News

News

Wednesday
April, 24

စစ်သင်တန်းကျောင်းရဲဘော်များနှင့် တစ်ခြားဌာနများ ထုန့်မောဝ်းတွင်ကျဆုံးသွားသောစစ်သည်တော်များအတွက် ၅ ရက်မြောက်ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်

နိုဝင်ဘာလ 10 ရက်နေ့ ညပိုင်းမှာ SSPP/SSA ဌာနချုပ်ရှိ စစ်သင်တန်းကျောင်းတွေရဲဘော်များနှင့် အမျိုးသမီးရေးရာအဖွဲ့၊ ပရဟိတကျောင်းသူ ကျောင်းသားများ ၊ ဗိုလ်လောင်းသင်တန်းကျောင်းများ ၊ အရာရှိငယ် နှင့် ရဲဘော်များ စုပေါင်းပြီး ထုန့်မောဝ်တွင် TNLA ဖမ်းဆီးသွားသော အပြစ်မဲ့ပြည်သူတစ်ဦးကို ကယ်ဆယ်ဖို့ သွားနေစဉ် TNLA ရဲ့ ထိတွေ့တိုက်ပွဲကြောင့် ကျဆုံးသွားသော မြို့ နယ်မှူး စိုင်းဆိုင်လျန်းနှင့် ရဲဘော်များအား ရည်စူးပြီး ၅ ရက်မြောက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်ခဲ့သည်။

ဖြစ်စဉ်ဖြစ်ပွားပုံမှာ နိုဝင်ဘာလ ၇ ရက်နေ့တွင် စယ်လန့်အုပ်စုမှာ နေထိုင်သည့် ရှမ်းလူငယ် ခေါင်းဆောင် စိုင်းမောဝ်အွန်ဆိုသူဟာ TNLA စစ်ကြောင်းကို ဓာတ်ပုံရိုက်တယ်ဟုဆိုကာ TNLA က လာရောက်ဖမ်းဆီးသွား ခဲ့သည်။

ထိုအကြောင်းကို သိပြီးပြီးချင်း စယ်လန့်ဒေသမှာ တာဝန်ယူနေသည့် မြို့နယ်မှူးစိုင်းဆိုင်လျန်းက ဖမ်းဆီးခံရသည့် စိုင်းမောဝ်အွန်ကို ပြန်လွတ်ပေးဖို့ TNLA ကို ဆွေးနွေးညှိနှိုင်းရန် ရဲဘော် ၈ ယောက်နှင့် သွားခဲ့သည်။ ထိုသို့ သွားနေစဉ် ဖိုင်မိုင်ကျေးရွာအရောက်မှာ TNLA ဘက်က လူအင်အား ၁၀၀ ကျော်ဖြင့် ဝိုင်းဝန်းပစ်ခတ်မှုကြောင့် မြို့နယ်မှူး စိုင်းဆိုင်လျန်းနှင့် ရဲဘော် ၂ ဦး အပြစ်မဲ့ပြည်သူကို အကာကွယ်ပြုရင်း မြင့်မြတ်စွာအသက်ပေးခဲ့ရသည်။

မြို့နယ်မှူး စိုင်းဆိုင်လျန်း နဲ့ ရဲဘော် ၇ ဦးဟာ အပြစ်မဲ့ပြည်သူစိုင်းမောဝ်အွန်ကို သွားရောက်ထောက်ခံပြီး ပြန် လည်ခေါ်ဆောင်လာဖို့ ဖိုင်မိုင်ကျေးရွာကို ရောက်စဉ် TNLA က အင်အားအလုံးအရင်းဖြင့် ဝိုင်းဝန်းပစ် ခတ်ခဲ့သဖြင့် ၂ နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ချ အ ရှုံးပေးပြီဖြစ်သည့် မြို့နယ်မှူးအပါအဝင်စစ်သုံ့ ပန်း ၂ ဦးကို TNLA ဘက်က လူမဆန်စွာ သတ်ဖြတ်ပစ်ခဲ့သည်။

အပြစ်မဲ့ထုန့်မောဝ် ရှမ်းလူငယ်ခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးခြင်းနှင့် SSPP/SSA ၏ စစ်သုံ့ပန်း ၂ဦးကို သတ်ဖြတ်ခြင်းဟာ စစ်ရာဇဝတ်မှုမြောက်သည့်ပြင်လူမဆန်သည့် လုပ်ရပ်ဖြစ်ပြီး ယခုလို TNLA ရဲ့လုပ်ရပ်ကို SSPP/SSA အနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချသည်။#shanstateprogressparty

#shanstatearmy

#ssppinfo

#တိုက်ပွဲ

Find us on

Latest articles

- Advertisement - spot_img

Related articles

SSA တည်ထောင်ခြင်း နှစ် (၆၀) ပြည့် အခမ်းအနားကို SSPP/SSA ဌာနချုပ်၌ ကျင်းပပြုလုပ်

ရှမ်းပြည်တပ်မတော် (SSA) တည်ထောင်ခဲ့ခြင်း နှစ် (၆၀) ပြည့်အခမ်းအနားကို ယနေ့ ဧပြီလ ၂၄ ရက်နေ့ တွင် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဗဟို ဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့သည်။အခမ်းအနားကို...

