News

News

Thursday
September, 19

RCSS နှင့် SSPP တို့အကြား ဖြစ်ပွားခဲ့သည့် စစ်ရေး ပဋိပက္ခများ နှင့်ပါတ်သက်ပြီး အဖြစ်မှန်ရှင်းလင်း တင်ပြချက်

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း သွားလာလုပ်ရှားသည့် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်း ပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့ကို ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS မှ မိုင်းဆွဲတိုက် ခိုက်ခြင်း ၊ ခြုံခိုတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ရာမှာ ပြီးခဲ့သည့် မတ်လ မှ လက်ရှိ မေလထိ (၆)ကြိမ်တိုင် ရှိခဲ့ပြီ ဖြစ်ပါ သည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ နံနက် ၇ : ၃၀ နာရီအချိန်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မ တော် SSPP/SSA တပ်ဖွဲမှ ရပ်စောက်မြို့နယ်အတွင်းရှိ မိမိတပ်စခန်းများကို ကွင်းဆင်းစစ်ဆေး နေချိန် ကျောက်တန်းကျေးရွာ အတက် လိမ္မော်ခြံ ကျေးရွာ ( ဝၢၼ်ႈမၢၵ်ႇၸွၵ်း) အနီး နမ့်ပွန်(ၼမ်ႉပွၼ်) တံတားအ ရှေ့ဘက် တစ်နေရာမှာ RCSS တပ်ဖွဲ အင်အား(၃) ဦး လမ်းပြအဖြစ် ဒေသခံပြည်သူ (၂) ဦး စုစုပေါင်း (၅) ဦး တို့ က မိုင်းဆွဲ တိုက်ခိုက်သည့်အတွက်ကြောင့် SSPP/SSA တပ်ဖွဲဝင်တစ်ဦး ကျဆုံးပြီး (၂) ဦးပျင်းထန်စွာ ဒဏ်ရာရရှိခဲ့ ပါသည။

SSPP တပ်ဖွဲကို RCSS က မိုင်းဆွဲ တိုက်ခိုက်ခဲ့သည့် ကိစ္စ နှင့်ပါတ်သက်ပြီး SSPP/SSA ဗဟို ဌာနချုပ် အ တွင်းရေးမှူး(၂) ဗိုလ်မှူးကြီးစိုင်းစု မှ RCSS ၏ ဗဟိုဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူးကြီး (ဢွၼ်တိုၼ်း) ထံ အောက်ဖော်ပြပါ အချက်(၃) ချက်ဖြင့် ညှိနိုင်းတောင်းဆိုခဲ့ပါသည်။

(၁) SSPP တပ်ဖွဲကို မိုင်းဆွဲ တိုက်ခိုက်ခဲ့သည့် RCSS ရဲဘော်(၃) ဦးအား SSPP ထံ လွဲပြောင်း အပ်နှံပေးရန်။
(၂) ပစ်မူ့ကျူးလွန်သူ (၃) ဦးကို SSPP ထံ မလွဲအပ်နိုင်ပါက RCSS အနေဖြင့် မိုင်းပွန်-ဟိုပုံး ကားလမ်းမကြီး ၏ မြောက်ဘက်အရပ်မှ တောင်ဘက်အရပ်သို့ ရွေ့ပြောင်းပေးပါရန်။

(၃) ပစ်မူကျူးလွန်သူကို SSPP ထံ မလွဲအပ်နိုင်ပဲ မိုင်းပွန်-ဟိုပုံး ကားလမ်းအရှေ့ဘက်ကိုပါ မရွှေ့ပေးနိုင်ခဲ့ လျှင် SSPP အနေဖြင့် မိုင်းဆွဲတိုက်ခိုက်ခြင်းခံခဲ့ရသည့် ရပ်စောင့်-အင်တော နယ်မြေ အတွင်း နယ်မြေရှင်း လင်းရေး လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

အထက်ပါ ညှိနိုင်းတောင်းဆိုမူနဲ့ပါတ်သက်ပြီး RCSS ဘက်က တစ်စုံတစ်ရာ တုံပြန်ခြင်း မရှိခဲ့ပါ။

