News

News

Wednesday
May, 8

စစ်ကောင်စီမှ နမ္မတူမြို့နယ်ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ထားသည့်နောက် စစ်ရဟတ်ယဉ်ဖြင့် မြို့ပေါ် လှည့်ပတ်ပျံသန်း

(နမ္မတူ)စစ်ကောင်စီဘက်မှ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကျင့်သုံးရန်သတ်မှတ် ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ် မတော် SSPP/SSA ရဲ့ အုပ်ချုပ်ရေး မြို့နယ်အမှတ်(၁၈) ဖြစ်သည့် နမ္မတူမြို့‌ပေါ် ကို မတ်လ ၇ ရက်နေ့ ညနေ ၅ နာရီကျော် အချိန် မှာ စစ်ကောင်စီက တိုက်ခိုက်ရေး စစ်ရဟတ်ယဉ် တစ်စီးဖြင့် မြို့ပေါ် လှည့်ပါတ်ပျံသန်းသွားကြောင်း ဒေသတွင်းသတင်းအရင်းမြစ်တွေစီကနေသိရပါသည် ။

စစ်ကောင်စီမှ နမ္မတူမြို့နယ်ကို စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကျင့်သုံးရန် ထုတ်ပြန်ကြေညာပြီး နောက် ပိုင်း ယခုလို စစ်ရဟတ်ယဉ်ဖြင့်မြို့ပေါ် လှည့်ပါတ်ပျံ သန်းမူပြုလုပ်သည့် အပေါ်မှာ ဒေသခံတွေအနေနဲ့ တိုက် ပွဲထပ်ဖြစ်လာနိုင်တယ်လို့ စိုးရိမ်စိတ်နှင့်အတူ ခန့်မှန်းပြောဆိုကြပါသည်။

“ဟုတ်တယ် မနေ့ညနေ ၅ နာရီကျော်မှာပဲ မြို့ရဲ့ အ ရှေ့တောင်အရပ်ကနေ မြောက်ဘက်အရက်ဘက်ကိုထွက် သွားတာ မြို့ပေါ်ဖြေးဖြေးမောင်းပြီးပျံသွားတယ် ကျွန်မတို့ကတော့ကြောက်ကြတာပေါ့ တိုက်ပွဲဖြစ်ပြီးပြန်ငြိမ် သွားတဲ့နောက်ပိုင်း လေယဉ်နဲ့ လာတာတစ်ခါမှမရှိသေးဘူးလေ ခုလို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ဗမာစစ် တပ်ဘက်က ကြေညာပြီးနောက်မှာ လေယဉ်တွေနဲ့ မြို့ပေါ်လာပါတ် တယ်ဆိုတော့ အခြေအနေမ ကောင်း တော့ဘူးလားလို့ပဲ ထင်ကြတယ်” လို့ ဒေသခံ အမျိုး သမီးတစ်ဦးက ဆိုပါ တယ်။

“တိုက်မှာ ခိုက်မှာ ကြောက်ရတာထက် ကျွန်တော်တို့ကြောက်တာက ပြည်သူတွေ ကြိုတင်ပြင်ဆင်မူမရလိုက် ပဲ တိုက်ပွဲဖြစ်မှာကို စိုးရိမ်ရတယ်။ တိုက်ပါ မတိုက်နဲ့ဆိုတာတော့မပြောလိုဘူး စစ်ရေးကိစ္စတွေကို ကျွန်တော် တို့ပြည်သူ အနေနဲ့ ဆုံးဖြတ်ပေးလို့မရပါဘူးလေ တိုက်ခိုက်ရေးက စစ်အလုပ်မို့စစ်ပဲဆုံးဖြတ်လို့ရတာ ကျွန် တော်တို့ဖြစ်ချင်တာကတော့ မဖြစ်မနေ တိုက်ရမယ်ဆိုရင်တောင် ပြည်သူတွေကို မထိအောင် အတတ်နိုင် ဆုံး ရှောင်ပေးကြပါလို့ နှစ်ဖက်လုံးကို မေတ္တာရပ်ခံချင်ပါတယ်” လို့ နမ္မတူမြို့နယ်က အမည်မဖော်လိုသည့် ဒေသခံအမျိုးသား တစ်ဦးကလဲ ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမူကြောင့် မဟာမိတ် ၃ ဖွဲ့ ဖြစ်သည့် တအာင်းတပ်ဖွဲ့ TNLA ၊ ကိုးကန့်တပ်ဖွဲ့ ၊ MNDAA ၊ ရခိုင်တပ်ဖွဲ့ AA တို့နဲ့ စစ်ကောင်စီရဲ့ အမျိုး သားစည်းလုံးညီညွတ်ရေး ငြိမ်းချမ်းရေး ဖော်ဆောင်မူ ညှိုနိူင်းရေးကော်မတီ (NSPNC) တို့ဟာ ပြီးခဲ့သည့် ဖေ ဖော်ဝါရီ ၂၉ ရက်ကနေ မတ်လ ၁ ရက်နေ့ထိ တရုတ် နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မတ်လ ၄ ရက်နေ့မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိသည့် မန်တုံမြို့နယ် ၊ နမ့်ဆန်မြို့နယ် ၊ နမ္မတူမြို့နယ် စသည့် မြို့ နယ်(၃)မြို့နယ်ကို စစ်ကောင်စီမှ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာ ကျင့်သုံးရန် ကြေညာချက်ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်ကို ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA မှ လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်မှာ အုပ်ချုပ်ရေးယန္တရားအသစ်ပြန်လည်ဖွဲ့စည်းခဲ့ကာ အုပ်ချုပ်ရေး မြို့နယ်အမှတ် (၁၇) နှင့် အုပ်ချုပ်ရေးမြို့နယ်အမှတ်(၁၈) ဆိုပြီး ဖွဲ့စည်းအုပ် ချုပ်ခဲ့သည့် SSPP/SSA ရဲ့ အုပ်ချုပ်ရေးနယ်မြေတစ်ခု ဖြစ်ပါသည်။

