News

News

Tuesday
September, 17

နမ့်ခမ်းမြို့နယ်က ကျားဖြန့်ငွေလိမ် ဂိုဏ်းတစ်ခုကို SSPP/SSA ဝင်ရောက်ဖမ်းစီးပြီး တရုတ်နိုင်ငံသား တရား ခံများကို တရုတ်အစိုးရထံလွဲအပ်

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်ရှိ နမ့်ခမ်းမြို့နယ် SSPP/SSA ထိန်းချုပ်နယ်မြေတွင်အဆောက်အဦးတစ်ခုအတွင်း အွန်လိုင်းငွေလိမ်လည်လုပ်ငန်များ လုပ်ကိုင်သည့် ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်း တစ်ခုကို နိုဝင်ဘာ ၂၃ ရက်နေ့မှာ ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တပ်မတော် SSPP/SSA မှ ဝင် ရောက်ဖမ်းစီးခဲ့တာဖြစ်ပါတယ်။

ဖမ်းစီးရမိသည့်ထဲမှာ တရုတ်နိုင်ငံသား (၈၈) ဦး နှင့် မြန်မာနိုင်ငံသား (၂၈) ဉီး စုစုပေါင်းတရားခံ (၁၁၆) ယောက် နှင့် ဆက်စပ်ပစ္စည်းများဖြစ်သည့် ( Destop Computer ) (၁၄၅) လုံး ၊ ဖုန်း (၂၀၄) လုံး တရုတ်ငွေ (၁၉,၁၅၀) ယွမ် ၊ မီးခံသေတ္တာတစ်လုံး ၊ (Lnad Cuniser) ကားအမျိုးအစားတစ်စီး တို့ ဖြစ်ပြီး ၎င်းတရားခံထဲ မှ တရုတ်နိုင်ငံသား (၈၈) ဦးကို နိုဝင်ဘာ ၂၃ ရက်နေ့မှာပဲ တရုတ်အစိုးရထံ လွဲအပ်ပေးလိုက်ပါတယ်။

ကျန်ရှိနေသေးသည့် မြန်မာနိုင်ငံသား တရားခံ (၂၈) ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တပ်မတော် SSPP/SSA မှ အမူ့စစ်ဆေးပြီး အရေးယူ သွားမှာ ဖြစ်ပါတယ်။

တရုတ်-မြန်မာနယ်စပ်ရှိ ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ယခင်က မကြာခဏဆိုသလို တရုတ်-မြန်မာ ပူးပေါင်းဖမ်းစီးခဲ့ပေမယ့် ၎င်းလုပ်ငန်းများ လျော့ကျလာခြင်းမရှိပဲ ငွေကြေးလိမ်လည်သည့်နေရာမှာ တရုတ်နိုင်ငံသားများကို အဓိက ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ ရာဇဝတ်မူများ ကျုးလွန်ထားသည့် အဖွဲ့ဟု တရုတ်ဘက်မှ ယူဆကာ ကျားဖြန့်ခေါင်းဆောင်ပိုင်းတစ်ချို့ကို နိုဝင်ဘာလအတွင်း ဖမ်းဝရမ်း ထုတ်ထားသည့် အနေအထားထိ ဖြစ်နေပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့မှလည်း မိမိအုပ်ချုပ်ရေးနယ်မြေအတွင်း တရားမဝင်သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ လုံးဝမရှိစေရေးအတွက် အကယ်၍ ရှိလာပါက လူမျိုး ဘာသာမရွေး ထိရောက်စွာ တားစီးနှိမ်နင်းသွားဖို့ အမိန်ထုတ်ထားပြီးဖြစ်ပါတယ်။

#shanstateprogressparty

#shanstatearmy

#ssppinfo#ကျားဖျန့်

Find us on

Latest articles

- Advertisement - spot_img

Related articles

မူရင်းတပ်ဖွဲ့ထံ ပြန်လည်ရောက်ရှိလာကြသည့် စိန်ကျော့ပြည်သူ့စစ်ကို SSPP/SSA က ကြိုဆို

မူရင်းတပ်ဖွဲ့ထံ တာဝန်ထမ်းဆောင်ရန် ပြန်လည် ရောက်ရှိလာကြသည့် စိန်ကျော့ဌာနေ ပြည်သူ့စစ်များအား ဝမ်းမြောက်ကြိုဆိုသည့် အခမ်းအနားတစ်ခုကို ယနေ့ စက်တင်ဘာလ ၅ ရက် နံနက်ပိုင်းအချိန်၌ ရှမ်းပြည် တိုး...

SSPP/SSA ၸတ်းႁဵတ်း ပၢင်ၵႅဝ်ႈႁပ်ႉႁူမ်ၸူမ်းတွၼ်ႈ တပ်ႉသိုၵ်း (သႅင်ၵႅဝ်ႉ) ၶဝ်ႈမႃးႁၢပ်ႇထၢမ်းၼႃႈၵၢၼ် ၶိုၼ်း ၼႂ်းပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး၊ တပ်ႉသိုၵ်းၸိုင်ႈတႆး

ငဝ်ႈငုၼ်း ပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး ၊ တပ်ႉသိုၵ်းၸိုင်ႈတႆး SSPP/SSA ၸတ်းႁဵတ်းပၢင်ၵႅဝ်ႈ ႁပ်ႉႁူမ်ၸူမ်းတွၼ်ႈ တပ်ႉသိုၵ်းၵူၼ်းမိူင်း (သႅင်ၵႅဝ်ႉ) ၶဝ်ႈမႃးႁၢပ်ႇထၢမ်းၼႃႈ ၵၢၼ်ၶိုၼ်း ၼႂ်းပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး၊ တပ်ႉသိုၵ်းၸိုင်ႈ တႆး သေ...

ငဝ်ႈငုၼ်း SSPP/SSA ၸတ်းႁဵတ်းပၢင်ပွႆးၶႄ့ၶဵင်ႇ လဵၼ်ႈ ႁႅင်း ႁႂ်ႈပဵၼ်မၢႆတွင်း ဝၼ်းၵေႃႇတင်ႈပႃႇတီႇမႂ်ႇသုင် ၸိုင်ႈတႆး ၶွပ်ႈၶူပ်ႇ...

ယိူင်းဢၢၼ်းႁႂ်ႈပဵၼ်ဝၼ်းမၢႆတွင်း ဝၼ်းၵေႃႇတင်ႈပႃႇတီႇမႂ်ႉသုင်ၸိုင်ႈတႆး SSPP ၶွပ်ႈၶူပ်ႇ (53) ပီႊ ၼႆ သေ ယူႇတီႈ ႁွင်ႈၵၢၼ် ပၢႆးပၺ်ႇၺႃႇ ႁူင်းႁဵၼ်းၼေႃႈတႅၼ်းၶိူဝ်း ဢွၼ်ႁူဝ် ၸတ်းႁဵတ်း ပၢင်ၶေႉၶဵင်ႇ ‌လဵၼ်ႈႁႅင်း ပွၵ်ႈၵမ်း...

ရှမ်းမြောက် မိုင်းရယ်မြို့ကို SSPP/SSA မှ စစ်အင်အား ထောင်နှင့်ချီ ဝင်ရောက် တပ်စွဲ

ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ် အတွင်း ဒေသတည် ငြိမ်ရေးနှင့် ပြည်သူ့လုံခြုံရေး အတွက် ရည်ရွယ်ပြီး SSPP/SSA မှ စစ်အင်အား ၁၀၀၀ ကျော်သည် ယမန်နေ့ ဇူလိုင်လ ၁၂ ရက်နေ့...