News

News

Saturday
December, 14

စစ်ကောင်စီဘက်မှ လက်နက်ကြီးတပ်ဆင်မှုကြောင့် SSPP/SSA ဘက်မှ စစ်ဘက်ဆိုင်ရာပြင်ဆင်မှုမျာ

းပင်လုံ၊ လဲချား၊ မိုင်းနောင်တောင်ပိုင်းတွင်ရှိသော SSPP/SSA စစ်ကြောင်းများအား ဆုတ်ခွာရန် စစ်ကောင်စီဘက်မှ တောင်းဆိုခဲ့သော်လည်း SSPP/SSA ဘက်မှ စစ်ကြောင်းပြန်မဆုတ်ပေးနိုင်ဟု ပြန်လည်တုံ့ပြန်ခဲ့သောကြောင့် စစ်ကောင်စီဘက်မှ လက်နက်ကြီးပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

2015 ခုနှစ်မှာ စစ်ကောင်စီဘက်မှ SSPP/SSA ဌာနချုပ်၏လုံခြုံရေးတပ်များဖြစ်သော တာဆမ်ပူး၊ ဟိုင်းပါ၊ ဝမ်လွေ၊ မိုင်းအက်၊ ဝမ်ဆော့၊ မွေတော်ဝိန်းကောင်မှ မိုင်းနောင်များအား ထိုးစစ်ဆင်ခဲ့ဖူးသော ရှမ်းပြည်နယ် အလယ်ပိုင်းတိုင်သို့ စစ်အင်အားဖြည့်တင်းကြောင်းစစ်မျက်နှာဖွင့်ဖူးခဲ့တယ်။

ယခုချိန်တွင် SSPP/SSA အနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ လမ်းမကြီးသုံးခုကိုထိန်းချုပ်နေရာချထား နေနိုင်ပြီး စစ်ကောင်စီ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အရှေ့ဘက်နှင့် အနောက်ဘက်များအထိ စစ်ကြောင်းများ ဖြန့်ကျက်ထားနိုင်ခဲ့ပြီဖြစ်သည်။

“ကျွန်တော်တို့ အခုလို ဒီတောင်ပိုင်းကိုရောက်နေခြင်းက စစ်ကောင်စီအနေနဲ့လည်း သူတို့စစ်တိုင်းဌာနချုပ်ရဲ့လုံခြုံရေးကို စိုးရိမ်နေရတာတစ်ကြောင်း ဒါကြောင့် ကျွန်တော်တို့ကို ဆုတ်ခိုင်းခြင်းဖြစ်ပါတယ် ဒါပေမယ့် ကျွန်တော်တို့အနေနဲ့လည်း ဘယ်လိုနည်းနဲ့မှ ပြန်ဆုတ်ပေးလို့ရမှာမဟုတ်တဲ့အတွက် တကယ်လို့ သူတို့ဘက်ကစစ်ရေးဆင်လာမယ်ဆိုရင်လည်း ကျွန်တော်တို့ဘက်က စစ်ရေးနဲ့ဘဲ ပြန်လည်တုံ့ပြန်သွားဖို့ရှိပါတယ်” လို့ SSPP/SSA ဘက်မှ စစ်မြေပြင်ရောက် အရာရှိတစ်ဉီးက ပြောပါတယ်။

စစ်ကောင်စီဘက်မှ လဲချားမြို့တောင်ဘက်ရှိ လွိုင်နမ့်တွန်တောင် အနီးနှင့် ပင်လုံ-လဲချား အကြားရှိ လွိုင်ခေတောင်ခြေတွင် 81mm လက်နက်ကြီးတပ်ဆင်ထားပြီး လဲချားမြို့နယ် နားမင်းအုပ်စု ကောင်းဆန်းအနီးရှိ SSPP/SSA စစ်ကြောင်းများအားမျက်နှာမူထားပြီးလူအင်အား 300 ခန့်နှင့် ချည်းကပ်လာသောကြောင့် SSPP/SSA ဘက်မှလည်း စစ်ရေးအရ အသာစီးရနိုင်မည့်နေရာများတွင် ကြိုတင်ပြင်ဆင်မှုများလုပ်နေကြောင်းကိုလည်းသိရသည်။

