News

News

Thursday
June, 20

ကျေးသီးမြို့နယ်မှာ မှတ်ပုံတင်တစ်ခုကို သောင်းချီပေးလုပ်နေရ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးသီးမြို့နယ် နိုင်ငံသားစီစစ်ရေးကတ်ပြားမှတ်ပုံတင်တစ်ခု လုပ်ဆောင်/ သက် တမ်းတိုး ရင် ငွေကျပ် ၃ သောင်းကျပ်ကနေ ၅ သောင်းကျပ်အထိ ပေးပြီးလုပ်နေရတယ်လို့ ကိုယ်တိုင်သွား ရောက်လုပ်ဆောင်သူတွေစီကနေသိရပါသည်။”ပြီးခဲ့ တစ်ပါတ်လောက်ကပေါ့ ကျွန်တော်မှတ်ပုံတင်သက်တမ်းသွားတိုးတာ လိုအပ်တဲ့အချက်အလက်အား လုံးလဲယူသွားတယ် လဝကရုံးက စာရေးမတွေက အချိန်တော်တော်ဆွဲတယ် အားနေရဲ့သားနဲ့လဲ မလုပ်ပေးဘူး ပြီးတော့ ကြိုက်သလောက်စောင့် ငါတို့လုပ်ပေးချင်မှလုပ်ပေးမယ် လို့လဲပြောသေးတယ်။ အသက်(၁၈) နှစ်ပြည့်လို့မှတ်ပုံတင် သက်တန်းသွားတိုးတာကို ၃ သောင်းကျပ်ပေးရတယ်။

ကျွန်တော့် သူငယ်ချင်းတစ်ယောက်ကပြောတယ် မှတ်ပုံတင်သက်တမ်း တိုးတာတော့ နိုင်ငံတော်က အခမဲ့နေ့ချင်းပြီးလုပ်ဆောင်ပေးတယ်ပေါ့ စေတနာရှိသ လောက် အလူငွေပဲထည့်ရတယ်လို့ပြောတာ ကျွန်တော်ကိုယ်တိုင်မှတ်ပုံတင်သက်တမ်းသွားတိုးခဲ့တာ ရုံးဝန်ထမ်းတွေက ၃ သောင်း ကျတယ်လို့ပြောတယ် ၃ သောင်းကဘာအတွက်လဲမေးတော့ မှတ်ပုံတင်လုပ်ပေးခလို့ပြောတယ် ဒါကြောင့် ၃ သောင်း ပေးလိုက်ရတယ် တစ်ချို့လဲ ၅ သောင်းထိပေးရတာတွေ့ တယ် ” လို့ ကိုယ်တိုင်သွား ရောက်လုပ်ဆောင်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ထိုနည်းတူ ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်မှာလဲ နိုင်ငံသားစီစစ်ရေးကတ်ပြားမှတ်ပုံတင် တစ်ခုလုပ်ရင် အ နည်းဆုံး ၃ သောင်း ကျပ်ကနေ ၅ သောင်းကျပ်ထိပေးရတယ်လို့ ကိုယ်တိုင်သွားရောက်လုပ်ဆောင်ဖူးသူအမျိုး သမီး တစ်ဦးစီကနေ သိရပါသည်။

#shanstateprogressparty

#shanstatearmy

#SSPPInfo

#လဝက #မှတ်ပုံတင်

Find us on

Latest articles

- Advertisement - spot_img

Related articles

သိုၵ်း RCSS ႁၢင်ႈၵၢင်မၢၵ်ႇသႂ်ႇ SSPP/SSA ထႅင်ႈ (4) ပွၵ်ႈ ၼႂ်း ၸိုင်ႈတႆးပွတ်းၸၢၼ်း

ၼႂ်းလိူၼ် ၵျူၼ်ႇ ပၢတ်ႈ(6) လိူၼ် ၼႆႉၵူၺ်း ၾၢႆႇ RCSS ႁၢင်ႈမၢၵ်ႇသႂ်ႇ ပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး တပ်ႉသိုၵ်း ၸိုင်ႈတႆး SSPP/SSA ထႅင်ႈ (4) ပွၵ်ႈ ၊ ၵေႃႉသိုၵ်းၵေႃႉႁၢၼ်...

ရှမ်းပြည်မြောက်ပိုင်းတွင် လတ်တ လောဖြစ်ပေါ်နေသော ပြဿနာများနှင့် ပက်သက်၍ SSPP/SSA ၏ သဘော ထား...

ထုတ်ပြန်ကြောညာချက်နှင့်ပတ်သက်ပြီးဆက်သွယ်ရန် ဖုန်းနံပါတ်+95 9406902578ဗိုလ်မှူးစိုင်းဖုန်းဟန် #Shanstateprogressparty #Shanstatearmy #SSPPInfo #သဘောထားထုတ်ပြန်ကြောညာချက် #PSLF #Tnla

ပိုၼ်ၽၢဝ် Page ပွမ် တင်ႈၸႂ်ၵဝ်းယႃႉၸိုဝ်ႈသဵင်မုၵ်ႉၸုမ်း

ၸွမ်းၼင်ႇမိူဝ်ႈဝၼ်းထီႉ27/05/2024 ၼၼ်ႉယူႇတီႈ ၵူၼ်းသေၵေႃႉၵေႃႉ ဢမ်ႇၼၼ် သေၸုမ်းၸုမ်း တင်ႈ Page ပွမ် ဢၢင်ႈဢဝ်ၸိုဝ်ႈ Page SSPP Info ဢၼ်တၢင်တူဝ်ပိုၼ်ၽၢဝ်ႇ မုၵ်ႉၸုမ်း SSPP/SSA လၢတ်ႈဝႃႈပဵၼ် ၽႃႇသႃႇ...

SSPPInfo Page အတု ပေါ်ပေါက်နေခြင်းနှင့် ပတ်သက် ၍ သတိပြုကြရန် အသိပေးခြင်း

ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA အား ကိုယ်စားပြုသည့် SSPPInfo Facebook စာ မျက်နှာကို ထိုးနှက်တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် မသမာသူတစုက Facebook စာမျက်နှာ အတု ဖန်တီး ပြုလုပ်ခဲ့ကြောင်း...

သပ်းလႅင်းၸႅင်ႈၶၢဝ်ႇၵဵဝ်ႇပၼ်ႁႃRCSSလႄႈ SSPP

ပူၼ်ႉမႃးမိူဝ်ႈ31-3-2024 ယၢမ်း 07:30 ၵၢင်ၼႂ် ၼၼ်ႉ ၽွင်းၵူၼ်းသိုၵ်းၽႆၢႇSSPPၵႂႃႇထတ်းတပ်ႉသေ ပွၵ်ႈမႃးၶိုၼ်း ၽွင်းၽႅဝ်မႃးတီႈၽႆၢႇတူၵ်းၶူဝ်ၼမ်ႉပွၼ် ႁိမ်းဝၢၼ်ႈမၢၵ်ႇၸွၵ်း...