News

News

Thursday
September, 19

SSPPInfo Page အတု ပေါ်ပေါက်နေခြင်းနှင့် ပတ်သက် ၍ သတိပြုကြရန် အသိပေးခြင်း

ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA အား ကိုယ်စားပြုသည့် SSPPInfo Facebook စာ မျက်နှာကို ထိုးနှက်တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် မသမာသူတစုက Facebook စာမျက်နှာ အတု ဖန်တီး ပြုလုပ်ခဲ့ကြောင်း အထူးသတိပေး အကြောင်းကြားအပ်ပါသည်။

Followers 158 K ရှိသည့် မိမိတို့ SSPPInfo Facebook စာမျက်နှာ အစစ်ကို ၂၀၁၅ ခုနှစ် ဇူလိုင် ၁၆ ရက်နေ့က စတင်ထူထောင်ခဲ့ခြင်း ဖြစ်ပြီး ယခု အချိန်ထိ အဆိုပါ Facebook စာမျက်နှာ တခုထဲမှသာ SSPP/SSA နှင့် ပတ် သက်သည့် သတင်းများ၊ ထုတ်ပြန် ကြေညာချက်များကို ရေးသားဖော်ပြနေပါသည်။

ယခု ရက်ပိုင်း အတွင်း SSPP/SSA အပေါ် မိဘပြည်သူ များ ထင်ယောင်ထင်မှားဖြစ်စေရန်နှင့် သတင်းအချက် အလက်များကို လွဲမှားသိစေရန် ရည်ရွယ်ပြီး SSPPinfo Facebook စာမျက်နှာနှင့် ပုံစံတူ စာမျက်နှာ တခုကို မသမာသူ ရန်သူက ဖန်တီးပြုလုပ်ခဲ့ကြောင်း တွေ့ရှိရပါသည်။ SSPPInfo Facebook စာမျက်နှာ အတုသည် 71 Likesနှင့် 225 Followers သာရှိပြီး ၎င်းစာမျက်နှာတွင် SSPP/SSA (ဗမာ ဘာသာ သတင်းထုတ်ပြန်ရေး) ဟု ရေးသား ဖော်ပြထားပါသည်။

အဆိုပါ Facebook စာမျက်နှာ ‌အတုသည် မိမိတို့ SSPPinfo Facebook စာမျက်နှာမှ ရေးသားခဲ့သော သ တင်းများကို ယခုနှစ် မေလ ၈ ရက်နေ့မှ စတင်ကာ ပြန်လည်ကူးယူ ဖော်ပြခဲ့ကြပြီး လူမျိုး‌ရေး ပဋိပက္ခ ဖြစ်စေမည့် လုပ်ကြံဖန်တီးထားသည့် သတင်းများကိုလည်း အခါအားလျော်စွာ ထည့်သွင်းရေးသားနေကြောင်း စစ် ဆေး တွေ့ရှိရပါသည်။

သတင်းဌာန အချို့မှလည်း အဆိုပါ Facebook စာမျက် နှာ အတုမှ ရေးသားသည့် သတင်းများကို စစ်ဆေးမှု မရှိပဲ ပြန်လည်ကူးယူ ဖော်ပြခြင်း၊ ကိုးကားဖော်ပြခြင်းများ ပြုလုပ်နေသည်ကို တွေ့ရပါသည်။ ယင်းကဲ့သို့ ဖော်ပြခဲ့သည့် သတင်းမှန်သမျှသည် SSPP/SSA နှင့် လုံးဝ မသက် ဆိုင်ကြောင်း SSPPinfo မှ မိဘပြည်သူများနှင့် သ တင်းဌာနများအားလုံးကို အသိပေး အကြောင်းကြားပါ သည်။

SSPPinfo Facebook စာမျက်နှာ အတုမှ ကူးယူ ကိုးကား ဖော်ပြရေးသားခဲ့ကြသည့် သတင်းဌာနများ အနေဖြင့် လည်း မှားယွင်းစွာ ဖော်ပြမိကြောင်းကို စာနယ်ဇင်း ကျင့်ဝတ်နှင့် အညီ တာဝန်ခံမှုဖြင့် စာဖတ်ပရိသတ်ကို ချက်ခြင်းလက်ငင်း အသိပေး အကြောင်းကြားရန် လိုအပ်သလို သတင်းစာမျက်နှာပေါ်မှလည်း ပြန်လည် ဖြုတ်ချပေးရန် တာဝန်ရှိကြောင်း SSPP/SSA က အသိပေး ‌တောင်းဆိုပါသည်။

