News

News

Monday
May, 20

SSPP/SSA ဌာနချုပ်ရှိ အမျိုးသမီးရေးရာအဖွဲ့မှ ထုန့်မောဝ်တွင်ကျဆုံးသွားသောစစ်သည်တော်များ အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်

နိုဝင်ဘာလ ၈ရက်နေ့ ညပိုင်းမှာ SSPP/SSA ဌာနချုပ်ရှိ အမျိုးသမီးရေးရာအဖွဲ့၊ အရာရှိငယ် နှင့် ရဲဘော်များ စုပေါင်းပြီး ထုန့်မောဝ်တွင် TNLA ဖမ်းဆီးသွားသော အပြစ်မဲ့ပြည်သူတစ်ဦးကို ကယ်ဆယ်ဖို့ သွားနေစဉ် TNLA ရဲ့ ထိတွေ့တိုက်ပွဲကြောင့် ကျဆုံးသွားသော မြို့ နယ်မှူး စိုင်းဆိုင်လျန်းနှင့် ရဲဘော်များအား ရည်စူးပြီး ဝမ်း နည်းခြင်းအထိမ်းအမှတ်ပြုလုပ်ခဲ့သည်။

ဖြစ်စဉ်ဖြစ်ပွားပုံမှာ နိုဝင်ဘာလ ၇ ရက်နေ့တွင် စယ်လန့်အုပ်စုမှာ နေထိုင်သည့် ရှမ်းလူငယ် ခေါင်းဆောင် စိုင်းမောဝ်အွန်ဆိုသူဟာ TNLA စစ်ကြောင်းကို ဓာတ်ပုံရိုက်တယ်ဟုဆိုကာ TNLA က လာရောက်ဖမ်းဆီးသွား ခဲ့သည်။ ထိုအကြောင်းကို သိပြီးပြီးချင်း စယ်လန့်ဒေသမှာ တာဝန်ယူနေသည့် မြို့နယ်မှူးစိုင်းဆိုင်လျန်းက ဖမ်းဆီးခံရသည့် စိုင်းမောဝ်အွန်ကို ပြန်လွတ်ပေးဖို့ TNLA ကို ဆွေးနွေးညှိနှိုင်းရန် ရဲဘော် ၈ ယောက်နှင့် သွားခဲ့သည်။

ထိုသို့ သွားနေစဉ် ဖိုင်မိုင်ကျေးရွာအရောက်မှာ TNLA ဘက်က လူအင်အား ၁၀၀ ကျော်ဖြင့် ဝိုင်းဝန်းပစ်ခတ်မှုကြောင့် မြို့နယ်မှူး စိုင်းဆိုင်လျန်းနှင့် ရဲဘော် ၂ ဦး အပြစ်မဲ့ပြည်သူကို အကာကွယ်ပြုရင်း မြင့်မြတ်စွာအသက်ပေးခဲ့ရသည်။

မြို့နယ်မှူး စိုင်းဆိုင်လျန်း နဲ့ ရဲဘော် ၇ ဦးဟာ အပြစ်မဲ့ပြည်သူစိုင်းမောဝ်အွန်ကို သွားရောက်ထောက်ခံပြီး ပြန် လည်ခေါ်ဆောင်လာဖို့ ဖိုင်မိုင်ကျေးရွာကို ရောက်စဉ် TNLA က အင်အားအလုံးအရင်းဖြင့် ဝိုင်းဝန်းပစ် ခတ်ခဲ့သဖြင့် ၂ နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ချ အ ရှုံးပေးပြီဖြစ်သည့် မြို့နယ်မှူးအပါအဝင်စစ်သုံ့ ပန်း ၂ ဦးကို TNLA ဘက်က လူမဆန်စွာ သတ်ဖြတ်ပစ်ခဲ့သည်။

