News

News

Wednesday
October, 9

လားရှိူးမြို့နယ်မှာ စစ်ကောင်စီဘက်မှ တစ်ဖက်တတ် လက်နက်ကြီးပစ်ခတ်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိူးမြို့နယ်မှာ စစ်ကောင်စီဘက်မှ တဖက်သတ် လက်နက်ကြီးတွေ ပစ်ခတ်နေ တယ်လို့ လားရှိူးဒေသခံတွေစီကနေ သတင်းရရှိထားပါတယ်။

မနေ့က နိုဝင်ဘာ ၁၃ ရက် ည ၈ နာရီကျော်အချိန်မှာ လားရှိူးမြို့နယ် (ရမခ) တိုင်း မှ အတွဲလိုက်ဒုံးများ နှင့် (120. MM ) လက်နက်ကြီးများကို ယနေ့ နိုဝင်ဘာ ၁၄ ရက် နံ နက် အချိန်ထိ စစ်ကောင်စီတွေက တစ်ဖက်သတ် ပစ် ခတ်ပြီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည့် နေရာကိုတော့ မသိရသေးပါဘူး။“ ဟုတ်ပါတယ် စစ်ကောင်စီဘက်က ပစ်တာပါ မနေ့ ည ၈ နာရာရီကျော်လောက်စပစ်တာ လားရှိူးမြို့ရဲ့ အရှေ့ မြောက်ဘက်ကိုပစ်သွားတာ ဆယ်ချက်ထက်မနည်းဘူးပစ်တာက ပြီးတော့ ဒီနေ့နံနက် လဲထပ်ပစ် တယ် တစ် ခါပစ်ရင် လေးငါးချက်ဆက်တိုက်ပစ်တာ မြို့ထဲနေရတာလဲ မလုံခြုံတော့ဘူး ဘယ်ချိန်ထပြီး တိုက်ပွဲတွေဖြစ် လာမလဲ လို့ပဲ ကြောက်နေရတယ်” လို့ လားရှိူးဒေသခံတစ်ဦးက ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ရဲ့ ၁၀ ၂၇ စစ်ဆင်ရေးအတွင်း မှာ လားရှိူးမြို့တွင်းရှိ စစ်ကောင်စီတပ်စခန်း တွေ ကို မဟာမိတ်(၃) ဖွဲ့မှ လူအင်အားဖြင့် ဝင်ရောက်ပစ်ခတ် တိုက်ခိုက် တာမျိုးမရှိသေးပေမယ့် တိုက်ခိုက်ရေး ဒ ရုန်းတွေနဲ့ မကြာခဏဆိုသလို ဝင်ရောက် တိုက်ခိုက်တာတွေ လုပ်နေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင် ၊ ကွမ်းလုံ ၊ သိန္နီ ၊ မူဆယ် ၊ နမ့်ခမ်း ၊ လောက်ကိုင် ၊ ကုန်ကြမ်း ၊ လားရှိူး စသည့်မြို့နယ် ရှစ်မြို့ကို နိုဝင်ဘာလ ၁၂ ရက်နေ့မှာ စစ်ကောင်စီဘက်က စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည့် မြို့နယ်တွေဖြစ်ပါတယ်။

Photo- Crd:

#shanstateprogressparty

#shanstatearmy

#SSPP #SSA

#ရှမ်းပြည်တိုးတက်ရေးပါတီ

#ရှမ်းပြည်တပ်မတော်

#လက်နက်ကြီးပစ်ခတ်#စစ်ကောင်စီ

Find us on

Latest articles

- Advertisement - spot_img

Related articles

မိူင်းၶႄႇ ပၼ်ၾၢင်ႉ ႁႂ်ႈတပ်ႉသိုၵ်း TNLA ၵိုတ်းပၢင်တိုၵ်း ၼႂ်းမိူင်းတႆးပွတ်းႁွင်ႇၵမ်းလဵဝ်

