News

News

Monday
September, 16

ရွာသားဖမ်းဆီးမှု ကူညီဖြေရှင်းပေးသည့် SSPPတပ်ဖွဲ့ကိုTNLAမှ ချေမှုန်းရေးအမိန့်ချပြီး SSPP စစ်သုံ့ပန်းပါ ရွာလယ်ခေါင်တွင် အရှင်လတ်လတ်ပစ်သတ်

နိုဝင်ဘာလ ၈ ရက်ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေး ရွာ အုပ်စု စယ်လန့်ကျေးရွာမှာ နေထိုင်သည့် ဒေသခံပြည်သူ စိုင်းမောဝ်အွန်ကို တအာင်းပလောင် TNLA တပ်ဖွဲ့မှ ဖမ်းဆီးသွားခြင်းကိစ္စနှင့် ပတ်သက်ပြီး ရှမ်းပြည်တိုး တက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA မူဆယ်မြို့နယ်မှူးတပ်ဖွဲ့က တအာင်းပလောင်တပ်ဖွဲ့ထံ အကျိုး အကြောင်းသိရှိဖို့ရန်အတွက် သွားရောက် မေးမြန်းရာကနေ တအာင်းပလောင်တပ်ဖွဲ့ TNLA ဘက်က စတင်ဝိုင်း ဝန်းပစ်ခတ်မှုကြောင့် ရွာတွင်း အနီးကပ်တိုက်ပွဲဖြစ်ပွားကာ နှစ်ဖက်တပ်များ ထိခိုက်သေဆုံးမှုရှိပြီး SSPP စစ် သုံ့ပန်း(၂)ယောက်ကိုလည်း ပစ်သတ်ခဲ့ပါတယ်။

မနေ့က နိုဝင်ဘာ ၇ ရက်နေ့ နံနက် ၉ : ၄၀ နာရီ အချိန်မှာ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စု စယ်လန့် ကျေးရွာ အတွင်း လုပ်ရှားသည့် တအာင်းပလောင် TNLA တပ်ဖွဲ့က စယ်လန့်ကျေးရွာသား ဒေသခံပြည်သူ စိုင်းမောဝ်အွန်ကိုဖမ်းစီးသွားသည့်သတင်းရရှိထားသည့်အတွက်ကြောင့် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ဘက်က အုပ်ချုပ်ရေးတာဝန်ခံမူဆယ်မြို့နယ်မူးဦးဆောင်သည့် လုံခြုံရေးတပ်သား(၇) ဦးက ရှမ်းဒေသခံပြည်သူကိုဖမ်းဆီးသွားရခြင်းအကြောင်းသိစေဖို့ စယ်လန့်ကျေးရွာအတွင်း လုပ်ရှားသည့် တအာင်းပလောင်တပ်ဖွဲ့ TNLA ထံ အကျိုး အကြောင်းသွားရောက်မေးမြန်းရာကနေ တအာင်းပလောင်တပ်ဖွဲ့ TNLA မှ စစ်အင်အား (၁၀၀) ဝန်းကျင်ဖြင့် SSPP/SSA တပ်ဖွဲ့ကို ဝိုင်းဝန်းပိတ်ဆို့ပြီး TNLA မှ စတင်ပစ်ခတ်သောကြောင့် နေ့လည် ၁၂ နာရီအ ချိန်ထိ စယ်လန့်ကျေးရွာအတွင်း၌ ရုန်းရင်းဆန်ခတ်တိုက် ပွဲဖြစ်ပွားခဲ့ပြီး သာလွန်အင်အားနှင့် ဝိုင်းရံထားသော တ ဖက်တပ်များကြားမှ သတ်ကွင်းထဲ နောက်ကျန်နေခဲ့တဲ့ SSPP မြို့နယ်မှူးနှင့် ရဲဘော်တို့ (၂)ယောက်က စစ်သုံ့ပန်းအဖြစ် နောက်ဆုံးအဖမ်းခံလိုက်ပေမယ့် ရွာလယ်ခေါင်တွင် အရှင်လတ်လတ်ပစ်သတ်ခံခဲ့ရပါတယ်။

