSPP/SSA ဢၼ်ပၵ်းသဝ်းဝႆႉယူႇတီႈ ဝၢၼ်ႈလုၵ်းပႃ ၽၢႆႇၸၢၼ်း တၢင်းၵႃးလူင် မိူင်းႁူမ်ႈတုမ် ယၢၼ်ၵႆမွၵ်ႈ 7 လၵ်းၼၼ်ႉ ၽၢႆႇတပ်ႉ TNLA ၶဝ်ႈၵႂႃႇယိုဝ်းသႂ်ႇ ၵူၼ်းပႂ်ႉၵိၵ်ႉ SSPP/SSA လႄႈ သွင်ႇၽၢႆႇလႆႈတႄႇပဵၼ်ပၢင်တိုၵ်းၵၼ်...

“ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်အတွင်း TNLA တပ်မှ SSPP တပ်ကို ဝင်ရောက် တိုက်ခိုက်မှုရှိ” ဆိုသည့်...

ယနေ့ ဇွန်လိုင်လ ၅ ရက် ညနေ ၅:၂၅ အချိန်မှာ SSPPInfo Facebook Page မှ "ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်အတွင်း TNLA တပ်မှ SSPP တပ်ကို...

ၽူႈမီးၼမ်ႉၸႂ်ၸေႇတၼႃႇ ၸွႆႈထႅမ်လွင်ႈၵိၼ်ယႅမ်ႉတီႈ ၵေႃႉသိုၵ်းၵေႃႉႁၢၼ် SSPP/SSA ဢၼ်မီးၼႂ်းၼႃႈ သိုၵ်း ၸိုင်ႈတႆးပွၼ်းၸၢၼ်း

ၽူႈမီးၼမ်ႉၸႂ် ၸေႇတၼႃႇ ဢၼ်ယူႇၼႂ်းၸေႈဝဵင်းလွၵ်ႉ ၸွၵ်ႇ ၵေႃႉၼိုင်ႈ ၸွႆႈထႅမ်လွင်ႈၵိၼ်ယႅမ်ႉ တႃႇၵေႃႉ သိုၵ်း ၵေႃႉႁၢၼ် SSPP/SSA ဢၼ်မီးယူႇ ၼႂ်းၼႃႈသိုၵ်း ၸိုင်ႈတႆးပွတ်းၸၢၼ်း ၼၼ်ႉၼႆယူႇယဝ်ႉ။ မိူဝ်ႈလိူၼ်ၵျူႇလၢႆႇ 2 ဝၼ်းၼၼ်ႉ ၵူၼ်းမိူင်း...