News

News

Saturday
May, 18

ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်း လက်ခံထားရှိခြင်း မပြုရန် SSPP/SSA မှ အမိန့် ထုတ်ပြန်

ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ၏ အုပ်ချုပ်ရေးနယ်မြေအတွင်းရှိ တပ်မှူး၊ ဌာနမှူး အဆင့်ဆင့်နှင့် အုပ်ချုပ်ရေးတာဝန်ခံ အဆင့်ဆင့် အပါ အဝင် မိဘပြည်သူများ အားလုံး သိရှိ လိုက်နာ စေရန် မေ လ ၁၃ ရက်နေ့တွင် SSPP/SSA ကိုယ်စား ဒုဉက္ကဋ္ဌ (၁) ဒု ဗိုလ်ချုပ်ကြီး စဝ်ခေးတိုင်းက ရှမ်းဘာသာဖြင့် အမိန့် ထုတ်ပြန်ခဲ့သည်။

အဆိုပါ အမိန့် ထုတ်ပြန်ချက်ကို သိရှိစေရန် မြန်မာဘာ သာဖြင့် ပြန်လည်ရေးသား ဖော်ပြလိုက်ပါသည်။

(၁) ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို အဖွဲ့လိုက် ဖြစ်စေ၊ တစ်ဦးချင်း ဖြစ်စေ SSPP/SSA ၏ အုပ်ချုပ် ရေး နယ်မြေအတွင်း လုံးဝ (လုံးဝ) နေထိုင်ခွင့်မပြုရန်။

(၂) မိမိတပ်ဖွဲ့ဝင်များနှင့် မိဘပြည်သူများ အနေဖြင့် အမိန့် ထုတ်ပြန်ချက်ကို မလိုက်နာပဲ ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို ခိုလှုံခွင့်ပေးခဲ့ပါက အောက်ဖော်ပြပါ ပြစ်ဒဏ်များ ကျခံရမည်။

 (က) ကျားဖြန့် အွန်လိုင်း ငွေလိမ်သူများကို လက်ခံထားပါက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ကျခံရမည်။

 (ခ) ကျားဖြန့် အွန်လိုင်း ငွေလိမ်သူများအား
ခိုလုံခွင့်ပေးသည့် နေရာကို ပြည်သူပိုင် အဖြစ် သိမ်း ဆည်းမည်။

 (ဂ) ကျားဖြန့် အွန်လိုင်း ငွေလိမ်သူများကို ဖမ်းဆီးပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရထံ ပြန်လည် လွှဲ ပြောင်း အပ်နှံမည်။

shanstateprogressparty

shanstatearmy #SSPPInfo

ကျားဖြန့်

#အွန်လိုင်းငွေလိမ်ဂိုဏ်း

အမိန့်ထုတ်ပြန်

Find us on

Latest articles

- Advertisement - spot_img

Related articles

SSPP/SSA ၏ နာမည်ကို Shwe Phee Myay News Agency (ရွှေဖီမြေ...

“ မိုင်းရယ် ဒေသမှာ ခြေကုပ် ယူလာတဲ့ တရုတ်နိုင်ငံသားတွေ ဉီးဆောင်တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်း ” ခေါင်းစဉ် ဖြင့် Shwe Phee Myay News Agency...

နိုင်ငံရေး နည်းလမ်းနဲ့ အဖြေရှာမရရင် စစ်ရေးနည်းလမ်းဖြင့် အဖြေရှာရလိမ့်မည်ဟု SSPP/SSA ဒုဗိုလ်ချုပ်ကြီးဆို

စစ်မှန်သော ပြည်ထောင်စု ဒီမိုကရေစီ ရရှိရန် နိုင်ငံရေး စားပွဲဝိုင်းတွင် အဖြေရှာသည့် နည်းလမ်း မရှိတော့ ခြင်းကြောင့် တိုက်ပွဲ ဖြစ်ရတော့မည် ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA မှ...

SSPP/SSA အုပ်ချုပ်ရေးခရိုင်အမှတ်(၉) ရွှေလီဒေသ ကွပ်ကဲရေး ဌာန တပ်မ(၉၈၉) မှ သတိပေးကြေညာ ချက်။

ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA မှ မူဆယ်မြို့နယ်အတွင်း ပြန်ပေးဆွဲခြင်း ၊ လူသတ်လုယှက်မူ ၊ ခိုးဆိုးလုနိုက်ဓါးပြတိုက်မူ စသည့်မကောင်းမူဒုစရိုက်လုပ်ငန်း လုပ်ကိုင်နေသူများမရှိစေရန် အုပ် ချုပ်ရေးနယ်မြေ ခရိုင်အမှတ်(၉) နှင့် ရွှေလီဒေသကွပ်ကဲရေး...

掸邦进步党(SSPP / SSA)通告文件

SSPPInfo 30/04/2024 #shanstateprogressparty #shanstatearmy #SSPPInfo #SSPP #SSA

SSPP/SSA ပိုၼ်ၽၢဝ်ႇ ပၼ်ၾၢင်ႉထိုင် ၽူႈၵေႃႇၵၢၼ်ႁၢႆႉ ၼႂ်းၸေႈဝဵင်းမူႇၸေႈ

ယူႇတီႈ ၼႃႈလိၼ်သိုၵ်း တပ်ႉငဝ်ႈသိုၵ်း (989) ၼႃႈတီႈဢုပ်ႉပိူင်ႇ ၸေႈတွၼ်ႈမၢႆ(9) သေ မီးၶေႃႈပိုၼ်ၽၢဝ်ႇ ပၼ်ၾၢင်ႉထိုင် ၵူၼ်းၸိူဝ်းဢၼ် ယူႇသဝ်းဝႆႉတီႈဝဵင်းမူႇၸေႈ လႄႈ ႁဵတ်းၵိၼ်ၵူၼ်းႁၢႆႉ ၊ ၵူၼ်းလၵ်ႉ ၊...