News

News

Thursday
September, 19

ပရဟိတ ကျောင်းသူကျောင်းသားများ နှင့် တစ်ခြားဌာနများ ထုန့်မောဝ်းတွင်ကျဆုံးသွားသောစစ်သည်တော်များအတွက် ၇ရက်ပြည့်ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်

နိုဝင်ဘာလ 10 ရက်နေ့ ညပိုင်းမှာ SSPP/SSA ဌာနချုပ်ရှိ ပရဟိတကျောင်းသူ ကျောင်းသားများနှင့် အမျိုးသမီးရေးရာအဖွဲ့၊ ၊ ဗိုလ်လောင်းသင်တန်းကျောင်းများ ၊ စစ်သင်တန်းကျောင်းရဲဘော်များ ၊ အရာရှိငယ် နှင့် ရဲဘော်များ စုပေါင်းပြီး ထုန့်မောဝ်တွင် TNLA ဖမ်းဆီးသွားသော အပြစ်မဲ့ပြည်သူတစ်ဦးကို ကယ်ဆယ်ဖို့ သွားနေစဉ် TNLA ရဲ့ ထိတွေ့တိုက်ပွဲကြောင့် ကျဆုံးသွားသော မြို့ နယ်မှူး စိုင်းဆိုင်လျန်းနှင့် ရဲဘော်များအား ရည်စူးပြီး ၇ ရက်ပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်ခဲ့သည်။

ဖြစ်စဉ်ဖြစ်ပွားပုံမှာ နိုဝင်ဘာလ ၇ ရက်နေ့တွင် စယ်လန့်အုပ်စုမှာ နေထိုင်သည့် ရှမ်းလူငယ် ခေါင်းဆောင် စိုင်းမောဝ်အွန်ဆိုသူဟာ TNLA စစ်ကြောင်းကို ဓာတ်ပုံရိုက်တယ်ဟုဆိုကာ TNLA က လာရောက်ဖမ်းဆီးသွား ခဲ့သည်။

ထိုအကြောင်းကို သိပြီးပြီးချင်း စယ်လန့်ဒေသမှာ တာဝန်ယူနေသည့် မြို့နယ်မှူးစိုင်းဆိုင်လျန်းက ဖမ်းဆီးခံရသည့် စိုင်းမောဝ်အွန်ကို ပြန်လွတ်ပေးဖို့ TNLA ကို ဆွေးနွေးညှိနှိုင်းရန် ရဲဘော် ၈ ယောက်နှင့် သွားခဲ့သည်။

ထိုသို့ သွားနေစဉ် ဖိုင်မိုင်ကျေးရွာအရောက်မှာ TNLA ဘက်က လူအင်အား ၁၀၀ ကျော်ဖြင့် ဝိုင်းဝန်းပစ်ခတ်မှုကြောင့် မြို့နယ်မှူး စိုင်းဆိုင်လျန်းနှင့် ရဲဘော် ၂ ဦး အပြစ်မဲ့ပြည်သူကို အကာကွယ်ပြုရင်း မြင့်မြတ်စွာအသက်ပေးခဲ့ရသည်။

မြို့နယ်မှူး စိုင်းဆိုင်လျန်း နဲ့ ရဲဘော် ၇ ဦးဟာ အပြစ်မဲ့ပြည်သူစိုင်းမောဝ်အွန်ကို သွားရောက်ထောက်ခံပြီး ပြန် လည်ခေါ်ဆောင်လာဖို့ ဖိုင်မိုင်ကျေးရွာကို ရောက်စဉ် TNLA က အင်အားအလုံးအရင်းဖြင့် ဝိုင်းဝန်းပစ် ခတ်ခဲ့သဖြင့် ၂ နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ချ အ ရှုံးပေးပြီဖြစ်သည့် မြို့နယ်မှူးအပါအဝင်စစ်သုံ့ ပန်း ၂ ဦးကို TNLA ဘက်က လူမဆန်စွာ သတ်ဖြတ်ပစ်ခဲ့သည်။

