မနေ့က ဖေဖော်ဝါရီ ၂၀ ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်-ဆီဆိုင်မြို့နယ် တစ်နေရာမှာ ဒေသ လုံခြုံရေးဆိုင် ရာလုပ်ငန်းများ လုပ်ဆောင်နေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA စစ် ကြောင်းကို စစ်ကောင်စီပူးပေါင်း PNO ပြည်သူ့စစ်တို့က ဝင်ရောက်တိုက်ခိုက်သည့်အတွက်ကြောင့် နံနက် ၁၁ နာရီအချိန် မှ ညနေ ၅ နာရီအချိန်ထိ နှစ်ဖက်ထိတွေ့တိုက်ပွဲအပြင်းအထန်ဖြစ်ပွားကာ တိုက်ပွဲအတွင်း စစ်ကောင်စီ/ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တို့ ထိခိုက်သေဆုံးမူရှိပြီး အ ခင်းဖြစ်ပွားနေရာကနေ ပြန်လည်ဆုတ် ခွာသွားရတယ်လို့ သိရပါ သည်။
တိုက်ပွဲဖြစ်ပွားသည့်နေရာမှာ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် PNLA မှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချိန် စစ်ကောင်စီ/ပြည်သူ့စစ်ပူပေါင်းတပ်ဖွဲတို့ ရုပ်အလောင်း (၅) လောင်း တွေ့ရှိပြီး သေနတ် (၄) လက် နှင့် ကျည်ဆံများတစ်ချို့ သိမ်းဆည်းရတယ်လို့ သိရပါသည်။လက်ရှိဖြစ်ပွားနေသည့် စစ်ကောင်စီ/ပြည်သူ့စစ်ပူး ပေါင်းတပ်ဖွဲ့ နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် မတော် PNLA တို့တိုက်ပွဲဟာ ပအိုဝ်း တပ်ဖွဲ့ အချင်းအ ချင်း တိုက်ခိုက်လိုသည့်တိုက်ပွဲမဟုတ်သလို စစ်အာ ဏာရှင်ကို တိုက်ဖျက်သည့် တိုက်ပွဲဖြစ်သည့်အတွက်ကြောင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များအ နေဖြင့် စစ်အာဏာရှင်စံနစ်လက်အောက်မှ ရုန်းထွက်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တပ်ဖွဲ့ထံ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ ကူး ပြောင်းလာပါက ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆုချီးမြှင့်သွားမယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မ တော် PNLA တာဝန်ရှိသူတစ်ဦးပြော ပြသလို PNLA ပိုင် ဖေ့ဘုတ် စာမျက်နှာဖြစ်သည့် PNLA News & Information Department မှာလဲ ဤသို့ ဖော်ပြထားပါ သည်။
Photo Credit to PNLA News & Information Department
#shanstateprogressparty
#shanstatearmy
#SSPPInfo
#ဟိုပုံးတိုက်ပွဲ
#PNLA