စစ်သုံ့ပန်းအဖြစ် အဖမ်းခံရချိန်တွင် SSPP/SSA ဒုစစ်ဦးချုပ် စဝ်ငေါဝ်းဖနှင့် Wechatမှ လှမ်းတင်ပြပေးခဲ့ပါ သဖြင့် စဝ်ငေါဝ်းဖ မှ လူကိုဖမ်းဆီးထားသော်လည်း လူသားချင်းစာနာမှုအနေဖြင့် အသက်လွှတ်ငြိမ်းချမ်းသာခွင့်ပေးပါရန် မေတ္တာရပ်ခံပါကြောင်း ၎င်းရဲ့အသံကို တဖက်လူ ကြီးထံ ဖွင့်ပြရန် ပြောလိုက်ပါတယ်။ တိုက်ပွဲဖြစ်ပွားနေချိန်တွင်လည်း ပြဿနာပိုမကြီးထွားအောင် စဝ်ငေါဝ်းဖမှ TNLA စစ်ံဦးချုပ် တားဟိုပရန်ထံ နှစ်ဖက်တပ်ဗဟိုလူ ကြီးများ ဝိုင်းဝန်းထိန်းသိမ်းသွား ကြရန် ညှိနှိုင်းဆွေးနွေးခဲ့ပါသော်လည်း တားဟိုပရန်မှ အပြတ်ချေမှုန်းသွားရန် အမိန့်ချပြီးဖြစ်ကြောင်း ပြောကာ ဆက်သွယ်မှု ဖြတ်တောက်လိုက်ပါတယ်။

အခြားတဖက်တွင် SSPP ဆက် ဆံရေးတာဝန်ရှိသူများက နှစ်ဖက်ခေါင်းဆောင်များ ဆွေးနွေးဖြေရှင်းရန် အခြားသော TNLAခေါင်းဆောင်ကြီးများကို ကြိုးစားချိတ်ဆက်သော်လည်း ၎င်းတို့မှာ တားဆီးနိုင်သည့် အခြေအနေတွင်ရှိမရှိကြောင်း ဒါရိုက်ညွှန်ကြားသည့်သူတို့တွင်သာ တာဝန်ရှိနေပါကြောင်း ပြန် ကြားခဲ့ပါတယ်။

နှစ်ဖက် တိုက်ပွဲအတွင်း TNLA ဘက်က ၅ ဦးထက်မနည်း ကျဆုံးကာ ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တပ်မ တော် SSPP/SSA ဘက်က တစ်ဦးကျဆုံးပြီး မြို့နယ်မှူးအဆင့်ရှိသူတစ်ဦး နှင့် တပ်သားတစ်ဦးကို TNLA ဘက်က အရှင်ဖမ်းဆီးပစ်သတ်ကာ အခြားသော ရဲဘော်များလည်း ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်မှာလဲ ကွတ်ခိုင်မြို့နယ် မိုင်းယုအုပ်စု မန်ပန်ကျေးရွာဘက် လုပ်ရှား သည့် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ၏ စစ်ကြောင်းကို တအာင်းပလောင် တပ်ဖွဲ့ TNLA မှ သာလွန်အင်အားဖြင့် အပြတ်ချေမှုန်းရန် ကြို တင်ပြင်ဆင်ပြီး ပိတ်ညပ်ပစ်ခတ်သည့် အတွက်ကြောင့် နှစ်ဖက်တိုက်ပွဲ တစ်ခါဖြစ် ပွားခဲ့ဖူးပြီး ယခုတစ်ခါနဲ့ဆို တအာင်းပလောင်တပ်ဖွဲ့မှ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့များကို ချေမှုန်းရေးတိုက်ပွဲဆင်နွဲခဲ့ တာ နှစ်ကြိမ်မြောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။#shanstateprogressparty