အပြစ်မဲ့ထုန့်မောဝ် ရှမ်းလူငယ်ခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးခြင်းနှင့် SSPP/SSA ၏ စစ်သုံ့ပန်း ၂ဦးကို သတ်ဖြတ်ခြင်းဟာ စစ်ရာဇဝတ်မှုမြောက်သည့်ပြင်လူမဆန်သည့် လုပ်ရပ်ဖြစ်ပြီး ယခုလို TNLA ရဲ့လုပ်ရပ်ကို SSPP/SSA အနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချသည်။

#shanstateprogressparty

#shanstatearmy

#ssppinfo

#တိုက်ပွဲ

#tnla

Find us on

Latest articles

- Advertisement - spot_img

Related articles

ငဝ်ႈငုၼ်း SSPP/SSA ပိုတ်ႇၽုၺ်ႇ ပၢင်သွၼ် ၽိူမ်ႉထႅမ်ၼမ်ႉၵတ်ႉမေႃသွၼ် ပွၵ်ႈၵမ်း(2)

ငဝ်ႈငုၼ်း ပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး ၊ တပ်ႉသိုၵ်းၸိုင်ႈတႆး SSPP/SSA ၸတ်းႁဵတ်း ပၢင်သွၼ် ၽိူမ်ႉထႅမ် ၼမ်ႉၵတ်ႉမေႃသွၼ် ပွၵ်ႈၵမ်း (2) တီႈႁူင်းႁေႃးလူင်ၼွင်ငိုၼ်း ၸေႈဝဵင်းဝၢၼ်ႈႁႆး ၸိုင်ႈတႆးပွတ်းၸၢၼ်း။ မိူဝ်ႈပူၼ်ႉမႃး လိူၼ် April 22...

ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်း လက်ခံထားရှိခြင်း မပြုရန် SSPP/SSA မှ အမိန့် ထုတ်ပြန်

ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ၏ အုပ်ချုပ်ရေးနယ်မြေအတွင်းရှိ တပ်မှူး၊ ဌာနမှူး အဆင့်ဆင့်နှင့် အုပ်ချုပ်ရေးတာဝန်ခံ အဆင့်ဆင့် အပါ အဝင် မိဘပြည်သူများ အားလုံး သိရှိ လိုက်နာ စေရန်...

SSPP/SSA ၏ နာမည်ကို Shwe Phee Myay News Agency (ရွှေဖီမြေ...

“ မိုင်းရယ် ဒေသမှာ ခြေကုပ် ယူလာတဲ့ တရုတ်နိုင်ငံသားတွေ ဉီးဆောင်တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်း ” ခေါင်းစဉ် ဖြင့် Shwe Phee Myay News Agency...

နိုင်ငံရေး နည်းလမ်းနဲ့ အဖြေရှာမရရင် စစ်ရေးနည်းလမ်းဖြင့် အဖြေရှာရလိမ့်မည်ဟု SSPP/SSA ဒုဗိုလ်ချုပ်ကြီးဆို

စစ်မှန်သော ပြည်ထောင်စု ဒီမိုကရေစီ ရရှိရန် နိုင်ငံရေး စားပွဲဝိုင်းတွင် အဖြေရှာသည့် နည်းလမ်း မရှိတော့ ခြင်းကြောင့် တိုက်ပွဲ ဖြစ်ရတော့မည် ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA မှ...

SSPP/SSA လူႇတၢၼ်းငိုၼ်း ၸွႆႈထႅမ်တႃႇၵေႃႇသၢင်ႈၵျွင်းမႂ်ႇ

ၵေႃႉသိုၵ်းၵေႃႉႁၢၼ် ၾၢႆႇတပ်ႉ ၾၢႆႇဢုပ်ႉပိူင်ႇပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး တပ်ႉသိုၵ်းၸိုင်ႈတႆး SSPP /SSA ၸိူဝ်း ဢၼ်ပၵ်းသဝ်းတူင်ႉၼိုင်ဝႆႉ ၼႂ်းၼႃႈတီႈဢုပ်ႉပိူင်ႇ ၸေႈဝဵင်းမၢႆ(35) လွၵ်ႉၸွၵ်ႇ ၸေႈတွၼ်ႈမၢႆ (15) ၼၼ်ႉ လူႇတၢၼ်း...