ဒီဇင်ဘာ ၁၂ ရက်တရုတ်နိုင်ငံ၏ ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် အမျိုး သားစည်းလုံးညီညွတ်ရေး ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနိုင်းရေး ကော်မတီ နဲ့ မဟာမိတ်(၃) ဖွဲ့ဖြစ်သည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) ၊ ရခိုင်တပ်ဖွဲ့ (AA) ၊ တအာင်းပလောင်တပ်ဖွဲ့ (TNLA ) တို့ဟာ လက်ရှိဖြစ်ပေါ်နေသည့် တိုက်ပွဲများရပ်တန့်နိုင်ရေးအတွက် တရုတ်နိုင်ငံမှာ တွေ့ဆုံဆွေး နွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က ဒီနေ့ ဒီဇင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ထား ပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုဟာ မဟာမိတ်(၃) ဖွဲ့ဘက်က ထုတ်ပြန်ထားခြင်း မရှိသေးသလို ဘယ်နေ့ ၊ ဘယ်နေရာ ၊ ဘယ်ချိန်မှာ တွေ့ဆုံဆွေးပြီး ဘယ်လိုအခြေအနေ ဘယ်အနေအထားထိ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတာ မသိရသေးပါဘူး။ဒီဆွေးနွေးမှုနဲ့ပါတ်သက်ပြီး တိုးတက်မှုရှိခဲ့ရင် ဒီဇင် ဘာ လကုန်ပိုင်းမှာ ဆက်လက်တွေ့ဆုံဖို့ရှိမယ်လို့ စစ်ကောင်စီဘက်က ဆိုပါသည်။
၎င်းတွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီးနောက်ပိုင်း ဒီဇင်ဘာ ၁၀ ရက် ၂၃:၀၀ နာရီအချိန်ကစ ယနေ့ ဒီဇင်ဘာ ၁၁ ရက် နံနက် ၆း၀၀ နာရီအချိန်ထိ စစ်ကောင်စီတပ် နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် စံဖိတ်ကျေးရွာ အုပ်စုမှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး ယနေ့ ညနေ ၁၆း၄၄ နာရီအချိန် ကနေ ၁၈ နာရီ ဝန်းကျင်ထိ လားရှိူးမြို့နယ် အီနိုင်းကျေးရွာအုပ်စုမှာ နှစ်ဖက်အပြန် အလှန် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ကာ ၁၉း၄၄ နာရီအချိန်မှာလဲ စစ်ကောင်စီဘက်က စစ်ရဟတ်ယာဥ်ဖြင့် နမ့်ခမ်းမြို့နယ် စာရေးတန်းရပ်ကွက်အနီးနဲ့ သာယာကုန်းရပ်ကွက်အနီးမှာ ဗုံးကျဲ တိုက်ခိုက် ခဲ့သေးသည်။
Photo-Credit
#shanstateprogressparty
#shanstatearmy
#SSPPInfo
#မဟာမိတ်
#စစ်ကောင်စီ
#တွေ့ဆုံဆွေးနွေး
#တရုတ်ပြည်နယ်