#shanstateprogressparty

#shanstatearmy

#SSPPInfo

#စစ်ရဟတ်ယဥ်

Find us on

Latest articles

- Advertisement - spot_img

Related articles

SSPP/SSA ၏ နာမည်ကို Shwe Phee Myay News Agency (ရွှေဖီမြေ...

“ မိုင်းရယ် ဒေသမှာ ခြေကုပ် ယူလာတဲ့ တရုတ်နိုင်ငံသားတွေ ဉီးဆောင်တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်း ” ခေါင်းစဉ် ဖြင့် Shwe Phee Myay News Agency...

နိုင်ငံရေး နည်းလမ်းနဲ့ အဖြေရှာမရရင် စစ်ရေးနည်းလမ်းဖြင့် အဖြေရှာရလိမ့်မည်ဟု SSPP/SSA ဒုဗိုလ်ချုပ်ကြီးဆို

စစ်မှန်သော ပြည်ထောင်စု ဒီမိုကရေစီ ရရှိရန် နိုင်ငံရေး စားပွဲဝိုင်းတွင် အဖြေရှာသည့် နည်းလမ်း မရှိတော့ ခြင်းကြောင့် တိုက်ပွဲ ဖြစ်ရတော့မည် ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA မှ...

SSPP/SSA လူႇတၢၼ်းငိုၼ်း ၸွႆႈထႅမ်တႃႇၵေႃႇသၢင်ႈၵျွင်းမႂ်ႇ

ၵေႃႉသိုၵ်းၵေႃႉႁၢၼ် ၾၢႆႇတပ်ႉ ၾၢႆႇဢုပ်ႉပိူင်ႇပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး တပ်ႉသိုၵ်းၸိုင်ႈတႆး SSPP /SSA ၸိူဝ်း ဢၼ်ပၵ်းသဝ်းတူင်ႉၼိုင်ဝႆႉ ၼႂ်းၼႃႈတီႈဢုပ်ႉပိူင်ႇ ၸေႈဝဵင်းမၢႆ(35) လွၵ်ႉၸွၵ်ႇ ၸေႈတွၼ်ႈမၢႆ (15) ၼၼ်ႉ လူႇတၢၼ်း...

SSPP/SSA အုပ်ချုပ်ရေးခရိုင်အမှတ်(၉) ရွှေလီဒေသ ကွပ်ကဲရေး ဌာန တပ်မ(၉၈၉) မှ သတိပေးကြေညာ ချက်။

ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA မှ မူဆယ်မြို့နယ်အတွင်း ပြန်ပေးဆွဲခြင်း ၊ လူသတ်လုယှက်မူ ၊ ခိုးဆိုးလုနိုက်ဓါးပြတိုက်မူ စသည့်မကောင်းမူဒုစရိုက်လုပ်ငန်း လုပ်ကိုင်နေသူများမရှိစေရန် အုပ် ချုပ်ရေးနယ်မြေ ခရိုင်အမှတ်(၉) နှင့် ရွှေလီဒေသကွပ်ကဲရေး...

掸邦进步党(SSPP / SSA)通告文件

SSPPInfo 30/04/2024 #shanstateprogressparty #shanstatearmy #SSPPInfo #SSPP #SSA

SSPP/SSA ပိုၼ်ၽၢဝ်ႇ ပၼ်ၾၢင်ႉထိုင် ၽူႈၵေႃႇၵၢၼ်ႁၢႆႉ ၼႂ်းၸေႈဝဵင်းမူႇၸေႈ

ယူႇတီႈ ၼႃႈလိၼ်သိုၵ်း တပ်ႉငဝ်ႈသိုၵ်း (989) ၼႃႈတီႈဢုပ်ႉပိူင်ႇ ၸေႈတွၼ်ႈမၢႆ(9) သေ မီးၶေႃႈပိုၼ်ၽၢဝ်ႇ ပၼ်ၾၢင်ႉထိုင် ၵူၼ်းၸိူဝ်းဢၼ် ယူႇသဝ်းဝႆႉတီႈဝဵင်းမူႇၸေႈ လႄႈ ႁဵတ်းၵိၼ်ၵူၼ်းႁၢႆႉ ၊ ၵူၼ်းလၵ်ႉ ၊...