News

News

Monday
September, 16

နမ့်ခမ်းမြို့နယ်မှာ စစ်ကောင်စီ နှင့် တအာင်းတပ်မတော် TNLA တို့တိုက်ပွဲထပ်မံဖြစ်ပွား

နိုဝင်ဘာ ၂၂ ရက်ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း (စခန်းသစ်) ကို တအာင်း တပ်မေတာ် TNLA အင်အား (၂၀၀) ခန့်က စခန်းသိမ်း တိုက်ပွဲထပ်မံဆင်နွှဲခဲ့လို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ထပ်မံဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ကနေ့ နိုဝင်ဘာ ၂၂ ရက် နံနက် ၈:၄၀ နာရီအချိန်ကစ တအာင်းတပ်မေတာ် TNLA အင်အား (၂၀၀) ဝန်းကျင် ခန့်က နမ့်ခမ်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း (စခန်းသစ်) ကို စခန်းသိမ်း တိုက်ပွဲအနေနဲ့ ထပ်မံ ဝင် ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၁၀ နာရီဝန်းကျင်အချိန်ထိ နှစ်ဖက်အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲပြီး တိုက်ပွဲ အ တွင်းထိခိုက်ကျရှူံးမူစာရင်းကိုတော့ မသိရသေးပါဘူး။“ ဟုတ်ပါတယ် တိုက်ပွဲပြန်ဖြစ်ပြီ စခန်းသစ်မှာပဲ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့ကတည်းက စခန်းသစ်ကို TNLA တပ်ဖွဲ့တွေဝင်တိုက်တာ အဲ့စခန်းကို မရသေးလို့ ဒီနေ့ထပ်တိုက်တာနဲ့တူပါတယ်။

ကျွန်တော်တို့ ပြည် သူတွေတော့ သေတဲ့ဟာကသေ ဒဏ်ရာရတဲ့ဟာကရ ပြေးတဲ့ဟာကပြေးနဲ့ အရမ်းဒုက္ခရောက်နေရတယ်” လို့ နမ့်ခမ်းဒေသခံတစ်ဦးက ဆိုပါတယ်။မနေ့က နိုဝင်ဘာ ၂၁ ရက်နေ့ကလည်း နှစ်ဘက်အပြန် အလှန်လက်နက်ကြီးဖြင့်ပစ်ခတ်မူကြောင့် နမ့်ခမ်းမြို့ နယ် စာရေးတန်း ရပ်ကွက်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ၎င်းရပ်ကွက်အတွင်းနေထိုင်သည့် ပြည် သူ အမျိုး သား (၁) ဦး အမျိုးသမီး(၁) ဦး လက်နက်ကြီးကျည်စထိမှန်သေဆုံးကာ (၆) ဦးပြင်းထန်စွာ ဒဏ်ရာ ရရှိပြီး ဒဏ် ရာရ လူနာထဲမှာ (၁၀) နှစ်ဝန်းကျင်ကလေးငယ်တစ်ဦးပါဝင်နေတယ်လို့ သိရပါတယ်။

နမ့်ခမ်းမြို့နယ်က ဖြစ်ပွားခဲ့သည့် တအာင်းတပ်မတော် TNLA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲအတွင်း လက်နက် ကြီးကျရောက်ပေါက်ကွဲမူ့ကြောင့် ဒေသခံပြည်သူတစ်ချို့ ထိ ခိုက်သေဆုံးပြီး နေအိမ် အဆောက်အဦး အတော် များများပျက်စီးကာ ဒေသခံပြည်သူ (၃၃၃၇) ယောက် အထိ စစ်ဘေးရှောင် နေရတာဖြစ်ပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA အနေနဲ့ စစ်ရှောက်ပြည်သူများအတွက် လိုအပ် သည့် စားသောက်ဖွယ်ရာအကူအညီ နဲ့ ဆေးဝါး ကုသမူ့ အ ကူအညီများကို အတတ်နိုင်ဆုံး ကူညီဆောင်ရွက် ပေးလျှက်ရှိပါတယ်။

ဓါတ်ပုံ – နိုဝင်ဘာလ ၂၁ ရက်နေ့က လက်နက်ကြီးကျည်စ ထိမှန်ခံရသည့်ပြည်သူ နှင့် SSPP မှ နမ့်ခမ်းစစ်ဘေးရှောင်အတွက် အကူအညီပေးသည့်မှတ်တမ်းဓါတ်ပုံ

#shanstateprogressparty

#shanstatearmy

#SSPP #SSA

#ရှမ်းပြည်တိုးတက်ရေးပါတီ

#ရှမ်းပြည်တပ်မတော် #TNLA

#စစ်ကောင်စီ

#စခန်းသိမ်းတိုက်ပွဲ

#စစ်ဘေးရှောင်

Find us on

Latest articles

- Advertisement - spot_img

Related articles

ဝမ်ဟိုင်း ဌာနချုပ် သို့ ရှောက်ရှိကြသည့် စစ်ဘေးရှောင်ပြည်သူများကို SSPP/SSA မှ စားသောက်ဖွယ်ရာများ ကူညီ

ရှမ်းပြည်တောင်ပိုင်း ဝမ်ဟိုင်းမြို့သစ် သို့် ရောက်ရှိကြသည့် စစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်သည့် စားသောက် ဖွယ်ရာအကူအညီများကို ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA မှ စက်တင်ဘာ လ ၇ ရက်နေ့တွင် သွားရောက်ကူညီခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း...