SSPPInfo အမည်တူ Facebook စာမျက်နှာ နှစ်ခုကို အ စစ်နှင့် အတုခွဲခြားနိုင်ရန် အောက်တွေ ပုံနှင့်တကွ ဖော်ပြထားပါသည်။

shanstateprogressparty

shanstatearmy #SSPPInfo

စာမျက်နှာအတု

အသိပေးခြင်း

Find us on

Latest articles

- Advertisement - spot_img

Related articles

ဝမ်ဟိုင်း ဌာနချုပ် သို့ ရှောက်ရှိကြသည့် စစ်ဘေးရှောင်ပြည်သူများကို SSPP/SSA မှ စားသောက်ဖွယ်ရာများ ကူညီ

ရှမ်းပြည်တောင်ပိုင်း ဝမ်ဟိုင်းမြို့သစ် သို့် ရောက်ရှိကြသည့် စစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်သည့် စားသောက် ဖွယ်ရာအကူအညီများကို ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA မှ စက်တင်ဘာ လ ၇ ရက်နေ့တွင် သွားရောက်ကူညီခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း...

မူရင်းတပ်ဖွဲ့ထံ ပြန်လည်ရောက်ရှိလာကြသည့် စိန်ကျော့ပြည်သူ့စစ်ကို SSPP/SSA က ကြိုဆို

မူရင်းတပ်ဖွဲ့ထံ တာဝန်ထမ်းဆောင်ရန် ပြန်လည် ရောက်ရှိလာကြသည့် စိန်ကျော့ဌာနေ ပြည်သူ့စစ်များအား ဝမ်းမြောက်ကြိုဆိုသည့် အခမ်းအနားတစ်ခုကို ယနေ့ စက်တင်ဘာလ ၅ ရက် နံနက်ပိုင်းအချိန်၌ ရှမ်းပြည် တိုး...

ရှမ်းမြောက် – ရှမ်းတောင် ဆက်သွယ်ထားသည့် ‌တာဆင်တံတားဖွင့်ပွဲ အခမ်းအနား ကို SSPP/SSA ကျင်းပပြုလုပ်

ရှမ်းမြောက် မိုင်းရယ်မြို့နယ် နဲ့ ရှမ်းတောင် မိုင်းရှူးကို အဓိက ဆက်သွယ်ထားတဲ့ မြို့နယ်ချင်းဆက် လမ်းပေါ်က တာဆင်တံတား ဖွင့်ပွဲ အခမ်းအနား ကို ဒီနေ့ စက်တင်...

SSPP/SSA ၸတ်းႁဵတ်း ပၢင်ၵႅဝ်ႈႁပ်ႉႁူမ်ၸူမ်းတွၼ်ႈ တပ်ႉသိုၵ်း (သႅင်ၵႅဝ်ႉ) ၶဝ်ႈမႃးႁၢပ်ႇထၢမ်းၼႃႈၵၢၼ် ၶိုၼ်း ၼႂ်းပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး၊ တပ်ႉသိုၵ်းၸိုင်ႈတႆး

ငဝ်ႈငုၼ်း ပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး ၊ တပ်ႉသိုၵ်းၸိုင်ႈတႆး SSPP/SSA ၸတ်းႁဵတ်းပၢင်ၵႅဝ်ႈ ႁပ်ႉႁူမ်ၸူမ်းတွၼ်ႈ တပ်ႉသိုၵ်းၵူၼ်းမိူင်း (သႅင်ၵႅဝ်ႉ) ၶဝ်ႈမႃးႁၢပ်ႇထၢမ်းၼႃႈ ၵၢၼ်ၶိုၼ်း ၼႂ်းပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး၊ တပ်ႉသိုၵ်းၸိုင်ႈ တႆး သေ...

ၵူၼ်းမိူင်း ၼႂ်းဝဵင်းၼမ်ႉလၼ်ႈ ထူပ်းၽေးၼမ်ႉလူၵ်ႈ ၊ မီးလွင်ႈလူႉသုမ်းၸွမ်း တင်းၼမ်

ယွၼ်ႉၾူၼ်တူၵ်းႁႃႇယႂ်ႇ ဢမ်ႇထၢတ်ႇသေ ႁဵတ်းႁႂ်ႈ ၼမ်ႉႁူၺ်ႈ ၼမ်ႉလွႆ ၼွင်းၶဝ်ႈ ၼႂ်းပွၵ်ႉ ၼႂ်းဝဵင်း ၊ ထူမ်ႈ ၺႃး ႁိူၼ်းၵူၼ်းမိူင်း ၼႂ်းၸေႈဝဵင်းၼမ်ႉလၼ်ႈ ၵိင်ႇၽႄၸေႈဝဵင်းသီႇပေႃႉ မီးလွင်ႈလူႉသုမ်းၸွမ်း တင်းၼမ် ယူႇယဝ်ႉ။မိူဝ်ႈလိူၼ်...