ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် စစ်ကောင်စီ ခမ ရ(၃၂၄) တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဒေ သခံ ပြည်သူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး နေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားပါသည်။
ယနေ့ ဒီဇင်ဘာ ၂၅ ရက် နံနက် ၁ : ၃၀ နာရီအချိ န်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် စစ်ကောင်စီတပ် ခမရ (၃၂၄) မှ 120 MM လက်နက်ကြီးဖြင့် မည်သည့်လက်နက်ကိုင် တပ်ဖွဲ့မှမရှိသည့် နမ္မတူမြို့နယ် မန်ဆာကြီးအုပ်စု နားလင်း ကျေးရွာဘက်သို့ ရမ်းတမ်းပစ်ခတ်ရာ နားလင်းကျေးရွာအတွင်း ဒေသခံ နေအိမ်တစ်လုံးအ ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး နေအိမ် မီး လောင်ပျက်စီးသွားကာ နေအိမ်အတွင်း သိုလှောင်ထားသည့် စပါး (၁၃၀) တင်း ၊ ဆန်(၄)တင်း ၊ဆီ ပုံးကြီး (၃) ပုံး ၊ ငွေကျပ် သိန်း(၂၀) တို့ဟာ ၎င်းနေအိမ်နှင့်အတူ မီးလောင်ဆုံးရှူံးသွား ပါသည်။စစ်ကောင်စီတပ် ခမရ ၃၂၄ မှ ပစ်ခတ်လိုက်သည့်လက် နက်ကြီးသည် အလုံးပေါင်း ၂၀ ခန့် ရှိပြီး နေအိမ်တစ်လုံး အပေါ်ကျရောက်ပေါက်ကွဲသည့်အပြင် နားလင်းကျေးရွာ အနီးတဝိုက်မှာ ၁၉ လုံးခန့် ကျသေးတယ်လို့ ဒေသခံ တစ်ဦးက ဆိုပါသည်။
“ဟုတ်ပါတယ် နေအိမ်တစ်လုံးတော့ ရစရာမရှိ မီးလောင်သွားတယ် နောက်တစ်လုံးတော့ ခေါင်မိုးက သွပ်ပြား ၉ ချပ်လောက်ထိသွားတယ် ကျန်တဲ့ လက်နက်ကြီးကျည် ၁၉ လုံးလောက်က ရွာပါတ်ပါတ်လည်အနီးတဝိုက်မှာပဲကျပါတယ်။ ခမရ ၃၂၄ တပ်နှင့် ဒီရွာနှင့်က လမ်းကြောင်းမိုင်တိုင်အရဆို ၁၅ မိုင်လောက်ဝေးပါတယ် ” လို့ ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။
နမ္မတူမြို့နယ်က စစ်ကောင်စီတပ် ခမရ ၃၂၄ နဲ့ တအာင်း တပ်ဖွဲ့ TNLA တို့သည် တစ်ဘက်နှင့်တစ်ဘက် ၆ ဖာလုံခန့် အကွာအဝေးနှင့် စစ်ရေးတင်းမှာနေကြပြီး စစ်ကောင်စီဘက်က မကြာခဏဆိုသလို မည်သည့်လက်နက် ကိုင်တပ်ဖွဲ့မှမရှိသည့် ဒေသခံပြည်သူ၏ကျေးရွာထဲကို လက် နက်ကြီးဖြင့် တဘက်သတ် ပစ်ခတ်နေတာ ဖြစ်ပါသည်။
#shanstateprogressparty
#shanstatearmy
#SSPPInfo
#စစ်ကောင်စီ
#TNLA
#လက်နက်ကြီးကျည်
#မီးလောင်
#နမ္မတူမြို့နယ်