News

News

Saturday
December, 14

SSPP/SSA အုပ်ချုပ်ရေးခရိုင်အမှတ်(၉) ရွှေလီဒေသ ကွပ်ကဲရေး ဌာန တပ်မ(၉၈၉) မှ သတိပေးကြေညာ ချက်။

ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA မှ မူဆယ်မြို့နယ်အတွင်း ပြန်ပေးဆွဲခြင်း ၊ လူသတ်လုယှက်မူ ၊ ခိုးဆိုးလုနိုက်ဓါးပြတိုက်မူ စသည့်မကောင်းမူဒုစရိုက်လုပ်ငန်း လုပ်ကိုင်နေသူများမရှိစေရန် အုပ် ချုပ်ရေးနယ်မြေ ခရိုင်အမှတ်(၉) နှင့် ရွှေလီဒေသကွပ်ကဲရေး ဌာန တပ်မ (၉၈၉) မှ ဤကြေညာချက်ကို ထုတ်ပြန်လိုက် ပါသည်။

ကြေညာချက်ထုတ်ပြန်သည့်နေ့မှစ၍ မကောင်းမူဒုစရိုက်များဆက်လက်ပေါ်ပေါက်နေသေးပါက SSPP/SSA အ နေဖြင့် လူမျိုးဘာသာမရွှေး ထိရောက်စွာတားဆီးနိမ်နှင်း သွားမည်ဖြစ်ကြောင်း သတိပေးအပ်ပါသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့သည် လူမျိုးစုတစ်စုနှင့်တစ်စု အနိုင်ကျင့်ဖိနှိပ်ခြင်း ၊ ဂိုဏ်းဖွဲ့၍သော် လည်းကောင်း ခြိမ်းခြောက်ပြန်ပြေးဆွဲခြင်း ၊ နှောက်ယှက်ဖျက်စီးခြင်း ၊ သတ်ဖြတ်ခြင်း စသည့် မကောင်းမူဒုစရိုက် လုပ်ရပ်များဟာ နေ့တိုင်းဆိုသလို ဖြစ်ပေါ်နေပါသည်။

Find us on

Latest articles

- Advertisement - spot_img

Related articles

ရှမ်းမြောက် မိုင်းရယ်မြို့ကို SSPP/SSA မှ စစ်အင်အား ထောင်နှင့်ချီ ဝင်ရောက် တပ်စွဲ

ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ် အတွင်း ဒေသတည် ငြိမ်ရေးနှင့် ပြည်သူ့လုံခြုံရေး အတွက် ရည်ရွယ်ပြီး SSPP/SSA မှ စစ်အင်အား ၁၀၀၀ ကျော်သည် ယမန်နေ့ ဇူလိုင်လ ၁၂ ရက်နေ့...