ပြီးခဲ့သည့် မေ လ ၁၅ ရက်နေ့မှာလည်း SSPP စစ် ကြောင်းများမှ ရပ်စောင့်မြိုနယ် ကျိုင်းခမ်းလုံကျေး ရွာ အုပ်စု ရေမောင်း ကျေးရွာကနေ လယ်ကျော်ကျေးရွာ – နားစံကျေးရွာ အထိ တောထဲမဝင်ပဲ ကားလမ်းမကြီး အ တိုင်း သွားလာ လုပ်ရှားရန်ရှိသည့် အတွက်ကြောင့် RCSS ၏ နယ်မြေ တာဝန်ခံ နှင့် ဗဟိုဆက်ဆံရေးတာ ဝန် ခံတွေထံ ကြိုတင် အကြောင်းကြား အသိပေးထားခဲ့ပြီး မေလ ၁၇ ရက်နေ့ နံနက် ၈:၂၅ နာရီအ ချိန်တွင် SSPP စစ် ကြောင်းမှ နားစံကျေးရွာ အနောက်ဘက်သို့ ကားဖြင့် ထွက်ခွာချိန် RCSS ရဲဘော်အင်အား (၁၀) ဦးခန့်က မိမိတပ်ဖွဲ့ကို အရင်ဦးစွာ ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် SSPP ရဲဘော် (၁) ဦး ဒဏ်ရာ ရရှိ ခဲ့ သည်။

မေလ ၁၉ ရက် ၁၇:၂၀ နာရီအချိန်မှာ ရေမောင်း ကျေးရွာ အနီး ရေချိုးသွားသည့် SSPP တပ်ဖွဲဝင် တွေကို RCSS တပ်ဖွဲမှ နောက်တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မေလ ၂၀ ရက် ၁၃:၃၀ နာရီအချိန် ရေမောင်း ကျေး ရွာအနီး နောင်ယာဆိုင်း တံတား မှာ RCSS တပ်ဖွဲမှ နောက်ထပ် နှစ်ကြိမ် SSPP ၏ စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ ပါသည်။ သိုသော် ဤနေရာတွင် SSPP တပ်ဖွဲဝင် ထိခိုက်ကျဆုံးမူ မရှိခဲ့ပေ။

တစ်ဖန် မေလ ၂၅ ရက်နေ့က ရပ်စောင့်မြိုနယ် နားလုံကျေးရွာမှာ လုပ်ရှားနေသည့် SSPP စစ်ကြောင်း ကို RCSS အင်အား(၁၀) ဝန်းကျင်ခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ သိုသော် SSPP ဘက်က ထိခိုက် ကျဆုံးမူ မရှိခဲ့ပေ။

ယနေ့ မေလ ၂၆ ရက်နေ့ထိ SSPP ဘက်က စစ်ရေးပြင် ဆင်ပြီး RCSS ကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်း တစ် ကြိမ် မပြုလုပ်ခဲ့ သေးပေ။ RCSS မှ ၎င်းဒေသအတွင်း သွား လာလုပ်ရှားသည့် SSPP တပ်ဖွဲကို ခြုံခို တိုက် ခိုက်ခြင်း ၊ မိုင်းဆွဲတိုက်ခိုက်ခြင်း နည်းများဖြင့် တိုက်ခိုက်ခဲ့တာဟာ (၆) ကြိမ်တိုင်ရှိခဲ့ပြီ ဖြစ်ပါသည်။

ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့တွင် RCSS ပိုင် Tai Freedom သတင်းစာမျက်နှာမှာ ရှမ်းစာ ဘာသာအရေးအ သားဖြင့် (ရပ်စောက်မြို့နယ်မှာ SSPP နှင့် UWSA အပါ စစ်ကောင်စီတို့ ပူးပေါင်းပြီး RCSS ကိုထိုးစစ်ဆင် တိုက်ခိုက်လို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားရ) ဆိုသည့် သတင်းခေါင်းစဉ်ဖြင့် ရေးသားဖော်ပြခဲ့သည်မှာ လုံးဝ မှန်ကန်မူမရှိပဲ SSPP အနေဖြင့်လည်း ၎င်းသတင်းအား ပြင်းထန်စွာ ရှူံ့ချပါသည်။

