ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်က ခမရတပ် (၃၂၄)မှ တစ်ဘက်သတ် လက်နက်ကြီး/ငယ် ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ နေအိမ်(၂) လုံးပေါ် လက်နက် ကြီး ကျည် ကျရောက် ပေါက်ကွဲပြီး ဒေသခံပြည်သူနှစ်ဦးကို ကျည်စထိမှန်လို့ ဒဏ်ရာ ရရှိထားပါသည်။
ယနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်က စစ်ကောင်စီတပ် ခမရ (၃၂၄) မှ လက် နက် ကြီး/ငယ်ဖြင့် တဖက်သတ် ပစ်ခတ်မှုကြောင့် နမ္မတူမြို့နယ် ရပ်ကွက် (၉) နှင့် ရပ်ကွက် (၆) ရှိ ဒေသခံ နေ အိမ်(၂) လုံးအပေါ် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲပြီး နေအိမ်ပျက်စီးကာ ရပ်ကွက်(၆)က ကလေးငယ်တစ်ဦး နှင့် အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦး ကျည်စထိမှန်ပြီး ဒဏ်ရာ ရရှိ ထားပါသည်။
“ဟုတ်ပါတယ် ဒီနေ့လဲ ခမရ(၃၂၄) က ပစ်တာ နံနက်အ စော ပိုင်း ၅ နာရီကျော်လောက်ကတည်းကနေ ပစ်တာ တဖက်တည်းပစ်တာ ဘယ်အဖွဲ့မှ ပြန်ပစ်တာမကြားရဘူး။ ငါးရက်ခြောက်ရက် ရှိပြီ ခမရ(၃၂၄) ကပစ်သံပဲကြားနေရတယ် လက်နက်ကြီးနဲ့ ပစ်လိုက် စက်သေနတ်နဲ့ပစ်လိုက်နဲ့ တဖက်က ပြန်ပစ်တာတော့ မကြားရသေးဘူး
သူတို့ပစ်တဲ့ လက်နက်ကြီးက ရပ်ကွက်(၉) က အိမ်တစ် လုံးထိတယ် ရပ်ကွက်(၆) ကအိမ်တစ်လုံးထိတယ် လူနှစ် ယောက်ပါ ကျည်စထိမှန်ပြီး ဒဏ်ရာရတယ်” လို့ နမ္မတူမြို့နယ် ဒေသခံတစ်ဦးက ပြောပါသည်။
နမ္မတူမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တအာင်းတပ် ဖွဲ့ TNLA တို့မြို့တွင်းနီးကပ်စွာ စစ်ရေးတင်းမာနေတာဟာ တစ်လနီးပါးခန့်ရှိနေပြီဖြစ်ပြီး နမ္မမြို့နယ်ရှိ စစ်ကောင်စီရဲ့ မန်လီတပ်စခန်း ၊ မန်စံ EPC ကုန်း တပ်စခန်း ၊ နမ့်ပန်လေ ကျေးရွာက ပိုက်လိုင်းလုံခြုံရေးတပ်စခန်း နေရာ တွေကို တိုက်ပွဲဖြစ်ပွားတာမရှိပဲ စစ်ကောင်စီဘက်က တပ်ဆုတ်ပေးလိုက်တာဖြစ်ပါတယ်။
ဓါတ်ပုံ – Lu Maw Nt Facebook စာမျက်နှာမှ