#shanstatearmy #SSPP

#SSA

#ရှမ်းပြည်တိုးတက်ရေးပါတီ

#ရှမ်းပြည်တပ်မတော်

#TNLA #တိုက်ပွဲ

Find us on

Latest articles

- Advertisement - spot_img

Related articles

မူရင်းတပ်ဖွဲ့ထံ ပြန်လည်ရောက်ရှိလာကြသည့် စိန်ကျော့ပြည်သူ့စစ်ကို SSPP/SSA က ကြိုဆို

မူရင်းတပ်ဖွဲ့ထံ တာဝန်ထမ်းဆောင်ရန် ပြန်လည် ရောက်ရှိလာကြသည့် စိန်ကျော့ဌာနေ ပြည်သူ့စစ်များအား ဝမ်းမြောက်ကြိုဆိုသည့် အခမ်းအနားတစ်ခုကို ယနေ့ စက်တင်ဘာလ ၅ ရက် နံနက်ပိုင်းအချိန်၌ ရှမ်းပြည် တိုး...

SSPP/SSA ၸတ်းႁဵတ်း ပၢင်ၵႅဝ်ႈႁပ်ႉႁူမ်ၸူမ်းတွၼ်ႈ တပ်ႉသိုၵ်း (သႅင်ၵႅဝ်ႉ) ၶဝ်ႈမႃးႁၢပ်ႇထၢမ်းၼႃႈၵၢၼ် ၶိုၼ်း ၼႂ်းပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး၊ တပ်ႉသိုၵ်းၸိုင်ႈတႆး

ငဝ်ႈငုၼ်း ပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး ၊ တပ်ႉသိုၵ်းၸိုင်ႈတႆး SSPP/SSA ၸတ်းႁဵတ်းပၢင်ၵႅဝ်ႈ ႁပ်ႉႁူမ်ၸူမ်းတွၼ်ႈ တပ်ႉသိုၵ်းၵူၼ်းမိူင်း (သႅင်ၵႅဝ်ႉ) ၶဝ်ႈမႃးႁၢပ်ႇထၢမ်းၼႃႈ ၵၢၼ်ၶိုၼ်း ၼႂ်းပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး၊ တပ်ႉသိုၵ်းၸိုင်ႈ တႆး သေ...

ငဝ်ႈငုၼ်း SSPP/SSA ၸတ်းႁဵတ်းပၢင်ပွႆးၶႄ့ၶဵင်ႇ လဵၼ်ႈ ႁႅင်း ႁႂ်ႈပဵၼ်မၢႆတွင်း ဝၼ်းၵေႃႇတင်ႈပႃႇတီႇမႂ်ႇသုင် ၸိုင်ႈတႆး ၶွပ်ႈၶူပ်ႇ...

ယိူင်းဢၢၼ်းႁႂ်ႈပဵၼ်ဝၼ်းမၢႆတွင်း ဝၼ်းၵေႃႇတင်ႈပႃႇတီႇမႂ်ႉသုင်ၸိုင်ႈတႆး SSPP ၶွပ်ႈၶူပ်ႇ (53) ပီႊ ၼႆ သေ ယူႇတီႈ ႁွင်ႈၵၢၼ် ပၢႆးပၺ်ႇၺႃႇ ႁူင်းႁဵၼ်းၼေႃႈတႅၼ်းၶိူဝ်း ဢွၼ်ႁူဝ် ၸတ်းႁဵတ်း ပၢင်ၶေႉၶဵင်ႇ ‌လဵၼ်ႈႁႅင်း ပွၵ်ႈၵမ်း...

ရှမ်းမြောက် မိုင်းရယ်မြို့ကို SSPP/SSA မှ စစ်အင်အား ထောင်နှင့်ချီ ဝင်ရောက် တပ်စွဲ

ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ် အတွင်း ဒေသတည် ငြိမ်ရေးနှင့် ပြည်သူ့လုံခြုံရေး အတွက် ရည်ရွယ်ပြီး SSPP/SSA မှ စစ်အင်အား ၁၀၀၀ ကျော်သည် ယမန်နေ့ ဇူလိုင်လ ၁၂ ရက်နေ့...