ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိူးမြို့နယ် အတွင်း ရောက်ရှိလာသည့် စစ်ဘေးရှောင်ပြည်သူများလိုအပ်သည့် စားနပ်ရိက္ခာအကူအညီအတွက် ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် မှ ဆန်အိပ်ပေါင်း (၁၀၀) ကျော် ပေးအပ်ကူညီခဲ့ပါသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အသီးသီးမှ လက်ရှိဖြစ်ပွားနေသည့် တိုင်းရင်းသား မဟာမိတ် (၃) ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေကြောင့် လားရှိူးမြို့နယ်အ တွင်း ရောက်ရှိထားသည့် စစ်ဘေးရှောင်ပြည်သူ များ လိုအပ်သည့် စားနပ်ရိက္ခာ အကူအညီတွေအတွက် ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တပ်မတော် SSPP/SSA ဗဟိုဌာနချုပ်မှ မနေ့က နိုဝင်ဘာ ၆ ရက် နေ့မှာ (၄၅၆) ဆန်အမျိုးအစား အိပ်ပေါင်း (၁၆၀) အိပ် အကူအညီ ပေးခဲ့တာဖြစ်ပါတယ်။
ပေးအပ်ကူညီခဲ့သည့် ဆန်အိပ်များသည် မန်ဆူကျောင်းရှိ စစ်ဘေးရှောင်အတွက် (၂၀) အိပ် ၊ မန်အိုင်ဖုန်းကြီး ကျောင်းရှိ စစ်ဘေးရှောင်အတွက် (၁၀) အိပ် ၊ ဟိုပိတ်(ၵျွင်းႁူဝ်ပိုၵ်ႉ) ဖုန်းကြီးကျောင်းရှိစစ်ဘေးရှောင်အတွက် (၁၀) အိပ် ၊ တာပုံ(ၵျွင်းတႃႈပုင်ႇ)ဖုန်းကြီးကျောင်းရှိစစ်ဘေးရှောင်အတွက် (၁၀) အိပ် ၊ မိုင်းတိမ်(မိူင်းတဵမ်) ဖုန်း ကြီးကျောင်းရှိ စစ်ဘေးရှောင်အတွက် (၁၀) အိပ် ၊ ဟိုနမ့်ဖုန်းကြီးကျောင်းရှိစစ်ဘေးရှောင်အတွက် (၁၅) အိပ် ၊ ကောင်းခံ ဖုန်းကြီး ကျောင်းရှိစစ်ဘေးရှောင်အတွက် (၁၀)အိပ် ၊ ပန်နားဖုန်းကြီးကျောင်းရှိစစ်ဘေး ရှောင်အ တွက် (၂၅)အိပ် ၊ မိူင်းယော် ရှိစစ်ဘေးရှောင်အတွက် (၂၀) အိပ် ၊ နမ့်မ ဖုန်းကြီးကျောင်းရှိစစ်ဘေးရှောင်အ တွက် (၁၀) အိပ် နှင့် နမ့် ပေါင် ဖုန်းကြီးကျောင်းရှိ စစ်ဘေးရှောင်အတွက် (၁၀) အိပ် တို့ဖြစ်ပါတယ်။
လားရှိူးမြို့နယ်အတွင်း နေရာအသီးသီးရှိ စုစုပေါင်း စစ်ဘေးရှောင် လူဉီးရေစာရင်း (၆၀၀၀) ခြောက်ထောင် ကျော်ရှိပြီး စစ်ရေးတည်ငြိမ်မူ့မရှိသေးသည့်အတွက်ကြောင့် ထပ်မံရောက်ရှိလာမည့် စစ်ဘေးရှောင်ပြည် သူ များလည်း ရှိသေးတယ်လို့ သိရပါတယ်။ကျန်ရှိနေသေးသည့် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အသီးသီးမှ စစ်ဘေးရှောင်ပြည်သူများအတွက်လည်း ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တပ်မတော် SSPP/SSA ၏ ဒေသတွင်း တာဝန်ရှိသူတွေ စာရင်းပြုစုပြီး အတတ်နိုင်ဆုံး လိုအပ်သည့် အကူအညီများပေးအပ်သွားမည် ဖြစ်ပါသည်။
#shanstateprogressparty
#shanstatearmy #SSPP #SSA#
ပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး
#တပ်ႉသိုၵ်းၸိုင်ႈတႆး
#ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တပ်မတော်
#စစ်ဘေးရှောင်ပြည်သူ