ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်က နောင်တိန်း ကျေးရွာအတွင်းရှိ စစ်ဘေးရှောင် ရှမ်းပြည်သူတွေရဲ့နေအိမ်တွေကို လက်နက်ကိုင်အဖွဲ့အစည်းတစ်ချို့တွေက ဖောက်ထွင်းပြီး အိမ်တွင်းပစ္စည်းများ မွေနှောက်ဖျက်စီးကာ အိမ်တွင်း/ရွာတွင်းရှိ ပြည်သူပိုင် ပစ္စည်းတွေကို ယူသွားကြတယ်လို့ သိရပါသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်တိန်း ကျေးရွာအတွင်းမှာ လုပ်ရှားနေတော့တစ်ခြားလက်နက်ကိုင်အဖွဲ့အစည်းတပ်ဖွဲ့ဝင်တွေ ဝင်ရောက်နေရာချထားပြီး ဒေသခံပြည်သူတွေအနေနဲ့ တိုက်ပွဲကာလ အတွင်း စစ်ပြေးရှောင်နေချိန်မှာ နေအိမ် နှင့် ကျေးရွာ အတွင်းရှိ ဒေသခံပြည်သူ ပိုင်ပစ္စည်းတွေကို မွေနှောက်ဖျက်စီး ယူဆောင်သွားကြတယ်လို့ သိရပါသည်။
နေအိမ်ဖောက်ထွင်း အိမ်တွင်းပစ္စည်းများမွေနှောက်ယူ ဆောင်သွားခြင်းခံရသည့် နေအိမ်ပေါင်းမှာ (၁၄) အိမ်ရှိပြီး လက်နက်ကိုင် တပ်ဖွဲ့တွေ ယူဆောင်သွားသည့် ပြည်သူပိုင်အိမ်သုံး/အလုပ်သုံးပစ္စည်း နှင့် ငွေကြေးများသည် သေတ္တာအတွင်းသိမ်းစီးထားသည့် တရုတ်ငွေ (၆၀၀) ယွမ် ၊ ဘက်ထရီသုံးမော် တော်ဆိုင်ကယ်(၆) စီး ၊ ဓါတ်ဆီသုံး (125) မော်တော် ဆိုင်ကယ် (၈) စီး ၊ ရွှေငါးအမျိုးအ စား Mark2 ကားတစ်စီး ၊ ငွေသေတ္တာ (၄) လုံး ကျသင့်ငွေ (၃၆) သိန်း /သေတ္တာအတွင်းရှိ မြန်မာငွေ (၂၁,၁၀၀,၀၀၀) နှစ်ရာတစ်ဆယ်တစ်သိန်း ၊ VIVO ဖုန်းအမျိုးအစား (၄) လုံး ၊ ကင်မရာ (၄) လုံး ကျသင့်ငွေ(၄၀)သိန်း ၊ အိမ်သုံး/အလုပ်သုံးမီးစက်(၄) လုံး ၊ ဒိုင်နမို (၂) လုံး ၊ ဗြုံးတူးဖော်ရေး လုပ်ငန်သုံးပစ္စည်းအမျိုးမျိုး ကျသင့် ငွေ (၂၄,၀၀၀,၀၀၀) နှစ်ရာလေးဆယ်သိန်း ၊ (၂) သိန်းတန် နာရီ (၄) လုံး ၊ ဟွန်တာအမျိုးအစားရေစုပ်စက် (၂) လုံး ၊ ဆန်(၄) အိပ် ၊ TV အပေါ်စက်အောက်စက် (၃) စုံ ၊ (၄) သိန်းတန် ရွှေနားကပ် (၁) စုံ ၊ (၁၂) သိန်းတန် ကွန်ပျုတာ (၁) လုံး ၊ ဘက်ထရီအကြီး (၁၂) လုံး စသည့်ပစ္စည်းတွေ ယူဆောင်သွားကြတာဖြစ်ပါသည်။”ဟုတ်ပါတယ် ကျွန်တော်တို့ စစ်ဘေးရှောင်နေကြတယ် ကျွန်တော်တို့ရွာမှာ လက်နက်ကိုင်အဖွဲ့အစည်းတစ်ချို့တွေ လာနေကြတယ် ။
ပြီးတော့ အိမ်တံခါးသော့တွေဖျက်ပြီး ဖောက်ဝင်ကြတယ် အိမ်ထဲကပစ္စည်းတွေလဲ ရှုပ်ပွအောင်မွေထားတယ် ၊ ပစ္စည်းတွေကြိုက်တာယူသွားကြတယ် သူတို့ယူသွားတဲ့ပစ္စည်းအားလုံးတန်ဖိုးက သိန်း(၁,၀၀၀) သိန်းတစ်ထောင်ကျော်ရှိပါတယ် ကျွန်တော်တို့ ရှမ်းရွာ ရှမ်းလူမျိုးတွေကို တမင်နှိပ်စက်နေတာလားလို့ပဲ စိတ်ထဲခံစားရပါတယ်” လို့ အမည်မဖော်လိုသည့် ဒေသခံ အမျိုး သားတစ်ဦးကပြောပါသည်။”ဒီလက်နက်ကိုင်တပ်ဖွဲ့ အောက်ခြေမှာ လုပ်နေတဲ့ပုံ စံကိုကြည့်ရင် ရှမ်းရွာနဲ့ ရှမ်းလူမျိုးကိုနေလို့မရအောင် ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိနဲ့လုပ်နေတယ်” လို့ ရှမ်းပြည်အရေးလေ့လာသူတစ်ဦးကလဲ ဆိုပါသည်။
နမ့်ခမ်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ မဟာမိတ် ၃ ဖွဲ့ပူးပေါင်းစစ်ဆင်ရေး တိုက်ပွဲဖြစ်ပွားနေချိန် ဒေသတွင်း ရှမ်းပြည်သူတွေရဲ့ နေအိမ်အဆောက်အဦး နှင့် ဖုန်းကြီးကျောင်းတွေ ထိခိုက်ပျက်စီးမှုများပြားပြီး လက်နက်ကြီးကျည်ကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုရှိကာ ပြည်သူအယောက် (၇၀၀၀) ကျော် စစ်ဘေးရှောင် နေရတာဖြစ်ပါသည်။
#shanstateprogressparty
#shanstatearmy
#SSPPInfo
#နမ့်ခမ်း
#ပြည်သူအိမ်ဖျက်ဆီး
Photo.credit