မြန်မာနိုင်ငံအတွင်း ဖြစ်ပွားသည့် တိုင်းရင်းသားလက် နက်ကိုင်နှင့် စစ်ကောင်စီကြား တိုက်ပွဲတွေကို ရပ်တန့်ပြီး တွေ့စုံဆွေးနွေး အဖြေရှာဖို့နဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိရေးအတွက် အားလုံး ဝိုင်းဝန်း ကူညီဆောင်ရွက်ဖို့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟာ နိုဝင်ဘာ ၂၀ ရက်နေ့က ကျင်းပပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ တိုက်တွန်းပြောဆိုခဲ့ပါတယ်။
အဲ့ဒီသတင်းစာရှင်လင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ရှမ်းပြည်နယ်မြောက်ပိုင်း အတွင်း ဖြစ်ပွားနေ သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေကို တရုတ်အစိုးရက အနီး ကပ်စောင့် ကြည့်ပြီး တိုက်ပွဲအမြန်ဆုံးရပ်တန့်သွားအောင် ဆောင် ရွက်နေကြောင်း ၊ မြန်မာပြည် ငြိမ်းချမ်းရေးရရှိရေးအ တွက် အားလုံးဝိုင်းဝန်း ဆောင်ရွက်ပေးကြဖို့လည်း တိုက် တွန်းပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံအရေးနှင့်ပါတ်သက်ပြီး တရုတ်အစိုးရ၏ လိုလားချက်ဟာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက် ကိုင်မဟာမိတ်ကြား နှစ်ဖက်စလုံး တိုက်ခိုက်နေတာတွေကို ရပ်တန့်ဖို့ ၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် ရှေးရှူ့ပြီး စကားဝိုင်းမှာ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါ တယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားသည့် တိုင်းရင်းသား မဟာမိတ်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲကြောင့် ပိတ်မိ နေတဲ့ ထိုင်းနိုင်ငံသား ၂၀၀ ကျော်ကိုလည်း ထိုင်း-တရုတ် သ ဘောတူညီချက်ဖြင့် နိုင်ဝင်ဘာ ၂၀ ရက်နေ့မှာ တရုတ်နိုင်ငံ ကူမင်းမြို့ကနေ တရုတ်အစိုးရက ထိုင်းနိုင်ငံသို့ အရောက်ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။
Photo-Crd: