News

News

Saturday
October, 12

SSPP/SSA ၏ နာမည်ကို Shwe Phee Myay News Agency (ရွှေဖီမြေ သတင်းအေဂျင်စီ) မှ စာနယ်ဇင်း ကျင့်ဝတ်မဲ့စွာ ရေးသား အသုံးပြုခဲ့သည့် အပေါ် ပြင်းပြင်း ထန်ထန် ရှုံ့ချကြောင်း

“ မိုင်းရယ် ဒေသမှာ ခြေကုပ် ယူလာတဲ့ တရုတ်နိုင်ငံသားတွေ ဉီးဆောင်တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်း ” ခေါင်းစဉ် ဖြင့် Shwe Phee Myay News Agency (ရွှေဖီမြေ သတင်း အေဂျင်စီ) က မေလ (၆) ရက်နေ့တွင် သတင်း ရေးသားခဲ့ပြီး၊ အဆိုပါ သတင်းထဲ၌ SSPP/SSA လှုပ်ရှားရာ ဒေ သ အဖြစ် လွဲမှားစွာ ရေးသား ဖေါ်ပြခဲ့ပါသည်။ တိကျသေချာသည့် သတင်းအချက်အလက်ကို မရယူပဲ လွဲမှားစွာ ရေးသားခဲ့သည့် ကိစ္စ အပေါ် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်မှ ပြင်းပြင်း ထန်ထန် ရှုံ့ချပါသည်။

Shwe Phee Myay News Agency (ရွှေဖီမြေသတင်း အေဂျင်စီ) မှ ရေးသားဖော်ပြခဲ့သည့် အွန်လိုင်း ငွေလိမ်ဂိုဏ်း ကိစ္စသည် စစ်ကောင်စီ လက်အောက်ခံ မိုင်းဟ ပြည်သူ့စစ် ထိန်းချုပ်ရာ ဒေသတွင် ဖြစ်ပွားနေခြင်း ဖြစ်သဖြင့် SSPP/SSA နှင့် လုံးဝ မသက်ဆိုင်သလို မိမိတို့ လှုပ်ရှား ဒေသလဲ မဟုတ်ကြောင်း၊ ယခု သတင်းအရေးအသား ကြောင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရနှင့် ရှမ်းပြည်အတွင်းရှိ လူမျိုးပေါင်းစုံ ပြည်သူလူထုမှ မိမိတို့ အပေါ် အထင်အမြင် လွဲမှားစေနိုင်သလို တည်ကြည်လေးနက်ပြီး တော်လှန်ရေး အစဉ်အလာ ကြီးမားသည့် မိမိတို့ အဖွဲ့၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေသည်။

တိကျသေချာသည့် စုံစမ်း စစ်ဆေးမှုကို မပြုလုပ်ပဲ မိမိတို့ SSPP/SSA ၏ နာမည်ကို Shwe Phee Myay News Agency (ရွှေဖီမြေသတင်း အဂျင်စီ) မှ ထည့်သွင်း ရေး သားခဲ့ခြင်းမှာ ကျင့်ဝတ်မဲ့သည့် လုပ်ရပ်ဖြစ်သည့် အ တွက် စာနယ်ဇင်း ကျင့်ဝတ်နှင့် အညီ အမှားပြင်ဆင်ချက်ဖြင့် တောင်းပန်မှုကို ပြုလုပ်ပေးရပါမည်။ သို့မှသာ သမာ သမတ် ရှိပြီး အမှီအခိုကင်းသည့် သတင်းဌာန အဖြစ် အ များ၏ ယုံကြည်မှု၊ အားကိုးမှုကို ရရှိနိုင်မည် ဖြစ်ပါ သည်။

ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ တရုတ်လူမျိုး (၈၈) ဉီးကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၃ ရက်နေ့က SSPP/SSA ထိန်းချုပ်နယ်မြေ ဖြစ်သည့် နမ်းခမ်း မြို့ နယ်၌ ဖမ်းဆီးရမိခဲ့ပြီး နယ်စပ်လမ်းကြောင်းမှ တဆင့် တရုတ်နိုင်ငံဖက်သို့ ပြန်လည် လွှဲပြောင်းပေးခဲ့သည်။ ယင်းနောက် ကမ္ဘာ့နိုင်ငံများနှင့် ပါတ်ဝန်းကျင် နိုင်ငံများ ၏ စီးပွားရေးကို ခြိမ်းခြောက်နေသော ကျားဖြန့် လုပ်ငန်း (သို့) အွန်လိုင်း လိမ်လည်သည့် လုပ်ငန်းများကို ဆက် လက် ဖော်ထုတ် တားစီး နှိမ်နင်းကာ သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည် အပ်နှံသွားမည် ဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ၊ ၂၉ ရက် နေ့စွဲဖြင့် SSPP/SSA ဗဟိုကော်မတီ မျက်နှာစုံညီ နှစ်ချုပ် အစည်း အဝေး က ထုတ်ပြန် ကြေညာခဲ့သည်။