RCSS နှင့် SSPP တို့အကြား ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများ အကြောင်းကို မိဘပြည်သူများ အနေဖြင့် အဖြစ်မှန်သိရှိစေရန်အတွက် ယခုလို ရှင်းလင်းတင်ပြခဲ့ပါသည်။

shanstateprogressparty

shanstatearmy #SSPPInfo

ရှင်းလင်းတင်ပြချက်

မိုင်းဆွဲတိုက်ခိုက်

RCSS

#SSPP

Find us on

Latest articles

- Advertisement - spot_img

Related articles

SSPP/SSA ၸွႆႈ ၵူၼ်းထူပ်းၽေးသိုၵ်း ၼႂ်းၸေႈဝဵင်းလႃႈသဵဝ်ႈသေ ႁပ်ႉသူင်ႇဝႆႉပၼ် တီႈလွတ်ႈၽေး

ပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး၊တပ်ႉသိုၵ်းၸိုင်ႈတႆး SSPP/SSA ၸွႆႈထႅမ်ဢဝ်ႁူမ်ႇလူမ်ႈပၼ် ၵူၼ်းထူပ်းၽေးသိုၵ်း ၼႂ်း ၸေႈဝဵင်းလႃႈသဵဝ်ႈ သေ ႁပ်ႉတေႃႉသူင်ႇထိုင် ၼႂ်းၸေႈဝဵင်းမိူင်းယႆ ဢွင်ႈတီႈဢၼ် လွတ်ႈၽေးၼၼ်ႉ ယူႇယဝ်ႉ။ တင်ႈတေႇဢဝ် လိူၼ်ဢေႃးၵတ်ႉသ် ၊ ဝၼ်းထီႉ 6...

ၽူႈၵွၼ်းၸေႈဝဵင်းၶွင်ႇသီႇသိုၵ်းမၢၼ်ႈ ႁွင်ႉထူပ်းၵွၼ်းဢိူင်ႇ ၵွၼ်းပွၵ်ႉ ၸေႈဝဵင်းၵေးသီး ပိူဝ်ႈတႃႇယွၼ်းသိုၵ်းမႂ်ႇ

ၽူႈၵွၼ်းၸေႈဝဵင်းၵေးသီး ဢၼ်ယူႇၾၢႆႇတႂ်ႈၶွင်ႇသီႇသိုၵ်းမၢၼ်ႈၵုမ်းၵမ်ၼၼ်ႉ ႁွင်ႉထူပ်းၵွၼ်းဢိူင်ႇၵွၼ်းပွၵ်ႉ ၼႂ်း ၸေႈဝဵင်းၵေးသီးသေ ဢုပ်ႇဢူဝ်း ပိူဝ်ႈတႃႇၵဵပ်းၵူၼ်းသိုၵ်းမႂ်ႇ ၼႆယူႇယဝ်ႉ။ ပူၼ်ႉမႃးမိူဝ်ႈဝၼ်းထီႉ 16 လိူၼ်မၢတ်ႊၶျ်(March) ၼၼ်ႉ ယူႇတီႈ ၽူႈၵွၼ်း ၸေႈဝဵင်းၵေးသီး ဢၼ်ယူႇၾၢႆႇတႂ်ႈၶွင်ႇသီႇသိုၵ်းမၢၼ်ႈ ၵုမ်းၵမ်ၼၼ်ႉ ႁွင်ႉဢဝ်ၵွၼ်းဢိူင်ႇ...

စစ်ကောင်စီမှ နမ္မတူမြို့နယ်ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ထားသည့်နောက် စစ်ရဟတ်ယဉ်ဖြင့် မြို့ပေါ် လှည့်ပတ်ပျံသန်း

(နမ္မတူ)စစ်ကောင်စီဘက်မှ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကျင့်သုံးရန်သတ်မှတ် ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ် မတော် SSPP/SSA ရဲ့ အုပ်ချုပ်ရေး မြို့နယ်အမှတ်(၁၈) ဖြစ်သည့် နမ္မတူမြို့‌ပေါ် ကို...

