News

News

Monday
December, 4

နိုဝင်ဘာ ၈ ရက် ၂၀၂၃ ခုနှစ် ရက်စွဲဖြင့် PSLF မှထုတ်ပြန်သည့် သတင်းရှင်းလင်းချက်အပေါ် SSPP မှ ထုတ်ပြန်ခြင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေး ရွာအုပ်စု စယ်လန့်ကျေးရွာ မှာ PSLF/TNLA တပ်ဖွဲ့ အင်အား(၁၀၀) ဝန်းကျင် နှင့် SSPP/SSA ဘက်က အုပ် ချုပ်ရေးတာဝန်ခံ မူဆယ်မြို့နယ်မှူးဦးဆောင်သည့် လုံ ခြုံရေးတပ်သား (၇) ယောက် တို့ကြား ဖြစ်ပွားသည့် ပစ်ခတ်မူ့နှင့် ပတ်သက်ပြီး PSLF ဘက်က နိုဝင်ဘာလ ၈ ရက် ၂၀၂၃ ခုနှစ် ရက်စွဲပါ သတင်းရှင်းလင်းချက် စာ စောင် ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

PSLF သတင်းရှင်းလင်းချက်စာစောင်ပါ စာပိုဒ် ၂၊၃၊၄ ထဲမှ အချက်ဖြစ်သည့် နိုဝင်ဘာလ (၆) ရက်နေ့တွင် မူဆယ် -နမ့်ခမ်းမြို့နယ် ဆက်သွယ်ထားသည့် ကားလမ်းမကြီးအား တာဝန်ယူထားသည့် TNLA ၏ မိုင်းဆက် ရွာ ၊ ဖိုင်ကျောင်းရွာ ၊ မန်ဖာရွာ လုံခြုံရေးစခန်းတို့ကို (၈) ကြိမ်တိုင် မိမိတို့ SSPP မှ သွားရောက်နှောက်ယှက် ခြင်းနှင့် ဓါတ်ပုံမှတ်တမ်းကူးယူခြင်းကြောင့် SSPP တပ်ဖွဲ့ဝင်များကို TNLAမှ ရိုက်ကူးထားသည့် ဓါတ်ပုံများ ပယ်ဖျက်စေပြီး နောင်တွင် မပြုလုပ်ရန် သတိပေးကာ ပြန်လွတ်ခဲ သည် ဆိုသည့် အချက်နှင့် နှစ်ဖက် ပစ်ခတ်မူ့ဖြစ်ပွားသည့် ကိစ္စမှာ SSPP ဖက်မှ TNLA ကို စတင်ပစ်ခတ်သည် ဆိုသည့်အချက်ကို SSPP ဘက်မှ မဟုတ်မှန်ကြောင်း တစ်ဖက်သတ်စွပ်စွဲဖြစ်၍လက်မခံနိုင်။

အခင်းဖြစ်ပွားသည့် နေရာကို နှစ်ဖက် စုံစမ်းစစ်ဆေးရေး အဖွဲ့မှ သွားရောက်စုံစမ်းစစ်ဆေးပြီး ခိုင်လုံသည့် သက် သေ အထောက်အထားနှင့်မှသာ အမှားအမှန်ကို SSPP ဘက်မှ အတည်ပြုဆုံးဖြတ်သွားမှာ ဖြစ်ပါကြောင်း နှစ်ဖက်တပ်ဖွဲ့အကြား မှန်ကန်သည့်အမှားအမှန်သိရှိစေရန် နှင့် အများပြည်သူများသိရှိနိုင်ပါရန် SSPP မှ ဤသို့ ဖြစ်ပျက်ကိုSSPP/SSA အထူးစစ်ဆေးရေး အဖွဲ့ ဖွဲ့ထားပြီး ဖြစ်ပွားမှုဒေသကို လိုက်လှံစုံစမ်းစစ်ဆေးပြီးမှ အမှန်ကန်သိရှိနိုင်အောင် SSPPမှ အမြင်သဘောထားများဖြင့် သတင်းထုတ်ပြန်လိုက်ပါသည် ။

#shanstateprogressparty

#shanstatearmy

#SSPP #SSA

#ရှမ်းပြည်တိုးတက်ရေးပါတီ

#ရှမ်းပြည်တပ်မတော်

#သတင်းထုတ်ပြန်

#PSLF

#TNLA

Find us on

Latest articles

- Advertisement - spot_img

Related articles

SSPP/SSA တိၺွပ်းလႆႈ ၵူၼ်းၸူၼ် ၼႂ်းၸေႈဝဵင်းၼမ်ႉတူႈ

တပ်ႉႁူမ်ႇလူမ်ႈၸေႈဝဵင်း ၾၢႆႇပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆးတပ်ႉသိုၵ်းၸိုင်ႈတႆး SSPP/SSA ၼႃႈတီႈဢုပ်ႉပိူင်ႇ ၸေႈတွၼ်ႈမၢႆ(8) ၸေႈဝဵင်းမၢႆ(18) ၼမ်ႉတူႈ ၵူတ်ႇထတ်း တိၺွပ်းလႆႈ ၵူၼ်းၸူၼ် ဢၼ်လႄႇႁႃၸူၼ် ပေႃႈမႄႈၵူၼ်းမိူင်း ၸိူဝ်းၵႂႃႇမႃးၸွမ်းတၢင်း ၼႂ်းၸေႈဝဵင်းၼမ်ႉတူႈၼၼ်ႉ ၼႆယူႇယဝ်ႉ။ မိူဝ်ႈဝၼ်းထီႉ 30/11/2023 ၶၢဝ်းယၢမ်းဝၢႆးဝၼ်း...

ငဝ်ႈငုၼ်း ပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး SSPP ပိုၼ်ၽၢဝ်ႇ တိုၵ်းသူၼ်းထိုင် သင်ႇၶႃႇၸဝ်ႈလႄႈ ပေႃႈမႄႈၵူၼ်းမိူင်း ၸၢဝ်းၶိူဝ်းၼႂ်းၸိုင်ႈတႆး ၸိူဝ်းလႆႈပိုၼ်ႉပွႆႇ...

#shanstateprogressparty #shanstatearmy #SSPP #SSA#ပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး #တပ်ႉသိုၵ်းၸိုင်ႈတႆး #ငဝ်ႈငုၼ်းပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး#ပိုၼ်ၽၢဝ်ႇတိုၵ်းသူၼ်း