“ယခုလို ကျွန်တော်တို့ကို ပြန်လည်ဆုတ်ခွာခိုင်းနေတာက စစ်ရေးလှည့်ကွက်ဖြစ်ပြီး အမှန်တော့ ဒီနေရာမှာနေရာယူခဲ့ဖူးတဲ့အဖွဲ့က ပြန်လာနေချင်တာပါ စစ်အင်အားခြင်းလည်းမယှဉ်နိုင်၊ လက်နက်အင်အားလည်း မလုံလောက်တော့ အခုလို ခြုံခိုမိုင်းထောင်တာတွေကလွဲပြီးသူတို့လည်း ဘာမှမလုပ်တတ်တော့ဘူး အခုဒီနားမှာ သူတို့ထားတဲ့စစ်ကြောင်းက အမှန်ဆို ဘာမှမကျန်တော့ဘူး ထွက်ပြေးတဲ့ တပ်သားတွေလည်းများ၊ သူတို့ပြောတာတော့ အထက်ကလိမ်ပြီးလာခိုင်းတာလို့ ပြောကြတာဘဲ လာခိုင်းတုန်းကတော့ ဒီမှာအင်အားတောင့်သလိုနဲ့ တကယ်တမ်းရောက်လာတော့ လူအင်အားနည်းတော့ ကြောက်ပြီးထွက်ပြေးကြတာပေါ့ ကျွန်တော်တို့ဆီ လာရောက်ခိုလှုံတဲ့သူလည်း ရှိပါတယ်၊ သူတို့ဘက်က ကွန်မန်ဒို အယောက်60 လွှတ်လာတယ် လာခိုင်းတုန်းက စစ်အကူ၆၀၀ မြေပြင်မှာ အဆင်သင့်ရှိထားပြီဆိုပြီး သူတို့ကိုတော့ အရင်ခြုံခိုမိုင်းထောင်ခိုင်းတယ် သူတို့လည်းပြန်မထွက်နိုင်တာနဲ့ လာရောက်ပူးပေါင်းထားတာ ကျွန်တော်တို့ဆီမှာ အများကြီးရှိပါတယ်” လို့ဆက်ပြောသည်။

ယခုလို စစ်ကောင်စီဘက်မှ စစ်ကြောင်းဆုတ်ခွာခိုင်းတာနဲ့ ပက်သက်ပြီး SSPP/SSA ဘက်မှ လုံးဝပြန်မဆုတ်ပေးနိုင်ကြောင်း စစ်ကောင်စီဘက်မှ စစ်ရေးဆင်လာမည်ဆိုပါက SSPP/SSA အနေနှင့်လည်း ပြန်လည်စစ်ရေးဆင်မည်ဖြစ်ကြောင်းသိရပါသည်။

#shanstateprogressparty

#shanstatearmy

#စစ်တင်းမှာမှု

#လဲချား

Find us on

Latest articles

- Advertisement - spot_img

Related articles

မိုင်းကိုင်မြို့နယ်က SSPP/SSA တပ်စခန်းကို RCSS ဝင်ရောက်တိုက်ခိုက် ၊ ဒေသခံပြည်သူနဲ့ တပ်သားတစ်ချို့ကို ဖမ်းဆီး...

ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့နယ်က ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းငယ်နှစ်ခု နှင့် ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူ နေအိမ်တစ်လုံးကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့ အင်အား ၁၀၀...

ၼႂ်းဝၼ်းလဵဝ်သိုၵ်း RCSS ဝႅတ်ႉယိုဝ်းတပ်ႉပၵ်းသဝ်း လႄႈ ႁၢင်ႈမၢၵ်ႇသႂ်ႇ SSPP/SSA (3) ဢွင်ႈတီႈ

သိုၵ်း RCSS ဝႅတ်ႉယိုဝ်း ၽူႈမီးပုၼ်ႈၽွၼ်းၽၢႆႇတပ်ႉ ၽၢႆႇ ဢုပ်ႉပိူင်ႇ ပႃႇတီႇမႂ်ႇသုင်ၸိုင်ႈတႆး တပ်ႉသိုၵ်းၸိုင်ႈတႆး SSPP/SSA (3) ဢွင်ႈတီႈ ၼႂ်းၸေႈဝဵင်း မိူင်းၵိုင် ႁဵတ်း ႁႂ်ႈ ၵူၼ်းမိူင်း...

