News

News

Tuesday
June, 25

SSPP/SSA ဌာနချုပ်မှာ ဒုတိယအကြိမ်မြောက် ဆရာ/ဆရာမ မွမ်းမံသင်တန်းပြုလုပ်

ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ်၌ ဒုတိယအကြိမ်မြောက် ဆရာ/ဆ ရာမ မွမ်းမံသင်တန်းကို ဧပြီလ ၂၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/သူ (၁၇၂) ဦး တက်ရောက် သင်ယူနေပါသည်။

အဆိုပါ သင်တန်းကို ရှမ်းပြည်အတွင်း SSPP/SSA ထိန်း ချုပ်ဒေသများမှ ကျောင်းဆရာ/ဆရာမများ တက် ရောက်ကြပြီး သင်တန်းကာလ တလကျော် ကြာမြင့်မည် ဖြစ်သည်။

သင်တန်းနှင့် ပါတ်သက်ပြီး တာဝန်ရှိသူ ဆရာ စိုင်းမိန်းထွန်းက “ ကလေးတွေကို သင်ကြားပို့ချနိုင်ဖို့ အတွက် ခေတ်မှီတဲ့ သင်ကြားရေးစနစ်တွေကို မိခင်ဘာသာစကားနဲ့ သင်ကြားတဲ့နည်းအပြင် ရှမ်းသမိုင်းနဲ့ အခြားပညာ ရပ်တွေကိုလဲ သင်ကြားပေးပါတယ်။ ဒီသင်တန်းပြီးရင်တော့ သက်ဆိုင်ရာ ဒေသမှာရှိတဲ့ ကျောင်းတွေကို သွား ရောက် တာဝန်ထမ်းဆောင်ရတော့မှာပါ ” ဟု ပြောသည်။

မွမ်းမံသင်တန်း၌ သင်ကြားပေးသည့် ဘာသာရပ်များမှာ ပါတီလမ်းစဉ်နှင့် မူဝါဒ ၊ ရှမ်းသမိုင်း ၊ ရှမ်းဘာသာဖြင့် သင်ကြားနည်း အပါအဝင် အခြေခံ ပန်းချီရေးဆွဲနည်းနှင့် ကျောင်းစီမံခန့်ခွဲမူပုံစံတို့ ဖြစ်သည်။

“ သင်ရိုးညွှန်းတန်း အသစ်တွေကို ပြန်သင်ကြားပေးနိုင်ဖို့နဲ့ သင်ကြားပို့ချတဲ့နေရာမှာ ပိုပြီးထိရောက်အောင်၊ ကြို တင်ပြင်ဆင်တတ်လာအောင် ဒီသင်တန်းကို တက်ဖြစ်တာပါ။

ကျွန်တော်တို့မှာမရှိတဲ့ နည်း စနစ် အသစ် တွေကိုလဲ လေ့လာခွင့်ရတယ် ၊ မကျွမ်းကျင်သေးတဲ့အရာတွေကို ကျွမ်းကျင်လာတယ် ” ဟု သင်တန်း တက် ရောက်နေသူ ဆရာစိုင်းနွံခေးက ဆိုသည်။

SSPP/SSA ထိန်းချုပ်နယ်မြေအတွင်း အစိုးရကျောင်း မရှိသည့် နေရာများနှင့် လမ်းပန်းဆက် သွယ်ရေး ခက်ခဲသည့် နေရာများတွင် SSPP/SSA ပညာရေးဌာနက ၂၀၁၄ ခုနှစ်မှ ၂၀၂၄ ခုနှစ်ထိ ကျောင်းပေါင်း (၁၀၀) ကျော် ဆောက် လုပ်ပေးခဲ့ပြီး ပညာရေးကဏ္ဍ အတွက် တစ်နှစ်လျှင် ကျပ်သိန်း (၅၀၀၀) ကျော် သုံးစွဲခဲ့သည်။

shanstateprogressparty

shanstatearmy #SSPPInfo

ရှမ်းပြည်တိုးတက်ရေးပါတီ

ရှမ်းပြည်တပ်မတော်

ပညာရေး #မွမ်းမံသင်တန်း

Find us on

Latest articles

- Advertisement - spot_img

Related articles

SSPP/SSA ၸွႆႈထႅမ် ၵႃႈၸိူဝ်ႉၶဝ်ႈၵၢပ်ႇ တီႈပေႃႈမႄႈၵူၼ်းမိူင်း ၼႂ်းၸေႈဝဵင်းၵေးသီး

ငဝ်ႈငုၼ်း ပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး တပ်ႉသိုၵ်းၸိုင်ႈတႆး SSPP/SSA ၸွႆႈထႅမ် တိုၼ်းလင်း ၵႃႈၸိူဝ်ႉၶဝ်ႈၵၢပ်ႇ တီႈပေႃႈမႄႈၵူၼ်းမိူင်း ၼႂ်းၸေႈဝဵင်းၵေးသီး ၸိုင်ႈတႆးပွတ်း ၸၢၼ်း။ မိူဝ်ႈလိူၼ်ၵျူၼ်ႇ 15 ဝၼ်း ၶၢဝ်းယၢမ်း ၵၢင်ၼႂ် 10:40 မူင်း...

ၸုမ်းၾၢႆႇပၢႆးပိင်ႇၺႃႇ ၼႂ်းၸေႈဝဵင်းၼမ်ႉတူႈ ၸတ်းႁဵတ်းပွႆးလူင်းပၢင်သွၼ်လိၵ်ႈတႆး

ၸုမ်းၾၢႆႇပၢႆးပၺ်ႇၺႃႇ ၼႂ်းဢိူင်ႇမၢႆ(8) သၢႆးၶၢဝ် ၸေႈဝဵင်းမၢႆ(18) ၼမ်ႉတူႈ ၸတ်းႁဵတ်းပွႆးလူင်းပၢင်သွၼ်လိၵ်ႈ တႆးၶၢဝ်းမႆႈ လႄႈ တွၼ်ႈသူးလုၵ်ႈႁဵၼ်းၵတ်ႉၶႅၼ်ႇ တီႈႁူင်းႁဵၼ်းသွၼ်လိၵ်ႈတႆး ၼႂ်းဢိူင်ႇသၢႆးၶၢဝ် ၸေႈဝဵင်း ၼမ်ႉတူႈ ၸိုင်ႈတႆးပွတ်းႁွင်ႇ။ မိူဝ်ႈလိူၼ်မေႇ 30 ဝၼ်းၼၼ်ႉ ယူႇတီႈ...

ၵေႃႉသိုၵ်းၵေႃႉႁၢၼ် SSPP/SSA ၸွႆႈၵၢၼ်ပေႃႈမႄႈ ၵူၼ်းမိူင်း ၼႂ်းပိုၼ်ႉတီႈ

ၵေႃႉသိုၵ်းၵေႃႉႁၢၼ် ပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး တပ်ႉသိုၵ်း ၸိုင်ႈတႆး SSPP/SSA ၸွႆႈၵၢၼ် ပေႃႈမႄႈၵူၼ်းမိူင်း ၼႂ်းပိုၼ်ႉတီႈ ၸေႈဝဵင်းမၢႆ(24)ၵျွၵ်ႉမႄး ၼႆယူႇယဝ်ႉ။ မိူဝ်ႈလိူၼ် မေႇ 23 ဝၼ်း ၼၼ်ႉ ၵေႃႉသိုၵ်းၵေႃႉႁၢၼ် SSPP/SSA ႁႅင်းၵူၼ်းသိုၵ်း...