SSPP/SSA ၸွႆႈထႅမ် ၵူၼ်းပၢႆႈၽေး ပၢင်တိုၵ်း ဢၼ်ႁွတ်ႈၽႅဝ်ဝႆႉ ၼႂ်းၸေႈဝဵင်းဝၢၼ်ႈႁႆး

ပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး ၊ တပ်ႉသိုၵ်းၸိုင်ႈတႆး SSPP/SSA လူင်းပိုၼ်ႉတီႈ ၸွႆႈထႅမ် ၵူၼ်းပၢႆႈၽေးပၢင်တိုၵ်း ဢၼ်ႁွတ်ႈၽႅဝ်ဝႆႉ ၼႂ်းငဝ်ႈငုၼ်း ဝဵင်းမႂ်ႇဝၢၼ်ႈႁႆး ၸိုင်ႈတႆးပွတ်းၸၢၼ်း ၼၼ်ႉ ယူႇယဝ်ႉ။ မိူဝ်ႈလိူၼ် သႅပ်ႇထိမ်ႇပိူဝ်ႊ 7 ဝၼ်းၼၼ်ႉ ယူႇတီႈ...

SSPP/SSA ၸတ်းႁဵတ်း ပၢင်ၵႅဝ်ႈႁပ်ႉႁူမ်ၸူမ်းတွၼ်ႈ တပ်ႉသိုၵ်း (သႅင်ၵႅဝ်ႉ) ၶဝ်ႈမႃးႁၢပ်ႇထၢမ်းၼႃႈၵၢၼ် ၶိုၼ်း ၼႂ်းပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး၊ တပ်ႉသိုၵ်းၸိုင်ႈတႆး

ငဝ်ႈငုၼ်း ပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး ၊ တပ်ႉသိုၵ်းၸိုင်ႈတႆး SSPP/SSA ၸတ်းႁဵတ်းပၢင်ၵႅဝ်ႈ ႁပ်ႉႁူမ်ၸူမ်းတွၼ်ႈ တပ်ႉသိုၵ်းၵူၼ်းမိူင်း (သႅင်ၵႅဝ်ႉ) ၶဝ်ႈမႃးႁၢပ်ႇထၢမ်းၼႃႈ ၵၢၼ်ၶိုၼ်း ၼႂ်းပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး၊ တပ်ႉသိုၵ်းၸိုင်ႈ တႆး သေ...

ၵူၼ်းမိူင်း ၼႂ်းဝဵင်းၼမ်ႉလၼ်ႈ ထူပ်းၽေးၼမ်ႉလူၵ်ႈ ၊ မီးလွင်ႈလူႉသုမ်းၸွမ်း တင်းၼမ်

ယွၼ်ႉၾူၼ်တူၵ်းႁႃႇယႂ်ႇ ဢမ်ႇထၢတ်ႇသေ ႁဵတ်းႁႂ်ႈ ၼမ်ႉႁူၺ်ႈ ၼမ်ႉလွႆ ၼွင်းၶဝ်ႈ ၼႂ်းပွၵ်ႉ ၼႂ်းဝဵင်း ၊ ထူမ်ႈ ၺႃး ႁိူၼ်းၵူၼ်းမိူင်း ၼႂ်းၸေႈဝဵင်းၼမ်ႉလၼ်ႈ ၵိင်ႇၽႄၸေႈဝဵင်းသီႇပေႃႉ မီးလွင်ႈလူႉသုမ်းၸွမ်း တင်းၼမ် ယူႇယဝ်ႉ။မိူဝ်ႈလိူၼ်...

မိူင်းၶႄႇ ပၼ်ၾၢင်ႉ ႁႂ်ႈတပ်ႉသိုၵ်း TNLA ၵိုတ်းပၢင်တိုၵ်း ၼႂ်းမိူင်းတႆးပွတ်းႁွင်ႇၵမ်းလဵဝ်

မိူင်းၶႄႇယိုၼ်လိၵ်ႈ တိုၵ်းသူၼ်း ပၼ်ၾၢင်ႉထိုင်တီႈ တပ်ႉသိုၵ်းတဢၢင်း TNLA ဝႃႈ - ႁႂ်ႈၵိုတ်းပင်တိုၵ်း ၼႂ်း မိူင်းတႆး ပွတ်းႁွင်ႇၵမ်းလဵဝ် ၊ ပေႃးဢမ်ႇၵိုတ်း တေဢဝ်လိူင်ႈတၢင်း ၽိတ်းၵႂႃႇၵမ်းလဵဝ် ၼႆယူႇယဝ်ႉ။...