မကောင်းမူ ဒုစရိုက်လုပ်ငန်းများကို ထိရောက်စွာ တား ဆီး နှိမ်နှင်းသွားမည်ဟု SSPP/SSA ရွှေလီဒေသ ကွပ်ကဲရေးဌာန တပ်မ (၉၈၉) က ဧပြီလ ၂၈ ရက်နေ့တွင် သတိ ပေး ကြေညာချက် ထုတ်ပြန်ထားပါသည်။

shanstateprogressparty

shanstatearmy #SSPPInfo

စာနယ်ဇင်းကျင့်ဝတ်

ရှူံ့ချ #လွဲမှား

Find us on

Latest articles

- Advertisement - spot_img

Related articles

RCSS သျွတ်ႉမၢၵ်ႇသႂ်ႇ ၵူၼ်းမိူင်း မၢတ်ႇၸဵပ်း လူႉတၢႆထႅင်ႈ ၼႂ်းၸေႈဝဵင်းမိူင်းၼွင်

ၸုမ်းၶွင်ႇသီႇဢဝ်ၶိုၼ်းၸိုင်ႈတႆး RCSS သျွတ်ႉမၢၵ်ႇသႂ်ႇ ၵူၼ်းမိူင်း ဝၢၼ်ႈၸိင်း ဢိူင်ႇဝၢၼ်ႈၸိင်း ၸေႈဝဵင်းမိူင်းၼွင် လႄႈ ၵူၼ်းမိူင်း လႆႈလူႉတၢႆ 1 ၵေႃႉ ၊ မၢတ်ႇၸဵပ်း 2 ၵေႃႉ ၼႆယူႇယဝ်ႉ။ မိူဝ်ႈလိူၼ်...

ၵူၼ်းပၢႆႈၽေးပၢင်တိုၵ်း ဢၼ်မႃးသွၼ်ႈသဝ်းဝႆႉ ၼႂ်းၼႃႈတီႈ ဢုပ်ႉပိူင်ႇ SSPP/SSA မီးထိုင် 10000 ၵေႃႉပၢႆ

ယွၼ်ႉပၢင်တိုၵ်း ၼႂ်းၸိုင်ႈတႆးပွတ်းႁွင်ႇ မိူၼ်ၼင်ႇ ၼႂ်း ၸေႈဝဵင်းလႃႈသဵဝ်ႈ ၊ ၸေႈဝဵင်းၵျွၵ်ႉမႄး ၊ ၸေႈဝဵင်းသီႇ ပေႃႉ ၸဵမ်ၸိူဝ်းၼႆႉ ႁၢဝ်ႈႁႅင်းၶိုၼ်ႈမႃးထႅင်ႈ လႄႈ ပေႃႈမႄႈၵူၼ်းမိူင်း ၸိူဝ်းဢၼ်ပၢႆႈၽေး ပၢင်တိုၵ်း သေ...

SSPP/SSA ၸွႆႈထႅမ် ၵူၼ်းပၢႆႈၽေး ပၢင်တိုၵ်း ဢၼ်ႁွတ်ႈၽႅဝ်ဝႆႉ ၼႂ်းၸေႈဝဵင်းသီႇပေႃႉ ၊ ၼမ်ႉလၼ်ႈ

ပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး တပ်ႉသိုၵ်းၸိုင်ႈတႆး SSPP/SSA ၸွႆႈထႅမ်ပေႃႈမႄႈၵူၼ်းမိူင်း ၸိူဝ်းပၢႆႈၽေးပၢင်တိုၵ်း ဢၼ် ႁွတ်ႈၽႅဝ်ဝႆႉတီႈ ၼႂ်းၸေႈဝဵင်းသီႇပေႃႉ ၸိုင်ႈတႆးပွတ်းႁွင်ႇ ၼၼ်ႉ ၼႆယူႇယဝ်ႉ။ မိူဝ်ႈလိူၼ်ၵျူၼ်ႇလၢႆႇ 17 ဝၼ်းၼၼ်ႉ ငဝ်ႈငုၼ်း ပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး တပ်ႉသိုၵ်းၸိုင်ႈတႆး...

ရှမ်းမြောက် မိုင်းရယ်မြို့ကို SSPP/SSA မှ စစ်အင်အား ထောင်နှင့်ချီ ဝင်ရောက် တပ်စွဲ

ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ် အတွင်း ဒေသတည် ငြိမ်ရေးနှင့် ပြည်သူ့လုံခြုံရေး အတွက် ရည်ရွယ်ပြီး SSPP/SSA မှ စစ်အင်အား ၁၀၀၀ ကျော်သည် ယမန်နေ့ ဇူလိုင်လ ၁၂ ရက်နေ့...