News

News

Tuesday
September, 17

နမ့်ခမ်းမြို့နယ် လူနေရပ်ကွက်အတွင်း ဂျက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်မူ့ကြောင့် ဒေသခံပြည်သူ(၁)ဦးသေဆုံး (၆) ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၂ ရက်ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှာ စစ်ကောင် စီက တအာင်းတပ်ဖွဲ့ TNLA တို့ရှိရာ လူနေရပ်ကွက်အ တွင်း ဂျက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အတွက်ကြောင့် ရပ်ကွက်နေ ပြည်သူ၏နေအိမ်တစ် လုံးထိခိုက်ပျက်စီးကာ ကျည်စထိမှန်လို့ ဒေသခံ ပြည်သူ(၁)ဦးသေ ဆုံးပြီး (၆)ဦးဒဏ်ရာ ရရှိထားပါတယ်။

စက်တင်ဘာ ၁ ရက် ည ၉ :၁၅ နာရီ မှာတစ်ကြိမ် ည ၉:၄၅ နာရီမှာတစ်ကြိမ် စစ်ကောင်စီဘက်က ဂျက်လေယာဥ်တစ်စီးဖြင့် တအာင်းတပ်ဖွဲ့ TNLA တို့နေရာယူ ထားသည့် နမ့်ခမ်းမြို့နယ် နောင်မိုရပ်ကွက် ၊ နောင်စန့်ရပ် ကွက် ၊ အောင်မေတ္တာရပ်ကွက် အတွင်း ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရပ်ကွက် အတွင်း လူနေအိမ်တစ် လုံးထိခိုက် ပျက် စီးပြီး ဒေသခံပြည်သူ (၁) ဦးသေဆုံး (၆)ဦး ဒဏ်ရာရှိထားပါတယ်။ဒဏ်ရာရ လူနာတွေဟာ နမ့်ခမ်းမြို့နယ် ဟိုကတ် ရပ် ကွက်နေထိုင်သူ ချင်းလူမျိုးများဖြစ်သည့် ဒေါ်တင်တင်အေး အသက် (၄၆) နှစ် ၊ မလှရီ အသက်(၁၉) နှစ် ၊ မဆောင်းသပြေဦး အသက်(၁၂) နှစ် ၊ မသန်းမေလု အ သက် (၁၇) နှစ် ၊ ဆလိူင်းမောင်ရင် အသက်(၁၆) နှစ် နှင့် အောင်မေတ္တာရပ်ကွက် နေ ရှမ်းလူမျိုး စိုင်းအိုက်စိုင်း အ သက်(၂၈) နှစ်တို့ ဖြစ်ကြပါတယ်။ဒဏ်ရာရ လူနာတွေကို ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တပ်မတော် SSPP/SSA မှ ဘေးလွတ်ရာနေရာသို့ ပြောင်းရွှေ့ထားပြီး ဆေးကုသမူ့အကူအညီတွေ ပေးနေပါတယ်။

” ဟုတ်ပါတယ် TNLA တပ်ဖွဲ့က ရပ်ကွက်ထဲမှာ လာနေကြတော့ စစ်ကောင်စီတွေက လေယာဥ်နဲ့ဗုံးလာကျဲသွားတာ ဖြစ်နိုင်ရင်တော့ ဘယ်အဖွဲ့မဆို ပြည်သူကိုငဲ့ညှာပြီး တိုက်ပွဲဖြစ်နေတဲ့ကာလမှာ ပြည်သူတွေ လူနေများတဲ့ရပ်ကွက်မှာ လက်နက်ကြီးနဲ့မပစ်ကြပါနဲ့ပေါ့ ပြီး တော့ ကျွန်တော်တို့ပြည်သူတွေရဲ့ ရပ်ကွက်ထဲ ရွာထဲ မှာ နီးနီးကပ်ကပ်လာမနေကြပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ နမ့်ခမ်းဒေသခံတစ်ဦးက ပြောပါတယ်။

ယနေ့ အချိန်ထိ နမ့်ခမ်းမြို့နယ်က စစ်ကောင်စီရဲ့ စ ခန်းသစ်တပ်စခန်းမှာ မကြာခဏဆိုသလို တိုက်ပွဲဖြစ် ပွားလေ့ရှိပြီး စစ်ကောင်စီဘက်က ဂျက်လေယာဥ်ဖြင့် နမ့်ခမ်း မြို့နယ်အတွင်း လိုက်လံပစ်ခတ်ကာ တိုက်ပွဲကြောင့် နမ့်ခမ်း ဒေသခံပြည်သူတစ်ချို့ အသက်ဆုံးရှူံးရသလို ဒဏ်ရာရသူ အများအပြားနှင့် စစ်ဘေးရှောင်နေရသူ (၄၀၀၀) ကျော် ရှိနေပါတယ်။#shanstateprogressparty

