ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ကျင်သီတံတားအနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို တအာင်း တပ်မတော် TNLA မှ ဝင်ရောက်တိုက်ခိုက်ပြီး တိုက်ပွဲတွေကြောင့် သီပေါမြို့နယ် ကျင်သီ တံတား ပျက်စီး သွားကာ ဒေသခံပြည်သူများ သွားလာရေးအတွက် အခက်ကြုံနေကြရပါသည်။
နိုဝင်ဘာ ၁၂ ရက်နေ့ နံနက် ၄ နာရီကျော်အချိန်က ရှမ်း ပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ဘော်ကြိုအနီး မှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို တအာင်းတပ်မတော် TNLA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် နံနက် ၅ နာရီကျော်အချိန်မှာ ကျင်သီတံတားအနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုပါ ထပ်မံ တိုက်ခိုက်သည့် အချိန် တိုက်ပွဲအတွင်း SSPPရဲ့ အုပ်ချုပ်ရေးမြို့နယ်အမှတ် (၁၉) နယ် မြေအတွင်းရှိ ကျင်သီတံတားပါ ဖောက်ခွဲ ဖျက်စီးခံရပြီး ဆေးကုသမူ့ခံယူရန် လိုအပ်သည့် ဒေသခံပြည်သူများထဲမှ ဆေးကုလူနာများ ၊ မွေးလူနာများသည် ကျိုးနေသည့် တံတားအပေါ် သွားလာဖို့အတွက် အခက်အခဲ ကြုံနေရ တာဖြစ်ပါတယ်။
၎င်းတို့ လွယ်ကူစွာသွားလာနိုင်ရန် ရည်ရွယ်ပြီး SSPP မြို့နယ်မှူး ဉီးဆောင်သည့် ဒေသခံပြည်သူများတစ်ချို့က ပျက်စီးနေသည့် ကျင်သီ တံတားကို ပြန်လည်ပြုပြင်ထားတာဖြစ်ပါတယ်။
“ အဓိကတော့ သက်ကြီးရွယ်အိုတွေ ဆေးကုသမူ့အတွက် သွားလာရမယ့်လူနာတွေက သွားလာရတာ အရမ်း ခက်ခဲနေတယ် လုံးဝ အဆင်မပြေဘူး အဲ့ဒါကြောင့် ကျွန်တော်တို့ ပြန်ပြင်ထားတာပါ ပြုပြင်ထားတဲ့အနေအ ထားတော့ လူ နှင့် မော်တော်ဆိုင်ကယ်သွားဖို့ လွယ်ကူအောင်ပါပဲ ကားနဲ့တော့သွားလာလို့မရသေးဘူး” လို့ တံတားပြုပြင်ရေးမှာပူးပေါင်းပါဝင်သည့် ဒေသခံပြည်သူတစ်ဦးကပြောပါတယ်။
၁၀ ၂၇ စစ်ဆင်ရေးအတွင်း မဟာမိတ်(၃) ဖွဲ့နှင့် စစ်ကောင်စီကြား တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်မြောက် ပိုင်း ဒေသခံပြည်သူများ ၅ သောင်းကျော် စစ်ဘေးရှောင်နေရပြီး စားဝတ်နေရေးအတွက်အကူအညီများ လိုအပ်ကာ တိုက်ပွဲအတွင်း အများပြည်သူအသုံးပြုသည့် လမ်း များ ၊ တံတားများ ပျက်စီးမူ့ကြောင့် လမ်းပန်း ဆက်သွယ်ရေးခက်ခဲရာကနေ ဒေသခံပြည်သူများအတွက် ဆန်နှင့် လူသုံးကုန်ပစ္စည်းများ ရှားပါးခြင်းနှင့် ကုန်စျေးနူန်းများ မြင့်တက် လာသည့် ပြသာနာများ ရင်ဆိုင်နေကြရပါတယ်။
Photo- Crd:
#shanstateprogressparty
#shanstatearmy #SSPP #SSA
#ရှမ်းပြည်တိုးတက်ရေးပါတီ
#ရှမ်းပြည်တပ်မတော်
#ကျင်သီတံတား #သီပေါမြို့နယ်
#တိုက်ပွဲ
#မဟာမိတ်