အပြစ်မဲ့ထုန့်မောဝ် ရှမ်းလူငယ်ခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးခြင်းနှင့် SSPP/SSA ၏ စစ်သုံ့ပန်း ၂ဦးကို သတ်ဖြတ်ခြင်းဟာ စစ်ရာဇဝတ်မှုမြောက်သည့်ပြင်လူမဆန်သည့် လုပ်ရပ်ဖြစ်ပြီး ယခုလို TNLA ရဲ့လုပ်ရပ်ကို SSPP/SSA အနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချသည်။

#shanstateprogressparty#shanstatearmy#sspp

info#တိုက်ပွဲ

Find us on

Latest articles

- Advertisement - spot_img

Related articles

စစ်သင်တန်းကျောင်းရဲဘော်များနှင့် တစ်ခြားဌာနများ ထုန့်မောဝ်းတွင်ကျဆုံးသွားသောစစ်သည်တော်များအတွက် ၅ ရက်မြောက်ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်

နိုဝင်ဘာလ 10 ရက်နေ့ ညပိုင်းမှာ SSPP/SSA ဌာနချုပ်ရှိ စစ်သင်တန်းကျောင်းတွေရဲဘော်များနှင့် အမျိုးသမီးရေးရာအဖွဲ့၊ ပရဟိတကျောင်းသူ ကျောင်းသားများ ၊ ဗိုလ်လောင်းသင်တန်းကျောင်းများ ၊ အရာရှိငယ် နှင့် ရဲဘော်များ...

အမျိုးသမီးရေးရာအဖွဲ့နှင့် တစ်ခြားဌာန ထုန့်မောဝ်းတွင်ကျဆုံးသွားသောစစ်သည်တော်များအတွက် ၃ရက်မြောက်ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်

နိုဝင်ဘာလ 10 ရက်နေ့ ညပိုင်းမှာ SSPP/SSA ဌာနချုပ်ရှိ အမျိုးသမီးရေးရာအဖွဲ့နှင့် ပရဟိတကျောင်း ဗိုလ်လောင်းသင်တန်းကျောင်း ၊ စစ်သင်တန်းကျောင်းတွေကို ၊ အရာရှိငယ် နှင့် ရဲဘော်များ စုပေါင်းပြီး ထုန့်မောဝ်တွင်...

နိုဝင်ဘာ ၈ ရက် ၂၀၂၃ ခုနှစ် ရက်စွဲဖြင့် PSLF မှထုတ်ပြန်သည့် သတင်းရှင်းလင်းချက်အပေါ်...

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေး ရွာအုပ်စု စယ်လန့်ကျေးရွာ မှာ PSLF/TNLA တပ်ဖွဲ့ အင်အား(၁၀၀) ဝန်းကျင် နှင့် SSPP/SSA ဘက်က အုပ် ချုပ်ရေးတာဝန်ခံ...

SSPP/SSA ဌာနချုပ်ရှိ အမျိုးသမီးရေးရာအဖွဲ့မှ ထုန့်မောဝ်တွင်ကျဆုံးသွားသောစစ်သည်တော်များ အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်

နိုဝင်ဘာလ ၈ရက်နေ့ ညပိုင်းမှာ SSPP/SSA ဌာနချုပ်ရှိ အမျိုးသမီးရေးရာအဖွဲ့၊ အရာရှိငယ် နှင့် ရဲဘော်များ စုပေါင်းပြီး ထုန့်မောဝ်တွင် TNLA ဖမ်းဆီးသွားသော အပြစ်မဲ့ပြည်သူတစ်ဦးကို ကယ်ဆယ်ဖို့ သွားနေစဉ် TNLA...

ရွာသားဖမ်းဆီးမှု ကူညီဖြေရှင်းပေးသည့် SSPPတပ်ဖွဲ့ကိုTNLAမှ ချေမှုန်းရေးအမိန့်ချပြီး SSPP စစ်သုံ့ပန်းပါ ရွာလယ်ခေါင်တွင် အရှင်လတ်လတ်ပစ်သတ်

နိုဝင်ဘာလ ၈ ရက်ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေး ရွာ အုပ်စု စယ်လန့်ကျေးရွာမှာ နေထိုင်သည့် ဒေသခံပြည်သူ စိုင်းမောဝ်အွန်ကို တအာင်းပလောင် TNLA တပ်ဖွဲ့မှ ဖမ်းဆီးသွားခြင်းကိစ္စနှင့် ပတ်သက်ပြီး ရှမ်းပြည်တိုး...