#shanstatearmy

#SSPP

#SSA

#ဗုံးကျဲတိုက်ခိုက်

Find us on

Latest articles

- Advertisement - spot_img

Related articles

မိူင်းၶႄႇ ပၼ်ၾၢင်ႉ ႁႂ်ႈတပ်ႉသိုၵ်း TNLA ၵိုတ်းပၢင်တိုၵ်း ၼႂ်းမိူင်းတႆးပွတ်းႁွင်ႇၵမ်းလဵဝ်

မိူင်းၶႄႇယိုၼ်လိၵ်ႈ တိုၵ်းသူၼ်း ပၼ်ၾၢင်ႉထိုင်တီႈ တပ်ႉသိုၵ်းတဢၢင်း TNLA ဝႃႈ - ႁႂ်ႈၵိုတ်းပင်တိုၵ်း ၼႂ်း မိူင်းတႆး ပွတ်းႁွင်ႇၵမ်းလဵဝ် ၊ ပေႃးဢမ်ႇၵိုတ်း တေဢဝ်လိူင်ႈတၢင်း ၽိတ်းၵႂႃႇၵမ်းလဵဝ် ၼႆယူႇယဝ်ႉ။...

မၢၵ်ႇႁၢင်ႈ RCSS တႅၵ်ႇတိူဝ်ႉၺႃး ၵူၼ်းမိူင်း လႆႈတၢင်းမၢတ်ႇၸဵပ်း လူႉတၢႆ

ၵူၼ်းမိူင်း ၼႂ်းၸေႈဝဵင်းၵုၼ်ႁဵင် ၽႃႇၺႃးမၢၵ်ႇ ဢၼ်ၸုမ်း RCSS ႁၢင်ႈဝႆႉ တီႈၼိူဝ် သဵၼ်ႈတၢင်း ဢၼ်ပေႃႈ မႄႈၵူၼ်းမိူင်း ၵႂႃႇမႃး လႄႈ ၵူၼ်းမိူင်း လူႉတၢႆ(1) ၵေႃႉ မၢတ်ႇၸဵပ်း (10)...

ရှမ်းမြောက် မိုင်းရယ်မြို့ကို SSPP/SSA မှ စစ်အင်အား ထောင်နှင့်ချီ ဝင်ရောက် တပ်စွဲ

ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ် အတွင်း ဒေသတည် ငြိမ်ရေးနှင့် ပြည်သူ့လုံခြုံရေး အတွက် ရည်ရွယ်ပြီး SSPP/SSA မှ စစ်အင်အား ၁၀၀၀ ကျော်သည် ယမန်နေ့ ဇူလိုင်လ ၁၂ ရက်နေ့...

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နှင့် TNLA တို့ ၃ နေရာ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ

ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA အခြေချတပ်စွဲထားသည့် စခန်းများကို တအာင်း လွတ်မြောက်ရေးတပ်မတော် TNLA က ဇူလိုင်လ ၅ ရက်နေ့တွင် ဝင်ရောက် တိုက်ခိုက်ရာမှ အပြန်လှန် တိုက်ခိုက် မှု...

ပၢင်တိုၵ်း SSPP/SSA တင်း TNLA – 3 ဢွင်ႈတီႈ သွင်ၽၢႆႇမီးလွင်ႈတူၵ်းသုမ်း

တပ်ႉသိုၵ်းၸိုင်ႈတႆး SSPP/SSA ဢၼ်ပၵ်းသဝ်းဝႆႉယူႇတီႈ ဝၢၼ်ႈလုၵ်းပႃ ၽၢႆႇၸၢၼ်း တၢင်းၵႃးလူင် မိူင်းႁူမ်ႈတုမ် ယၢၼ်ၵႆမွၵ်ႈ 7 လၵ်းၼၼ်ႉ ၽၢႆႇတပ်ႉ TNLA ၶဝ်ႈၵႂႃႇယိုဝ်းသႂ်ႇ ၵူၼ်းပႂ်ႉၵိၵ်ႉ SSPP/SSA လႄႈ သွင်ႇၽၢႆႇလႆႈတႄႇပဵၼ်ပၢင်တိုၵ်းၵၼ်...

“ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်အတွင်း TNLA တပ်မှ SSPP တပ်ကို ဝင်ရောက် တိုက်ခိုက်မှုရှိ” ဆိုသည့်...

ယနေ့ ဇွန်လိုင်လ ၅ ရက် ညနေ ၅:၂၅ အချိန်မှာ SSPPInfo Facebook Page မှ "ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်အတွင်း TNLA တပ်မှ SSPP တပ်ကို...