ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း တစ်ခုဖြစ်သည့် (စခန်းသစ်) ကို တအာင်းတပ် မတော် TNLA အင်အား (၃၀၀)ဝန်းကျင်က စခန်းသိမ်း တိုက်ပွဲဆင်နွှဲခဲ့လို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်က တိုက်ခိုက်ရေး လေ ယာဉ် တစ်စီးဖြင့် တိုက်ပွဲဖြစ်ပွားသည့်နေရာကို နှစ်ကြိမ်တိုင် ပစ်ကူခဲ့ရတယ်လို့ သိရပါတယ်။
မနေ့က နိုဝင်ဘာ ၁၇ ရက် နံနက် ၆ နာရီအချိန်မှာ တအာင်းတပ်မေတာ် TNLA အင်အား (၃၀၀) ဝန်းကျင် ခန့်က နမ့်ခမ်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း (စခန်းသစ်) ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက် အ ပြန်အလှန်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး ယနေ့ နိုဝင်ဘာ ၁၈ ရက် နံနက် ၉ နာ ရီအချိန်မှာ စစ်ကောင်စီ ဘက်က တိုက်ပွဲ ဖြစ်ပွားသည့်နေရာကို တိုက်ခိုက်ရေး လေယာဉ် တစ်စီးဖြင့်(၂) ကြိမ်တိုင် ဝင်ရောက်ပစ်ကူပြီးနောက်ပိုင်း နံနက် ၁၀:၃၆ နာရီအချိန်မှာ တိုက်ပွဲပြန်ညိမ်သွားတာ ဖြစ်ပါတယ်။တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမူ့စာရင်း ကိုတော့ အတည်မပြုနိုင်သေးပါ။
နမ့်ခမ်းမြို့နယ်မှာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း လက် နက်ကြီးကျရောက်ပေါက်ကွဲမူ့ကြောင့် ဒေသခံပြည် သူတစ်ချို့ ထိခိုက်သေဆုံးပြီး နေအိမ် အတော်များများပျက်စီးကာ ဒေသခံပြည်သူ (၃၀၀၀) ဝန်းကျင်အထိ စစ်ဘေးရှောင် နေရတာဖြစ်ပါတယ်။
Photo- Crd:#shanstateprogressparty
#shanstatearmy #SSPP #SSA
#စခန်းသိမ်းတိုက်ပွဲ
#TNLA
#စစ်ကောင်စီ
#တိုက်ခိုက်ရေးလေယာဥ်