ပၢင်ၵႅဝ်ႈဝၼ်း​​ၵေႃႇတင်ႈ တပ်ႉသိုၵ်းၸိုင်ႈတႆး SSA ၶွပ်ႈတဵမ် (60) ပီႊ

24-04-1964-24-04-2024ယူႇတီႈငဝ်ႈငုၼ်းSSPP/SSA ဢွၼ်ႁူဝ်ၸတ်းႁဵတ်းဝၼ်းမၢႆတွင်း​​သေ မီးၽူႈယႂ်ႇၵူၼ်းလူင် ၵူၼ်းသိုၵ်းဢိၵ်ႇၵူၼ်းမိူင်း ၶိုၼ်ႈႁွတ်ႈ (4000) ပၢႆလႄႈ မီးပႃးပၢင်ၼႄ ၾၢင်ႁၢင်ႈသိုၵ်း ဢိၵ်ႇပႃးပိုတ်ႇၽုၺ်ႇ ႁူၼ်ႁၢင်ႈ ၸဝ်ႈၼၢင်းႁိူၼ်းၶမ်း ၼႂ်းဝၼ်းပၢင်ၵႅဝ်ႈယူႇယဝ်ႉ။ #shanstateprogressparty #shanstatearmy #SSPPInfo #ဝၼ်း​​ၵေႃႇတင်ႈတပ်ႉသိုၵ်းၸိုင်ႈတႆးၶွပ်ႈတဵမ်(60)ပီႊ

ၽူႈၵွၼ်းၸေႈဝဵင်းၶွင်ႇသီႇသိုၵ်းမၢၼ်ႈ ႁွင်ႉထူပ်းၵွၼ်းဢိူင်ႇ ၵွၼ်းပွၵ်ႉ ၸေႈဝဵင်းၵေးသီး ပိူဝ်ႈတႃႇယွၼ်းသိုၵ်းမႂ်ႇ

ၽူႈၵွၼ်းၸေႈဝဵင်းၵေးသီး ဢၼ်ယူႇၾၢႆႇတႂ်ႈၶွင်ႇသီႇသိုၵ်းမၢၼ်ႈၵုမ်းၵမ်ၼၼ်ႉ ႁွင်ႉထူပ်းၵွၼ်းဢိူင်ႇၵွၼ်းပွၵ်ႉ ၼႂ်း ၸေႈဝဵင်းၵေးသီးသေ ဢုပ်ႇဢူဝ်း ပိူဝ်ႈတႃႇၵဵပ်းၵူၼ်းသိုၵ်းမႂ်ႇ ၼႆယူႇယဝ်ႉ။ ပူၼ်ႉမႃးမိူဝ်ႈဝၼ်းထီႉ 16 လိူၼ်မၢတ်ႊၶျ်(March) ၼၼ်ႉ ယူႇတီႈ ၽူႈၵွၼ်း ၸေႈဝဵင်းၵေးသီး ဢၼ်ယူႇၾၢႆႇတႂ်ႈၶွင်ႇသီႇသိုၵ်းမၢၼ်ႈ ၵုမ်းၵမ်ၼၼ်ႉ ႁွင်ႉဢဝ်ၵွၼ်းဢိူင်ႇ...

သိုၵ်းမၢၼ်ႈ တေႇၵဵပ်းသိုၵ်းမႂ်ႇ ၼႂ်းၸေႈဝဵင်းတၢင်ႉယၢၼ်း

ၶွင်ႇသီႇသိုၵ်းမၢၼ်ႈဢွၼ်ႁူဝ် ႁွင်ႈၵၢၼ်ၾၢႆႇဢုပ်ႇပိူင်ႇ ဢၼ်ယူႇၾၢႆႇတႂ်ႈၶွင်ႇသီႇသိုၵ်းမၢၼ်ႈၵုမ်းၵမ် ၼႂ်းၸေႈ ဝဵင်းတၢင်ႉယၢၼ်းၼၼ်ႉသေ ႁွင်ႉၵူၼ်းမိူင်းႁဵတ်းပၢင်ၵုမ် ပိူဝ်ႈတႃႇၵဵပ်းသိုၵ်းမႂ်ႇ ၼႆယူႇယဝ်ႉ။ ပိူဝ်ႈတႃႇႁႂ်ႈၵူၼ်းမိူင်းၶဝ်ႈႁၢပ်ႇထၢမ်းၵၢၼ်ၼႂ်းတပ်ႉသိုၵ်း ၶွင်ႇသီႇသိုၵ်းမၢၼ်ႈၼႆလႄႈ မိူဝ်ႈဝၼ်းထီႉ 14/03/2024 ၶၢဝ်းယၢမ်းၵၢင်ၼႂ် 09:00 မူင်း တေႃႇထိုင်ၶၢဝ်းယၢမ်း...

စစ်ကောင်စီမှ နမ္မတူမြို့နယ်ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ထားသည့်နောက် စစ်ရဟတ်ယဉ်ဖြင့် မြို့ပေါ် လှည့်ပတ်ပျံသန်း

(နမ္မတူ)စစ်ကောင်စီဘက်မှ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကျင့်သုံးရန်သတ်မှတ် ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ် မတော် SSPP/SSA ရဲ့ အုပ်ချုပ်ရေး မြို့နယ်အမှတ်(၁၈) ဖြစ်သည့် နမ္မတူမြို့‌ပေါ် ကို...