သိုၵ်းမၢၼ်ႈၽွတ်ႈႁႅၼ်း ၸုမ်းဢွၼ်ႁူဝ် ၵေႃႇမတီႇ တႃႇၵဵပ်းသိုၵ်းမႂ်ႇ လႄႈ မၵ်းမၼ်ႈလၢတ်ႈပႃးၶၢဝ်းယၢမ်းတႃႇၵဵပ်းသိုၵ်း

ဢိင်ဢဝ်ၼိူဝ် မၢႆမီႈပၵ်းပိူင် မတ်ႉတႃ (6) တႃႇႁၢပ်ႇထၢမ်းၵၢၼ်သိုၵ်းၵူၼ်းမိူင်း ၼႆသေ မိူဝ်ႈဝၼ်းထီႉ 13/02/2024 ၼၼ်ႉ ၾၢႆႇၶွင်ႇသီႇသိုၵ်းမၢၼ်ႈ လႆႈၽွတ်ႈ ႁႅၼ်း ၸုမ်းဢွၼ်ႁူဝ် ၵေႃႇမတီႇၾၢႆႇၵဵပ်းသိုၵ်းမႂ်ႇ လႄႈ လၢတ်ႈပႃး ၶၢဝ်းယၢမ်းတႃႇတေ...

သိုၵ်းမၢၼ်ႈ ပိုၼ်ၽၢဝ်ႇမၵ်းမၼ်ႈ တေတေႇၸႂ်ႉတိုဝ်းမၢႆမီႈ ၵူၼ်းမိူင်းၸိူဝ်းဢႃႇယုတဵမ်တေလႆႈႁၢပ်ႇထၢမ်းၵၢၼ် သိုၵ်းၵူႈၵေႃႉ

ၶွင်ႇသီႇသိုၵ်းမၢၼ်ႈပိုၼ်ၽၢဝ်ႇဝႃႈ တေတေႇၸႂ်ႉတိုဝ်း မၢႆမီႈ ဢၼ်ဝႃႈ ၵူၼ်းမိူင်းၵူႈၵေႃႉ ဢၼ်ဢႃႇယုတဵမ် ၸွမ်းၼင်ႇမၵ်းမၼ်းဝႆႉၼၼ်ႉ တေလႆႈၶဝ်ႈႁၢပ်ႇထၢမ်းၵၢၼ်သိုၵ်း ၼႂ်းၶွင်ႇသီႇသိုၵ်းမၢၼ်ႈၵူႈၵေႃႉၼႆယူႇယဝ်ႉ။မိူဝ်ႈဝၼ်းထီႉ 10/02/2023 ၼၼ်ႉ ၾၢႆႇၶွင်ႇသီႇသိုၵ်းမၢၼ်ႈ ပိုၼ်ၽၢဝ်ႇၵႂႃႇဝႃႈ ၵူၼ်းမိူင်းၵူႈၵေႃႉ ဢၼ်တြႃးဝၢင်ႇ ပဵၼ်ၵူၼ်းၸိုင်ႈမိူင်း...

ၶၢၼ်ၵုၼ်ႇၶဝ်ႈၶိုၼ်ႈႁႅင်း ၶၢၼ်ၵုၼ်ႇဢွၵ်ႇတူၵ်းႁႅင်း လႄႈ ၵူၼ်းမိူင်းပိုၼ်ႉတီႈ ၸိုင်ႈတႆးပွတ်းႁွင်ႇ ထူပ်းလွင်ႈ ယၢပ်ႇ ၽိုတ်ႇ

တေႇၸဵမ်မိူဝ်ႈပၢင်တိုၵ်း 10 27 သေ ႁဵတ်းႁႂ်ႈၶူဝ် ၊ သဵၼ်ႈတႃႈသၢႆတၢင်းလူႉၵွႆ လႄႈ ၶူဝ်းၵုၼ်ႇၶဝ်ႈဢွၵ်ႇယၢပ်ႇ ၵူၼ်းမိူင်းတႆးပွတ်းႁွင်ႇ ထူပ်းလွင်ႈယၢပ်ႇၽိုတ်ႇ တႃႇ ၵၢၼ်ႁႃၵိၼ်လဵင်ႉတွင်ႉမိူဝ်းၼႃႈ ၼႆယူႇယဝ်ႉ။ မိူဝ်ႈၽွင်းပဵၼ်ၶၢဝ်းတၢင်းပၢင်တိုၵ်း 10 27...