မိူင်းၶႄႇယိုၼ်လိၵ်ႈ တိုၵ်းသူၼ်း ပၼ်ၾၢင်ႉထိုင်တီႈ တပ်ႉသိုၵ်းတဢၢင်း TNLA ဝႃႈ - ႁႂ်ႈၵိုတ်းပင်တိုၵ်း ၼႂ်း မိူင်းတႆး ပွတ်းႁွင်ႇၵမ်းလဵဝ် ၊ ပေႃးဢမ်ႇၵိုတ်း တေဢဝ်လိူင်ႈတၢင်း ၽိတ်းၵႂႃႇၵမ်းလဵဝ် ၼႆယူႇယဝ်ႉ။...

မၢၵ်ႇႁၢင်ႈ RCSS တႅၵ်ႇတိူဝ်ႉၺႃး ၵူၼ်းမိူင်း လႆႈတၢင်းမၢတ်ႇၸဵပ်း လူႉတၢႆ

ၵူၼ်းမိူင်း ၼႂ်းၸေႈဝဵင်းၵုၼ်ႁဵင် ၽႃႇၺႃးမၢၵ်ႇ ဢၼ်ၸုမ်း RCSS ႁၢင်ႈဝႆႉ တီႈၼိူဝ် သဵၼ်ႈတၢင်း ဢၼ်ပေႃႈ မႄႈၵူၼ်းမိူင်း ၵႂႃႇမႃး လႄႈ ၵူၼ်းမိူင်း လူႉတၢႆ(1) ၵေႃႉ မၢတ်ႇၸဵပ်း (10)...

ရှမ်းမြောက် မိုင်းရယ်မြို့ကို SSPP/SSA မှ စစ်အင်အား ထောင်နှင့်ချီ ဝင်ရောက် တပ်စွဲ

ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ် အတွင်း ဒေသတည် ငြိမ်ရေးနှင့် ပြည်သူ့လုံခြုံရေး အတွက် ရည်ရွယ်ပြီး SSPP/SSA မှ စစ်အင်အား ၁၀၀၀ ကျော်သည် ယမန်နေ့ ဇူလိုင်လ ၁၂ ရက်နေ့...

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နှင့် TNLA တို့ ၃ နေရာ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ

ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA အခြေချတပ်စွဲထားသည့် စခန်းများကို တအာင်း လွတ်မြောက်ရေးတပ်မတော် TNLA က ဇူလိုင်လ ၅ ရက်နေ့တွင် ဝင်ရောက် တိုက်ခိုက်ရာမှ အပြန်လှန် တိုက်ခိုက် မှု...

ပၢင်တိုၵ်း SSPP/SSA တင်း TNLA – 3 ဢွင်ႈတီႈ သွင်ၽၢႆႇမီးလွင်ႈတူၵ်းသုမ်း

တပ်ႉသိုၵ်းၸိုင်ႈတႆး SSPP/SSA ဢၼ်ပၵ်းသဝ်းဝႆႉယူႇတီႈ ဝၢၼ်ႈလုၵ်းပႃ ၽၢႆႇၸၢၼ်း တၢင်းၵႃးလူင် မိူင်းႁူမ်ႈတုမ် ယၢၼ်ၵႆမွၵ်ႈ 7 လၵ်းၼၼ်ႉ ၽၢႆႇတပ်ႉ TNLA ၶဝ်ႈၵႂႃႇယိုဝ်းသႂ်ႇ ၵူၼ်းပႂ်ႉၵိၵ်ႉ SSPP/SSA လႄႈ သွင်ႇၽၢႆႇလႆႈတႄႇပဵၼ်ပၢင်တိုၵ်းၵၼ်...

“ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်အတွင်း TNLA တပ်မှ SSPP တပ်ကို ဝင်ရောက် တိုက်ခိုက်မှုရှိ” ဆိုသည့်...

ယနေ့ ဇွန်လိုင်လ ၅ ရက် ညနေ ၅:၂၅ အချိန်မှာ SSPPInfo Facebook Page မှ "ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်အတွင်း TNLA တပ်မှ SSPP တပ်ကို...