ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ၏ အထူးတပ်ဖွဲ့မှ ဒေသ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့များ ထောင်ထားသည့် လက်လုပ် မိုင်း အချို့ကို ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်နှင့် ရပ်စောက်မြို့နယ်အတွင်းမှာ ထပ်မံ သိမ်းဆည်း ရမိ ခဲ့သည်။
ယမန်နေ့ ဇွန်လ ၂၄ ရက် နေ့လည် ၁၂ နာရီ ဝန်းကျင်အ ချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ဟိုင်းသျှန်ကျေးရွာ အုပ်စု(ဢိူင်ႇႁၢႆးသႅင်) အတွင်း အရပ်ဝတ်ဖြင့် RCSS တပ်ဖွဲ့ဝင်တစ်ချို့ မိုင်းထောင်ဖို့စီစဉ်နေကြောင်း အမည်မ ဖော်လိုသည့် ဒေသခံပြည်သူ၏ သတင်းပေးပို့မူကြောင့် SSPP/SSA တပ်ဖွဲ့ဝင်များမှ ဒေသလုံခြုံရေးအတွက် နယ် မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဝမ်လုတ် ကျေးရွာ(ဝၢၼ်ႈလုၵ်း) အနီးရှိ ဒေသခံသွား လာဖြတ်သန်း နေသည့် တံတားတစ်စင်း၏ အောက်နှင့် ဘေးနေရာမှာ မပေါက်ကွဲသေသည့် လက်လုပ်မိုင်း (၃) လုံး သိမ်းဆည်းရ မိခဲ့သည်။
ထိုနေ့တစ်ရက်တည်းမှာပင် နံနက် ၈ နာရီကျော်အချိန်က ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် မိုင်း ပျဉ်း ကျေးရွာအုပ်စု (ဢိူင်ႇမိူင်းပဵင်း) လဲချားကျေးရွာ အရှေ့ဘက်အရပ် တစ်နေရာမှာ SSPP/SSA တပ်ဖွဲ့ဝင်မှ နယ် မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် အများပြည်သူသွားလာနေကြဖြစ်သည့် လမ်းပေါ်မှာ မိုင်းများ ထောင်ရန် စီစဉ်နေသည့် RCSS တပ်ဖွဲ့ဝင် တစ်ချို့နှင့် ၅ မိနစ်ခန့်အကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရ သည်။
တိုက်ပွဲ ဖြစ်ပွားပြီးသည့် နေရာများကို လုံခြုံရေးလုပ်ငန်းများ အသေးစိတ် ဆောင်ရွက်ရာမှာ RCSS တပ်ဖွဲ့မှ ဆုတ် ခွာထွက်ပြေးစဉ် ကျန်ရှိခဲ့သည့် လက်လုပ်မိုင်း (၃) လုံး နှင့် ဆက်စပ်ပစ္စည်းအချို့ကို ထပ်မံသိမ်းဆည်း ရမိ ခဲ့သည်။
ယခု ဇွန်လ အတွင်း RCSS မှ SSPP/SSA တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း (၂) ကြိမ် ၊ မိုင်းဆွဲ တိုက် ခိုက်ခြင်း (၁၀) ကြိမ် နှင့် မိုင်းထောင်တိုက်ခိုက်မူများကြောင့် ဒေသခံပြည်သူ(၂) ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိပြီး ပြည်သူပိုင် လယ်ထွန်စက်တစ်စီး ၊ မော် တော်ယာဉ် တစ်စီးထိခိုက်ပျက်စီးခဲ့ကာ ဒေသခံ ပြည်သူများ သ တင်းပေး၍သော်လည်းကောင်း ဒေသလုံခြုံရေးလုပ် ငန်းများ ဆောင်ရွက်နေစဉ် သော်လည်းကောင်း မပေါက် ကွဲသေးသည့် လက်လုပ်မိုင်း အလုံး(၃၀) ဝန်းကျင်ကိုလည်း SSPP/SSA မှ သိမ်းဆည်း ရမိခဲ့သည်။