လဲချားမြို့နယ် အတွင်း လဲချား-ပန်လုံလမ်းမကြီး၏ တောင်ဘက်အရပ်ရှိ SSPP/SSA ယာယီစခန်း ၁၀ ခုကို ဆုတ်ပေးဖို့ စစ်ကောင်စီဘက်က ဇွန် ၉ ရက်နေ့မှာတစ်ကြိမ် ဇွန် ၁၁ ရက်နေ့မှာတစ်ကြိမ် သတိပေးအ ကြောင်းကြားထား ပေမယ့် SSPP/SSA ဘက်က နုတ်ထွက်ပေးခြင်းမရှိသည့်အတွက် စစ်ကောင်စီဘက်က ထိုဒေသအတွင်း စစ်အင်အားရာနဲ့ချီ ဖြည့်ထားပြီး ယခုအချိန်တွင် နှစ်ဖက်စစ်ရေးတင်းမာနေသည့်အခြေ အနေ ရှိနေတာဖြစ်ပါတယ်။
၎င်းဒေသအတွင်း တာဝန်ယူလုပ်ရှားထားသည့် SSPP/SSA အရာရှိတစ်ဦးက- “ဟုတ်တယ် ကျွန်တော်တို့ကို လဲချား-ပင်လုံ မိုင်းနောင် လမ်းရဲ့ တောင်ဘက်ကနေ တပ်ဆုတ်ပေးဖို့ စစ်ကောင်စီဘက်က နှစ်ကြိမ်သတိပေးခဲ့ပါတယ်။ကျွန်တော်တို့ဘက်ကလဲ ဘယ်လိုမှ နုတ်ထွက်ပေးလို့မရဘူးဆိုလို့ အခုစစ်ကောင်စီဘက်က အင်အား ၃၀၀ လောက် ကျွန်တော်တို့ရှိတဲ့ဘက်ကို လာကပ်ထားတယ် ။ သူတို့ဘက်က စပစ်ရင်တော့ ခံစစ်အနေနဲ့ ကျွန်တော် တို့ဘက်ကလဲ အသင့်ပြင်ထားပြီးဖြစ်ပါတယ်။
နုတ်ထွက်ပေးဖို့တော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး” လို့ဆိုပါတယ်။စစ်ကောင်စီဘက်က တပ်ဆုတ်ခိုင်းသည့် လဲချားမြို့ရဲ့ တောင်ဘက်အရပ်ရှိ SSPP/SSA ရဲ့ယာယီတပ်စခန်း ၁၀ခုဟာ ခိုလမ် တိုင်းစစ်ဌာနရဲ့ လုံခြုံရေးအတွက် အဓိကကျတဲ့နေရာတွေ ဖြစ်သလို SSPP/SSA ဌာန ချုပ်ရဲ့လုံခြုံရေးအတွက်လဲ အဓိကကျတဲ့ နေရာတွေဖြစ်ပါတယ်။
SSPP/SSA စစ်ကြောင်းများ ရောက်ရှိနေတဲ့ ရှမ်းတောင်ဘက်နေရာတွေ မှာ SSPP/SSA ဌာနချုပ်ရှိရာ လမ်းကြောင်းကို စစ်ကောင်စီက အလွယ်တကူ အင်အားဖြည့်တင်းနိုင်သော ပင်မလမ်းကြောင်းတစ်ခုဖြစ်ပြီး ဒါကြောင့် ဒီလမ်းပိုင်းဟာလည်း SSPP/SSA ဌာနချုပ်ရဲ့ လုံခြုံရေးအတွက် အဓိက ထိန်းချုပ်ရမယ့် နေရာတွေလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ နှစ်ကုန်ပိုင်းတုန်းကလည်း မိုင်းရှူး ၊ မိုင်းနောင်မြို့နယ်ထဲရှိ SSPP/SSA တပ်စခန်းတွေကို ကားလမ်းရဲ့ မြောက်ဘက်ထိ တပ်ဆုတ်ပေးဖို့ စစ်ကောင်စီမှ သတိပေးတောင်းဆိုကာ SSPP/SSA က တပ်မဆုတ်ပေးနိုင်လို့ စစ်ကောင်စီဘက်က လူအင်အား ၅၀၀၀ ကျော်နဲ့ SSPP/SSA တပ်ရှိရာ မိုင်းရှူးမြို့နယ် တာဆမ်ပူး၊ ဟိုက်ပါ၊ ဝမ်လွေ၊ မိုင်းအတ်၊ ဝမ်ဆော့ ကနေ မိုင်းနောင်မြို့နယ် မြို့ဟောင်းအထိ ၃ လနီးပါးလောက် စစ်မျက်နှာ ဖွင့် တိုက်ခိုက်ခဲ့ဖူးပါတယ်။

၂၀၁၅ တုန်းက တိုက်ပွဲမှာ စစ်ကောင်စီက တောင်ကြီး -လဲချား – မိုင်းနောင်ဘက်ကလမ်းကြောင်းတစ်ကြောင်း၊ နမ့်စန် – ခိုလမ် ဘက်ကတစ်ကြောင်း နှင့် ကာလိ – ကွန်ဟိန်းဘက်ကနေ ခိုလမ်ဘက်လမ်းကြောင်းတစ်ကြောင်းဖြင့် SSPP/SSA ဌာနချုပ်ရဲ့ လုံခြုံရေးတပ်တွေကို ထိုးစစ်ဆင်ခဲ့ဖူးတယ်။ အခုဟာ SSPP/SSA ရဲ့ဌာနချုပ်ကို ခြိမ်းခြောက်နိုင်တဲ့ စစ်ကောင်စီရဲ့ ပင်မစစ်အင်အားဖြည့် လမ်းကြောင်း ၃ ကြောင်းကို SSPP/SSA က ထိန်းချုပ်ထားလိုက်တာ ဖြစ်ပါတယ်။#shanstateprogressparty
#shanstatearmy #ssppinfo
#လဲချား
#စစ်တင်းမှာနေ