တပ်ႉသိုၵ်းၵဝ်ႈၵၢင်ႉ ယိုဝ်းမၢၵ်ႇလူင် တိူဝ်ႉၸပ်းႁိူၼ်း လႄႈ ၵူၼ်းမိူင်းမၢတ်ႇၸဵပ်း

တပ်ႉသိုၵ်းၵဝ်ႈၵၢင်ႉ ယိုဝ်းမၢၵ်ႇလူင် ၶဝ်ႈၼႂ်းဝဵင်းၼမ်ႉလၼ်ႈသေ ႁဵတ်းႁႂ်ႈတုမ်ႉတိူဝ်ႉၺႃး ႁိူၼ်းၵူၼ်းမိူင်း လႄႈ မႄႈပႃးၵေႃႉၼိုင်ႈ လႆႈတိူဝ်ႉၺႃးၸၢၵ်ႇမၢၵ်ႇ။ ဝၼ်းထီႉ 23-လိူၼ်ၼူဝ်ႊဝုၼ်ႊပိူဝ်ႊ-2024 ဝၢႆးဝၼ်း 1:00 မူင်း တပ်ႉသိုၵ်းၵဝ်ႈၵၢင်ႉ ယိုဝ်းမၢၵ်ႇလူင်ၶဝ်ႈ ၼႂ်းဝဵင်းၼမ်ႉလၼ်ႈ 3 လုၵ်ႈ...

ႁိူဝ်းမိၼ် သိုၵ်းမၢၼ်ႈ မိၼ်လဵပ်ႈၼိူဝ်ဝဵင်းၼမ်ႉတူႈ ၵူၼ်းမိူင်း ဢွၼ်ၵၼ်တူၵ်းၸႂ်ၵူဝ်

ႁိူဝ်မိၼ် ၶွင်ႇသီႇသိုၵ်းမၢၼ်ႈ မိၼ်လဵပ်ႈၼိူဝ်ဝဵင်းၼမ်ႉတူႈ လႄႈ ၵူၼ်းမိူင်းဝဵင်းၼမ်ႉတူႈ ဢွၼ်ၵၼ်တူၵ်း ၸႂ် ၵူဝ်ႁိူဝ်းမိၼ်ပွႆႇမၢၵ်ႇ ၼႆယူႇယဝ်ႉ။ မိူဝ်ႈလိူၼ် ၼူဝ်ႊဝိုၼ်ႊပိူဝ်ႊ 20 ဝၼ်း ၶၢဝ်းယၢမ်း ၵၢင်ဝၼ်း 13:58 မူင်းၼၼ်ႉ ႁိူဝ်းမိၼ်...

သိုၵ်းၵဝ်ၵၢင်ႉ ယိုဝ်းမၢၵ်ႇလူင် ၶဝ်ႈၼႂ်းဝဵင်းၼမ်ႉလၼ်ႈ တူၵ်းတိူဝ်ႉၺႃး ႁိူၼ်းၵူၼ်းမိူင်း လႄႈ တိူဝ်ႉၺႃးလုၵ်ႈဢွၼ်ႇ မၢတ်ႈၸဵပ်း

SSPPInfo05/11/2024 သိုၵ်းၵဝ်ႈၵၢင်ႉ ယိုဝ်းမၢၵ်ႇလူင် ၶဝ်ႈၼႂ်းဝဵင်းၼမ်ႉလၼ်ႈ ႁဵတ်းႁႂ်ႈတူၵ်းတိူဝ်ႉၺႃး ႁိူၼ်းၵူၼ်းမိူင်းလူႉၵွႆ လႄႈ တိူဝ်ႉၺႃး လုၵ်ႈဢွၼ်ႇ မၢတ်ႇၸဵပ်း (2) ၵေႃႉ ၼႂ်းဝဵင်းၼမ်ႉလၼ်ႈ ၸိုင်ႈတႆးပွတ်းႁွင်ႇ ၼႆႉယူႇယဝ်ႉ။ မိူဝ်ႈၼႆႉ ဝၼ်းထီႉ 5 ဝၼ်း...

ရှမ်းမြောက် မိုင်းရယ်မြို့ကို SSPP/SSA မှ စစ်အင်အား ထောင်နှင့်ချီ ဝင်ရောက် တပ်စွဲ

ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ် အတွင်း ဒေသတည် ငြိမ်ရေးနှင့် ပြည်သူ့လုံခြုံရေး အတွက် ရည်ရွယ်ပြီး SSPP/SSA မှ စစ်အင်အား ၁၀၀၀ ကျော်သည် ယမန်နေ့ ဇူလိုင်လ ၁၂ ရက်နေ့...